ချစ်ခြင်းမေတ္တာသည် ကျမ်းစာ၏ ဗဟိုချက်မဖြစ်သည်။

အားလုံးပဲမင်္ဂလာပါပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏မင်္ဂလာသတင်းစကားတွေကို‌ဝေမျှပေးဖို့တစ်ဖန်အလည့်ကြလာပြီဖြစ်လို့ဒီတစ်ပတ်မှာတော့ချစ်ခြင်းမေတ္တာသည်ကျမ်းစာ၏ဗဟိုချက်မဖြစ်သည်ဆိုသည့်ပါးပါးဖရန်စစ်မိန့်ကြားခဲ့သည့်မင်္ဂလာသတင်းစကားလေးကိုဝေမျှပေးခြင်ပါတယ်။

ဓမ္မမိတ်ဆွေများရှင်ဒီခေါင်းစဥ်လေးနဲ့ပါးပါးဖရန်စစ်ကစင်ကာပူနိုင်ငံကဘာသာတူတွေနဲ့မစ္ဆားတရားဟောကြားတဲ့နေရာမှာတရားပေးမိန့်ကြားခဲ့တာဖြစ်ပါတယ်။ဒီလိုဟောကြားတဲ့နေရာမှာခေါင်းစဥ်ငယ်လေးလေးခုဖြင့်ဟောကြားခဲ့တာဖြစ်ပါတယ်။ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ကစင်ကာပူနိုင်ငံ၏အလှကကြီးမားပြီးပေါ်လွင်လှတဲ့ဗိသုကာလက်ရာဖြစ်တဲ့အ‌ကြောင်းဆိုပါတယ်။ ဒီလက်ရာဟာနိုင်ငံကိုလွန်စွာလူသိများကျော်ကြားစေတဲ့ အကြောင်းအံသြမင်သက်သွားစေတယ်လို့ ၂၀၂၄ခုနစ်စက်တင်ဘာလ၁၂ရက်ကြာသာပတေးနေ့ စင်ကပူနိုင်ငံ မှာရှိတဲ့ ကသလစ်ဘာသာတူတွေနဲ့အတူမစ္ဆားတရားပူစဇာ်တဲ့ အချိန်ဩဝါဒမှာအစပြုခဲ့တာဖြစ်ပါတယ်။ ပုပ် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က၎င်း၏ဩဝါဒကိုစိန့်ပေါလ် ရဲ့ကောရိန်တုဩဝါဒစာဆောင်ကနေ ပြီးတော့ ကိုးကားပြီးဝေမျှခဲ့တာဖြစ်ပါတယ်။

ပထမခေါင်းစဥ်ငယ်လေးနဲ့ပါးပါးမြွတ်ကြားတာကတော့ချစ်ခြင်းသည်ကြီးမားသောစွမ်းဆောင်နိုင်ခြင်း၏အုတ်မြစ်ဖြစ်သည်ဟုဆိုသောခေါင်းစဥ်လေးပဲဖြစ်ပါသည်။ဓမ္မမိတ်ဆွေများရှင်ပါးပါးကလူသားများကြီးမားတဲ့အောင်မြင်မှုကိုစွမ်းဆောင်နိုင်ရခြင်းကတော့ငွေကြေး၊ဒါန၊ခေတ်မီနည်းပညာအစွမ်းတွေမဟုတ်ပါဘူးအဓိကကတော့ချစ်ခြင်းသာဖြစ်ပါတယ်လို့ဆိုပါတယ်။ ယခုလိုဆိုလိုက်ခြင်းကဆင်ခြင်မဲ့လွန်းတယ်လို့မှတ်ချက်ပေးကောင်းပေးမှာပါ အနည်းငယ်အချိန်ပေးဆင်ခြင်လိုက်တာနဲ့ကြီးမားတဲ့စွမ်းဆောင်ချက်များကအမှန်တကယ်ဆန်းပြားးတာကိုလွန်စွာဆုံးရှုံးလွယ်တဲ့အမျိုးသားအမျိုးသမီးများစွာတို့ရဲ့ဆုပေါင်းစပ်ပေါင်းညာဏ်တွေနဲ့ဖန်တီးထားပေမယ့်လည်းဒီလိုဆောင်ရွက်ဖို့ချစ်ခြင်းက၎င်းတို့ကိုလှုံ့ဆော်ပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ဤလှုံ့ဆော်မမှုမပါပဲ ချစ်ခြင်း လည်းမရှိ ၊တွန်းအားလည်းမရှိ၊ တည်ဆောက်ဖို့အင်အားလည်းရှိမှာမဟုတ်ဘူးလို့ပါးပါးက ပထမအဆင့်အနေနဲ့ ဝေမျှတရားပေးခဲ့တာဖြစ်ပါတယ်။

