မိသားစုသည်လူ့လောက အနာဂတ်၏မူလအစဖြစ်သည်ဟု ရဟန်းမင်းကြီးမိန့်ကြား။

ဇွန်လ ၁ ရက်‌ ၂၀၂၅ တနင်္ဂနွေနေ့ စိန့်ပီတာရင်ပြင်တွင် မိသားစုများ၊ကလေးသူငယ်များ၊ ဘိုးဘွားများနှင့် သက်ကြီးရွယ်အိုများကို ရည်ရွယ်ဂုဏ်ပြုပြီးဟောကြားသော ဂျူဘီလီပွဲနေ့ အပိတ်မစ္ဆားတရားကို ပါဝင်ကြရန်စုရုံးရောက်ရှိနေကြပါသည်။

မစ္ဆားတရားတော်မြတ်ကို ပုပ်ရဟန်းမင်းကြီလီယိုမှ ဦးဆောင်ဟောကြားခဲ့ပြီး၊ သူ၏သြဝါဒတွင် မိသားစုသည် ပေါင်းသင်းဆက်ဆံရေးနှင့်ယုံကြည်ခြင်း၏အရင်းမြစ်ဟု ထောက်ရှု့ဟောကြားခဲ့ပါသည်။ သခင်ခရစ်တော်က နောက်ဆုံးညစာစားပွဲမှာ ကျွန်တော်တို့ဆန္ဒရှိတဲ့ အကောင်းဆုံးသော အရာကိုဆုတောင်းပေးခဲ့တယ်၊ အဲ့ဒီအရာက “သင်တို့အားလုံးတစ်လုံးတစ်ဝတည်းဖြစ်ပါစေ။” ပထမဦးစွာအနေနဲ့ ဒါသည်သခင်ခရစ်တော်ယူဆောင်လာတဲ့ပထမဦးဆုံးကျေးဇူးတော်ဖြစ်တယ်။

ဘုရားရှင်ရဲ့ချစ်ခြင်းမေတ္တာသည် အဆုံးစမဲ့တဲ့ချစ်ခြင်းမေတ္တာဖြစ်တယ်။ ဖခမည်းတော်ဘုရားသည် သူရဲ့ သားတော်ယေဇူးခရစ်တော်ကိုချစ်သကဲ့သို့ တူညီသောချစ်ခြင်းမေတ္တာနှင့်ကျွန်တော်တို့အားလုံးကို ချစ် တော်မူတယ်။

ကျွန်တော်တို့လူသားတိုင်းသည် မမွေးခင်ကတည်းက တစ်ဦးကိုတစ်ဦးအမှီအခိုနဲ့နေခဲ့ကြရတယ်။ ဒီကနေ့ ကျွန်တော်တို့အားလုံးအသက်ရှင်နေကြရတယ်၊ အဲဒါကတော့ကျွန်တော်တို့တစ်ဦးနှင့်တစ်ဦး လူ သားချင်း စာနာမှုနှင့်အပြန်လှန်ဂရုစိုက်ခြင်းတွကနေ ဆက်နွယ်နေလို့ပဲဖြစ်တယ်။ သို့သော်လည်း တစ်ခါတရံ ကျွန်ုပ်တို့ရဲ့အကြင်နာမေတ္တာတရားတွေသည် သစ္စာဖောက်ခံရပါတယ်။ သခင်ခရစ်တော်သူ့ မေတ္တာအပြည့်အဝပေးပြီးချစ်ခဲ့သာ်လည်း သစ္စာဖောက်ခံခဲ့ရတယ်။ သူ့ရဲ့အသက်ကိုရန်ရှာတဲ့ မကောင်းမှုဖြစ် နေပေမယ့်လည်း၊ သူကျွန်တော်တို့အတွက်ဆုတောင်းခြင်းကိုမရပ်တန်ခဲ့ပါဘူး။ သူ့ရဲ့ဆုတောင်းခြင်းက ညီအစ်ကိုမောင်နှမမေတ္တာ၊ ဘိုးဘွားမေတ္တာ၊ မိသားစုတွေတစ်ဦးနဲ့တစ်ဦး ထားရ မယ့်မေတ္တာတရားကို အဓိပ္ပါယ်ပြည့်ဝစွာဖော်ဆောင်ပေးခဲ့ပါတယ်။

ကျွန်ုပ်တို့ပညာရှာဖူးတဲ့နေရာ၊ အလုပ်လုပ်တဲ့နေရာ၊နေထိုင်တဲ့နေရာမှာ၊ ဒီနေရာတွေနဲ့မိသားစုတွေဟာ၊ တစ်လုံးတစ်ဝတည်းရှိနေရမယ်။ ဘယ်နေရာမှာပဲရှိရှိစည်းလုံးရမယ်ဆိုတာကိုဆိုလိုခြင်းဖြစ်တယ်။ဒီနေရာမှာရှင်းလင်းစွာနားလည်စေချင်တာက တစ်လုံးတစ်ဝတည်းဖြစ်ခြင်းဆိုတာက အားလုံးတစ်ပုံစံတည်းဖြစ်ရမယ်လို့ဆိုလိုခြင်းမဟုတ်ပါ။ ကျွန်တော်တို့သည်တစ်ဦးနဲ့တစ်ဦးမတူညီကြပါဘူး။ သို့သော်လည်း ဒီမတူညီခြင်းတွေကြားထဲက ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်၊ ဘယ်လိုဘဝမျိုးမှာပဲဖြစ်ဖြစ် တူညီတဲ့စည်းလုံးမှုတစ်ခုကိုဖန်တီးရယူဖို့ပါပဲ။

