အချစ်စစ်အချစ်မှန် နဲ့ ချစ်သလို ပဲဆိုတဲ့ ခံစားချက်ရှိတဲ့ အချစ်တမျိုးတို့ရဲ့ ကွာခြားချက် ခြားနားချက်။

Difference

          ဒီနေ့မှာ လူသားတိုင်းနဲ့ ကင်းကွာလို့မရတဲ့ အချစ်စစ် အချစ်မှန်ဆိုတဲ့ အချစ်တမျိုးနဲ့ ချစ်သလို ပဲဆိုတဲ့ ခံစားချက်ရှိတဲ့ အချစ်တမျိုးတို့ရဲ့ ကွာခြားချက် ခြားနားချက်ကို မျှဝေပေးသွာမှာဖြစ်ပါတယ်။     အချစ်ကို ခံစားတတ်ကြတဲ့သူတိုင်း သိမယ်လို့ထင်ပါတယ်။ အချစ်ဆိုတာ ချစ်ပုံချစ်နည်းမျိုးစုံ ရှိပါတယ်။

          တချို့အချစ်တွေက အချစ်စစ်အချစ်မှန်နဲ့ ချစ်ပေမယ့် – ကိုယ်မျှော်လင့်သလို ပြန်မရတဲ့ အချစ် မျိုးတွေရှိသလို၊ တချို့အချစ်တွေက ချစ်စိတ်ကြီးပြီး ရမက်ကြီးတဲ့အချစ်ရှိသလို၊ ဂရုဏာမေတ္တာတွေ ကြီးမားတဲ့ အချစ်တွေရှိသလို ရူးကြောင်ကြောင် အချစ်မျိုးတွေလည်း ရှိနေတာပါပဲ။ အချစ်စစ် အချစ် မှန်ကတော့ ဘယ်တော့မှ ဖွဲ့ဆိုလို့မရနိုင်တဲ့ တစ်ခုတည်းသော အချစ်မျိုးပါ။

          အဲ့ဒီအချစ်မျိုးတွေထဲကမှ ကွဲပြားခြားနားတဲ့အချစ်တွေ အလွန်ကြီးမားတဲ့အချစ်ကတော့ ချစ် သလိုခံစားရတဲ့ အချစ်မျိုး အချစ်စစ်နဲ့ ကွာခြားပါတယ်။ အဲ့ဒီအချစ်မျိုးက ပိုင်ဆိုင်လိုတဲ့ စရိုက် လက္ခဏာ အလွန်ကြီးမားတဲ့ စရိုက်လက္ခဏာရှိပြီး ဥပမာနဲ့ ပြောရရင် အဲ့ဒီလိုချစ်တဲ့သူက သူ့ဘဝ ကုန်ဆုံးတဲ့အထိ သူချစ်သူနဲ့ အတူရှိနေချင်တာ။ သူ့ဘဝထဲမှာ ရှိနေရင် အရာရာပြည့်စုံနေတယ်လို့ ခံစားရတာလို့၊ သူချစ်သလို ပြန်ချစ်ဖို့၊ သူ့စိတ်ခံစားချက်က ပြင်းထန်နေတာ သတိ ဝီရိယနဲ့ သူချစ် သလို သူ့ကိုပြန်ချစ်ဖို့ အမြဲတမ်းစောင့်ကြည့်နေတာ အချစ်စိတ်ပြင်းထန်တဲ့အတွက် မနာလိုတာ၊ အဘိဇ္စျာပွားတာတွေရှိတတ်တယ်။

 တသက်လုံး သူ့အချစ်ကို ပိုင်ဆိုင်တယ်ဆိုတာကို ရချင်တာ၊ ဘယ်လိုနည်းနဲ့ သုံးပြီး သူ့ကိုပြန်ချစ်အောင် လုပ်မလဲ၊ အမြဲတမ်း အဲ့ဒီလို စိတ်ခံစားချက်တွေ အမြဲရှိ နေတတ်တဲ့သူတွေက အချိန်ကြာလာရင် စိတ်အခြေအနေ မမှန်သလို ဖြစ်လာတတ်တယ် သူချစ်တဲ့သူ က သူ့ကို လက်မခံတော့သလို တဖက်သက်တွေးတတ်လာတယ်။ သူရဲ့ ဟန်အမူအယာတွေမှာပြလာ တတ်တယ်။ အဲ့ဒီလို အမြဲတွေးနေတဲ့အတွက် သူ့နှလုံးခုန်နှုန်းကလည်း မြန်နေတတ်တယ်။