ဒုတိယခေါင်းစဥ်ငယ်လေးကတော့ဘုရားသခင်သည်ကျွန်ုပ်တို့၌ရှိသောချစ်ခြင်း၏အုတ်မြစ်ဖြစ်သည်ဟူသောခေါင်းစဥ်လေးပဲဖြစ်ပါတယ်။ ဘုရားသခင်ဟာကျွန်ုပ်တို့မှာရှိတဲ့ချစ်ခြင်း၏အုတ်မြစ်ဖြစ်တယ်လို့ခံယူနိုင်ခြင်းဟာ ယုံ ကြည်ခြင်းနဲ့အတည်ပြုပြီးအလင်းတရားပေးမှသာရတာဖြစ်ပါတယ်။ ကျွန်ုပ်တို့၏ဖခင်ဖြစ်တဲ့ ဘုရားသခင်ဟာ ကျွန်နုပ်တိူ့၏ စွမ်းဆောင်မူ့တိုင်း၏ဇစ်မြစ်ဖြစ်ပြီးတော့ဒီဇစ်မြစ်ဟာကျွန်ုပ်တို့ကို ချစ်ဖို့ချစ်ခြင်းခံရဖို့တွက် ဖြစ်တယ်လို့ပါးပါးကမိန့်ကြားခဲ့ပါတယ်။ဘုရားသခင်ကျွန်ုပ်တို့တစ်ဦးစီကိုချစ်ခြင်းမှာလွတ်လပ်စွာဖန်ဆင်းခဲ့တဲ့ဘုရားသခင်ရဲ့ချစ်ခြင်းဟာကျွန်ုပ်တို့ကိုအပစ်ကနေလွတ်မြှောက်‌စေတယ်။ ဒီချစ်ခြင်းကတော့သူ၏တစ်ပါးတည်းသောသားတော်ကိုအသေခံစေပြီးနှောက်ရှင်ပြန်ထ‌မြှောက်စေခြင်းကနေဖြစ်တည်လာကြောင်းဆိုပါတယ်။ပုပ်ရဟန်းမင်းကြီးဖရန်စစ်က St.John Paul the Second ရဲ့အဆိုအမိန့်ကို ကိုး ကား ပြီးတော့ကျွန်ုပ်တို့၏ချစ်ခြင်းမှာဘုရားသခင်၏ချစ်ခြင်းရောင်ပြန်တာကိုမြင်တွေ့ရတယ်။ ဒီချစ်ခြင်း လက္ခဏာ က တော့လူသားတိုင်းကိုလေးနက်စွာအလေးထားခြင်းဖြစ်ပါတယ်။ လေးနက်စွာအလေးထားတယ်လို့ဆိုရာမှာလူမျိုး ၊ယုံကြည်မှုကျွန်ုပ်တို့နှင့်ဘယ်လိုပင်ကွဲပြားနေစေကာမူခွဲခြားမူလုံးဝမပြုပဲတန်းတူညီတူရှိမူကိုဆိုလိုတာဖြစ်ပါလို့ဆိုရင်းဒုတိယအနေနဲ့တရားပေးခဲ့တာဖြစ်ပါတယ်။