ပဠိပက္ခတွေ၊ သဘောထားကွဲလွဲမှုတွေ ပြည့်နက်နေတဲ့ဒီကမ္ဘာလောကကြီးထဲမှာ သခင်ခရစ်တော်၌ ချစ်ခြင်းမေတ္တာကိုသာ အလေးထားကြမယ်ဆိုလျှင်၊ ကျွန်ုပ်တို့သည် လူတိုင်းအတွက်အဖွဲ့အစည်းအတွက်နှင့်ကမ္ဘာကြီးအတွက် ငြိမ်းချမ်းခြင်းရဲ့အမှတ်လက္ခဏာတွေဖြစ်လာမယ်။ အဲဒီမေတ္တာထားခြင်း ကို မိသားစုနေထိုင်ရာအိမ်ကနေစတင်ရမှာဖြစ်တယ် ဘာဖြစ်လို့လဲဆိုတော့၊ မိသားစုသည်လူ့လောက အနာဂတ်၏အစမူလ ဖြစ်နေလို့ပါပဲ။

ဆက်လက်ပြီးရဟန်းမင်းကြီးလီယိုက အိမ်ထောင်ရေးပဠိညာဉ်ကို လေးစားတန်ဖိုးထားဖို့ သာသနာတော်ကသတိပေးထားကြာင်း ဘာဖြစ်လို့လဲဆိုတော့ အိမ်ထောင်ရေးကိုတန်ဖိုးထားရင် မိသားစုကိုတန်ဖိုးထားရင် ဒီကမ္ဘာကြီးကိုပြောင်းလဲနိုင်တဲ့ ပေါင်းစည်းရေးနှင့်ပြန်လည်သင့်မြတ်ရေး ပါဝါဖြစ်နေလို့ပါပဲ။ အိမ်ထောင်ရေးသည်စံနမူနာတစ်ခုသက်သက်မဟုတ်ပါဘူး ဒီအရာဟာ သစ္စာရှိမှုနဲ့ကြီးပွားတိုးတက်မှု၊ ပြည့်ဝသောမေတ္တာတရား၊ ယောက်ျားနဲ့မိန်းမကြားမှာရှိတဲ့ စစ်မှန်သောမေတ္တာတရားရဲ့အတိမ်အနက်ကို၊ ဖော်ပြနေသောအရာဖြစ်တယ်။ မိဘတွေထားတဲ့မေတ္တာတရားသည် ကလေးတွေရဲ့ဘဝမှာ မည်သို့မည်ပုံ နေထိုင်ရမယ်ဆိုတဲ့ စံနမူနာဖြစ်ရမယ်။

ဘုရားကျောင်းတက်ရောက်လာတဲ့ ကလေးသူငယ်များဘက်သို့လှည့်ပြီး ရဟန်းမင်းကြီးလီယိုက သင်တို့ရဲ့မိဘတွေကို ရိုသေလေးစားကြပါ၊ သင်တို့ကိုအသက်ပေးခဲ့တဲ့မိဘတွေကိုကျေးဇူးတင်ပါ။ ဆက်လက်ပြီးအဖိုးအဖွားများဘက်သို့လှည့်ပြီး အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အတွေ့အကြုံတွေ ပညာစိတ် နှိမ့်ချခြင်း သည်းခံခြင်းစိတ်တွေသည် အတူတကွတိုးပွားလာတယ်။ ဆက်လက်ပြီး ရဟန်းမင်းကြီးလီယိုက မိသားစုအတွင်းမှာ အစားအစာ‌ဝေမျှပေးသလို၊ မေတ္တာဝေမျှပေးသလို မိသားစုသည် ယုံကြည်ခြင်းကို မျိုးဆက်တစ်ခုကနေတစ်ခုသို့ လက်ဆင့်ကမ်းပေးရာနေရာဖြစ်တယ်၊ ဒါကြောင့် စစ်မှန်တဲ့မိသားစုသည် သခင်ခရစ်တော်ကိုတွေ့ဆုံရာနေရာဖြစ်တယ်။

ဘာသာပြန်- Fr. Peter Kyi Maung(RVA-Myanmar)

Website: rvamyanmar.org

News- Vatican News

#rvamyanmar#VaticanNews#PopeMessage#Archdioceseofmandalay

rvamyanmar
rvamyanmar
Articles: 2818

Leave a Reply

Your email address will not be published. Required fields are marked *