          သူ့ချစ်သူအပေါ် အပြစ်အနာအဆာမမြင်ဘူး၊ အရာရာတိုင်းက အံ့မခန်းဖြစ်နေတတ်တယ်။ ချစ်သူကြိုက်တဲ့ ပုံစံမျိုးပြုပြင်ယူတယ်။ ချစ်သူ အလိုဆန္ဒရှိတာဟူသမျှ နားလည်သဘောပေါက်ပြီး လုပ်ဆောင်ပေးမယ်။ အဲ့ဒီလို လုပ်ဆောင်ပေးရတဲ့အတွက်လည်း ပျော်နေမယ်။ တစ်နေတာ အချိန်ရဲ့ ၈၅ % လောက် သူ့ချစ်သူကိုပဲ တွေးနေမယ်။ ပျော်ရွှင်ခံရတဲ့ အရာတွေကို ရွေးထုတ်ဖော်ထုတ်ပြီး ကျေနပ်နေတဲ့ သူရဲ့ အချစ်မျိုးပါ။

          အဲ့ဒီလို အချစ်မျိုးက လက်မထပ်သေးတဲ့သူ Single ဖြစ်နေတဲ့သူအတွက် ကောင်းတယ်။ လူတစ်ယောက်က အခုလို အချစ်တွေ လွန်ကဲနေရင် ပတ်ဝန်းကျင် မိတ်ဆွေ သူငယ်ချင်းတွေက မြင်ပြီး ဝေဖန်မှာပါပဲ။ ဒါက လွန်ကဲနေတာ။ ဒီလိုအချစ်ခံရတဲ့ သူတစ်ယောက်ရဲ့ ဘဝအတွက် သက် ရောက်မှုတွေ ဘယ်လိုရှိမလဲ၊ ဒီလိုအပြုသဘော မဆောင်တဲ့ အပြုအမူတွေကို ဘေးပတ်ဝန်းကျင် က မြင်မှာပါပဲ။ ဒီ Relationship မှာ အာရုံခံစားချက် အကန့်အသတ်က လွန်ကဲနေတယ် ဆိုးဝါးနေ တယ်။ မျက်မမြင်တစ်ယောက်လို ဖြစ်နေတယ်လို့ ပတ်ဝန်းကျင်က ဝေဖန်နေမှာပါပဲ။

          သူ့ချစ်သူက မှားနေတယ်လို့ မိတ်ဆွေ သူငယ်ချင်းတွေကပြောလည်း မယုံဘူး။ တစ်ခါတလေ မိတ်ဆွေသူငယ်ချင်းတွေကို ချစ်သူရဲ့ မှားတာ/မှန်တာ အကြောင်းအရာတွေကို ပုံကြီးချဲ့ ပြောဆိုတဲ့ အခါ သူငယ်ချင်းတွေကြားမှာ သိက္ခာကျသလိုဖြစ်သွားစေပါတယ်။ အဲ့ဒီတော့ အချစ်ခံရသူက  ဆက် ပြီး မချစ်နိုင်တော့ဘူး။ လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်တတ်လာပါတယ်။ လောကကြီးမှာ nobody perfect ပေမယ့် ဒီခံစားမှုတွေကနေ ထွက်သွားချင်လာတယ်။ နောက်ပြီး ‘‘ငါဘယ်တုန်းကမှ သူ့ကိုချစ် ခဲ့တာ မဟုတ်ဖူး နောက်ကြောင်းပြန်တွေးပြီ၊ ဒီလိုအချစ်ခံရတာ တရားမျှတရဲ့လား ကြီးမားတဲ့ အချစ် ဖြစ် ပေမဲ့ ဒါက တဖတ်သက် အချစ်လား ချစ်သလိုပဲလို့ ပြန်တွေးနေပါတယ်။