တတိယခေါင်းစဥ်လေးကတော့ဘုရားသခင်၏ချစ်ခြင်းကိုအခြားသူများအားဝေမျှပါဟူသောခေါင်းစဥ်လေးပဲဖြစ်ပါတယ်။ဘုရားသခင်၏ချစ်ခြင်းကိုအခြားသူများအားဝေမျှပါဆိုတဲ့တိုက်တွန်းချက်ဟာကျွန်ုပ်တို့တွက်အလွန်အရေးကြီးတဲ့စကားဖြစ်ပါတယ်။လူသားတွေရဲ့စွမ်းဆောင်ချက်တွေအပေါ်ကျွန်ုပ်တို့အံ့ဩမင်သက်နေတဲ့အဆင့်ထက်ကျော်လွန်ပြီးတော့ဒီစွမ်းဆောင်ချက်တွေထက်အံ့ဩမင်သက်စရာ‌၊ပွေ့ပိုက်စရာ၊လေးစားစရာတွေရှိသေးတဲ့၊အကြောင်းဒီအရာတွေကတော့တစ်ခြားမဟုတ်ပါဘူးကျွန်ုပ်တို့နေ့စဥ်ကြုံတွေ့နေရတဲ့ညီအစ်ကိုမောင်နှစ်မတွေဖြစ်တဲ့အကြောင်းဘုရားသခင်ရဲ့ချစ်ခြင်းဟာကျွန်ုပ်တို့ကိုအခြားသူတွေနဲ့မျှဝေဖို့ချို့တဲ့နွမ်းပါးသူတွေရဲ့လိုအပ်ချက်ကို၊ဒုက္ခဝေသနာခံစားနေရသူတွေကို အားပေးနှစ်သိမ့်ဖို့အစဥ်ခွင့်လွတ်တတ်ပြီးအစဥ်မျှော်လင့်သူဖြစ်ဖို့ ဖိတ်ခေါ် နေတဲ့အကြောင်းဆိုပါတယ် ချစ်ခြင်းကဧဝံဂေလိတရားရဲ့ဗဟိုချက်မဖြစ်တယ်လို့ St. John Paul The Second ရဲ့အဆိုအမိန့်ကိုကိုးကားပြီးတော့ပါးပါးကမိန့်ကြားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးခေါင်းစဥ်ငယ်လေးတစ်ခုကတော့ရဟန္တာတို့ရဲ့ပုံသက်သေကောင်းဆိုတဲ့ခေါင်းစဥ်လေးပဲဖြစ်ပါတယ်။ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ၎င်း၏မစ္ဆားတရားအတွင်းဟောကြားတဲ့နိဂုံးအပိုင်းမှာတော့ရဟန္တာနစ်ပါး၏ကျင့်စဥ်ကိုပုံအတုယူဖို့အားပေးတိုက်တွန်းခဲ့တာဖြစ်ပါတယ်။ဒါတွေကတော့အမိမယ်တော်မာရိယားနဲ့ စိန့်ဖရန်စစ်ဗေးရီးယားတို့ဖြစ်ပြီးတော့၎င်းတို့ကအထက်ကဆိုခဲ့တဲ့မိမိတို့ရဲ့ညီအစ်ကိုကို ချစ်ခြင်းကို အလွန်ရိုး ရှင်းစွာကျင့်ကြံရှင်သန်ပြသခဲ့တဲ့အကြောင်း၊ဒီနေ့စက်တင်ဘာလ ၁၂ရက် နေ့အမိမယ်တော်၏နာမတော်မှာ ဘုရား သခင်၏ချစ်ခြင်းကိုလွန်စွာလှပပြီးအပြည့်စုံဆုံးနည်းလမ်းနဲ့ဖော်ပြခဲ့တာကိုမြင်တွေ့ရကြောင်း၊ဤဖော်ပြချက်ကအလွန်နူးညံသိမ်မွေ့ပြီးကျွန်ုပ်တို့ဘယ်လိုအခြေနေမှာပဲဖြစ်ပါစေစွန့်ပစ်မသွားတဲ့ မိခင်ကိုပေးထားခြင်း ဖြစ် ကြောင်း ၊စိန်ဖရန်စစ်ဗေးရီးယားကတော့ သူ့ရဲ့သာသနာပြုခရီးစဥ်မှာစင်ကာပူကိုမကြာခဏ ဖြတ်သန်းသွား လေ့ရှိခဲ့ကြောင်း၊သူဟာပညာတတ်ကြီးဖြစ်ပေမဲ့လည်းချစ်ခြင်းပါတဲ့အတတ်အသိပညာကိုဦးစားပေးခဲ့သူဖြစ်ကြောင်း၊ဒါ့ကြောင့်၎င်းတို့၏အသက်တာကိုပုံအတုယူလိုက်ကျင့်ကြဖို့ စိန်ဖရန်စစ်ဗေးရီးယားရဲ့”Lord here I  am what do you want me to do?” အိုသခင်အကျွန်ုပ်ဤနေရာ၌ရှိပါသည် အကျွန်ုပ်အား မည်သည့် အမူ ကို ပြု စေ လိုသနည်းဆိုတဲ့ မိန့်ဆိုခဲ့တဲ့ စကားလိုပဲ၎င်းတို့ဟာအကျွန်ုပ်တို့ကို ဒီနေ့များသာမဟုတ်ချစ်ဖို့ဖိတ်ခေါ် ခဲ့ရတဲ့အခြေ နေတိုင်းဒီချစ်ခြင်းကိုသစ်လွင်စွာနဲ့အဆုံးအစမဲ့တဲ့ဘုရားသခင်ထံကနေယနေ့ကျွန်ုပ်တို့ထံကိုရောက်ရှိလာတယ်ဆိုတာကိုနာခံပြီးတော့ရှင်သန်နိုင်ဖို့အစဥ်အဖော်ပြုကူညီပေးမှာဖြစ်တဲ့အကြာင်းကိုမိန့်ကြားရင်းနဲ့ပါးပါးဖရန်စစ်က၎င်းရဲ့စင်ကာပူနိုင်ငံတမန်တော်ကြီးခရီးစဥ်မှာမိန့်ကြားခဲ့တဲ့ဩဝါဒကိုအဆုံးသတ်ခဲ့တာဖြစ်ပါတယ်ဆိုတာကိုဝေမျှတင်ဆက်ပေးရင်းနဲ့ဒီတစ်ပတ်ပါးပါးဖရန်စစ်ရဲ့မင်္ဂလာသတင်းစကားအစီစဥ်ဝေမျှခြင်းကိုဒီမှာပဲရပ်နားလိုက်ပါတယ်ဓမ္မမိတ်ဆွေအပေါင်းရောဂါဘေးကင်းဝေးလျှက်ဘေးအန္တရာယ်ကင်းရှင်းကာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဘုရားရှင်ကောင်းကြီးနေ့စဥ်တိုးလို့ခံစားကြရပါစေလို့ကျန်မစစ္စသာရ်လူစီးယားသန္တာ,အောင်ကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်။

rvamyanmar
rvamyanmar
Articles: 3903

Leave a Reply

Your email address will not be published. Required fields are marked *