
ဖာသာရ် peter ကြည်မောင် (မန္တလေး) သာမန်ကာလ (၂၉) ကြိမ်မြောက် စနေနေ့ သြဝါဒ ၂၂၊ ၁၀၊ ၂၀၂၂
ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာခဲ့ရတဲ့ ရှင်လုကား ဧဝံဂေလိ နှုတ်ကပါတ်တော်မှာပီလာတူးမင်းသတ်ခဲ့လိုသေ
ခဲ့ရတဲ့ ဂါလီလီယာနယ်သားတွေအကြောင်း၊ စီလောင်မ်ရဲးတိုက်ပျိုကြလို့ သေခဲ့ရတဲ့ ဂါလီလီယာနယ်သားတွေ
အကြောင်း၊ ကိုအခြေခံပြီး နောင်တမရသူတွေ ထိုသူတို့ကဲ့သို့ပျင်စီးရမည့်အကြောင်း၊ အသီးမသီးလို့ခုတ်လှူဲ
ခိုင်းခံရတဲ့ဥပမာအကြောင်းကိုဟောကြားခဲ့တယ်။ အသီးမသီးတဲ့အပင်ဥပမာမှာ မျိုးစေ့ကနေ ကြီးထွားချိန်
အသီးသီးချိန်တန် သည်ထိ လိုအပ်တဲ့အရာတွေအားလုံးကိုထောက်ပံ့ပေးပြီး အချိန်စောင့်ပေးခဲ့တယ်။
ဒါပေမယ့်လည်းအသီးမသီးခဲ့ဘူး။ ဘုရားသခင်ကကျွန်တော်တို့ကိုလွတ်လတ်ခွင့်ပေးထားတယ်။ ကျနော်တို့ရွေး
ချယ်တဲ့အတိုင်းရှင်သန်ကြီးထွားခွင့်ပေးထားတယ်။ ဒါပေမယ့်လည်းသူဟာကျွန်တော်တို့ရဲ့ဖန်ဆင်းရှင် အသက်
ပိုင်ရှင် ဖြစ်တဲ့အတွက်။ ကျနော်တို့ဆီကကောင်းမွန်တဲ့အသီးအပွင့်တွေကိုလိုလားတယ်။ ဒီကနေ့အသီးမသီးတဲ့
အပင် ပုံဥပမာရဲ့ဆိုလိုခြင်းက၊ ဘုရားရှင်ရဲ့စိတ်ရှည်သည်းခံခြင်း၊ လူတွေရဲ့လွယ်လွယ်နောင်တမရ တတ်ချင်း
ကိုပြနေတယ်။ နောက်ဆုံးသော စီရင်ဆုံးဖြတ်တော်မူသောကာလမှ သိုးနဲ့ဆိတ်တွေကိူ ခွဲးခြားထားသလို
ကောင်းကင်နိုင်ငံအတွက် ထိုက်တန်သူ၊ လောကမှာ မေတ္တာတရား၊ ကိုယ်ချင်းစာတရား၊ လူသားခြင်းစာနာမူ့
တရာ၊း ကူညီပေးကမ်းခြင်းတရား အသီးအပွင်တွေ သီးပွင့်ခဲ့သူတွေဘုရားကျေးဇူးတော်တွေကို မိမိတကိုယ်
တည်းအတွက်အသုံးချခဲ့သူ၊ အချိန်ဖြုန်းခဲ့သူ၊ အပြစ်ကိုအပြစ်မှန်မသိ နောင်တမရနိုင်သူတွေ စီရင်ခံရမယ်
ဆိုတာသတိပေးနေတယ်။ သို့သော်လည်း ပုံဥပမာအဆုံးပိုင်လေးမှာ ဥယျာဉ်မူးက သူပြုပြင်ကြည့်ပါအုံးမယ်
အချိန် တနှစ်ထပ်ပေးပါ။ ဒီတနှစ်အတွင်းအသီးမသီးရင်တော့ခုတ်လှဲးပြစ်ပါဆိုပြီး ဒုတယအချိန်အခွင်အရေး
ပေးပေးဖို့ တောင်းဆိုပေးခဲ့တယ်။ အသက်းတော်က သင်အတွက်ကြားဝင်ကူညီပေးနေတယ်၊ သင့်အခြေ
အနေကိုသုံးသတ်ကြည့်ပါ၊ နောင်တမရ အသီးမသီးတဲ့အပင်လား၊ သို့မဟုတ် ဒုတိယ အကြိမ်အခွင်အရေးပေး
ထားခံရသူဆိုရင် သင်အတွက် အရေးတကြီးနောင်တရဖိုလိုအနပြီဆိုတာ သတိရပါ။ ဓမ္မမိတ်ဆွေအပေါင်း
ကိုယ် စိတ်နှစ်ဖျာ ကျမ်းမာ ချမ်းသာကြပါစေ။

