ဗာတီကန် သတင်းဌါနမှ တင်ပြ သော ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်း ရေကြီးခြင်းသတင်း

မြန်မာနိုင်ငံမြောက်ဘက်ပိုင်း ရေကြီးခြင်းသဘာဝဘေးအန္တရာယ်ကြောင့် မြန်မာနိုင်ငံ၏လူသားချင်း စာ နာမှုထောက်ထားရေးဆိုင်ရာ အရေးပေါ်အကူအညီများ ထပ်တိုးလိုအပ်လာနေ ကြောင်း ရဟန်းမင်းကြီး ရုံးတော် ဗာတီကန်သတင်းဌာနကတင်ပြထားပါတယ်။

အထူးသဖြင့်စစ်ကိုင်းတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင် တစ်ပတ်ခန့်မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ခြင်းသည် စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေသူ အရပ်သား ပြည်သူများအတွက် ပိုမိုဒုက္ခရောက်စရာတစ်ခုဖြစ်ခဲ့ရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် မတ်လ၂၈ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ် ကြောင့် လူအမြောက်များ သေဆုံးခြင်း၊ အိုးအိမ်အဆောက်အဦးများပျက်စီးခြင်း၊ ထောင်ပေါင်းများစွာသောလူများ အိုးမဲ့အိမ်မဲ့ ဖြစ်ရခြင်းများနှင့်ကြုံတွေ့ခဲ့ရပြီးဖြစ်ပါသည်။ နိုင်ငံတကာလူမှုကူညီရေးအဖွဲ့အစည်းများမှ မြန်မာနိုင်ငံ တွင်ဒုက္ခခံစားနေရသော အများပြည်သူလူထုများအား ဝိုင်းဝန်းကူညီပေးကြရန်ကိုလည်း တောင်းဆိုပေး ထားပါသည်။။

rvamyanmar
rvamyanmar
Articles: 3878

Leave a Reply

Your email address will not be published. Required fields are marked *