          အဲ့ဒီလို အချစ်မျိုးက နောက်ဆုံးမှာ အဆုံးသတ်သွားတာများပါတယ်။ တဖက်သတ် အချစ် စိတ် အလွန်ကြီးမားပြီး အားသာတဲ့အတွက် အနိုင်ရသလိုဖြစ်သွားတယ်။ အချစ်ခံရတဲ့သူက ပြန်ပြီး ချစ်ချင်ပေမယ့် အပြုသဘောမဆောင်တဲ့ အချစ်ဆိုတာကို နားလည်သဘောပေါက်သွားပြီး နှစ် ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ပျက်စီးသွားစေပါတယ်။

          အဲ့ဒီလိုအချစ်မျိုးက (၃)လ ကနေ (၄)နှစ်အောက်အထိတော့ ကြာရှည်တတ်တယ်လို့ သုတေ သန ပညာရှင်တွေက ဆိုထားပါတယ်။ ဘဝခရီးကို အဲ့ဒီလိုအချစ်မျိုးနဲ့ ရည်ရှည်တည်ဆောက်လို့ မရနိုင်ပါဘူး။ အဲ့ဒီလို အချစ်မျိုးနဲ့ ချစ်ခံရတဲ့သူတိုင်း ဘဝခရီးဆုံးတဲ့အထိ rest of life မှာ ဘယ်လို အတူခရီးဆက်မလဲလို့ တွေးကြမှာ အမှန်ပါပဲ။

          ဒီလိုအချစ်မျိုးနဲ့ အချစ်ခံကြရတဲ့ သူတိုင်း အဲ့ဒီလိုအချစ်မျိုး ရွေးချယ်မှာလား?

          ဒီလိုအချစ်မျိုးတွေကို ရေးဖွဲ့တဲ့ စာရေးသူက အခုလိုရင်ဖွင့်ထားပါတယ်။

          သူ့ဇနီးကို သူဒီလို အချစ်တွေနဲ့ ချစ်ခဲ့တဲ့အတွက် ကွာရှင်းပြတ်စဲသွားခဲ့တယ်။ သားသမီး တွေနဲ့ လည်း ပြတ်သွားတယ် relationship က ပြီးဆုံးကုန်ဆုံးသွားပြီလားလို့ သူတွေးခဲ့တယ်။

          နောက်ပိုင်းမှာ သူပြန်စဉ်းစားတယ်တဲ့ ငါ့ရဲ့ ဒီလိုအချစ်မျိုးကို ငါ့ဇနီး၊ ငါ့သမီးက လက်မခံဘူး ပဲ ဒီတော့ ငါပြင်ရတော့မယ်။ ပြင်ပြီးရင်  ဇနီးနဲ့ သားသမီးတွေနဲ့ ပြန်လက်ထပ် ပေါင်းသင်းမယ်လို့ ဆုံးဖြတ်ခဲ့တယ်လို့ စာရေးသူက ရင်ဖွင့်ထားပါတယ်။

          အခုနားဆင်နေတဲ့ ညီအစ်ကိုမောင်နှမတွေကော? ဘယ်လိုတွေးမိသလဲ။

          လင်မယား ပြတ်စဲသွားတယ်ဆိုတဲ့ ခေါင်းစဉ်က အတော်တန်ဖိုးရှိတဲ့အကြောင်းအရာတစ်ခုပါ။ ဒီလိုအချစ်မျိုးနဲ့ ဇနီး၊ သားသမီးတို့ကို ချစ်ခဲ့ရင် တသက်လုံး အထီးကျန်နေမှာပါပဲ။

          တွေးမိပါတယ်။ မချစ်တာလည်း မဟုတ်ဘူး၊ ချစ်ဖို့ချစ်နည်း လွဲနေတာမို့ပါ။ အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ် တွေလို့ ထင်မိပါတယ်။

          ဒါကြောင့် ဒီလိုအချစ်မျိုးနဲ့ အချစ်ခရီးက ရည်ရှည်မတည်တံ့နိုင်ပါဘူးဆိုတာ တင်ပြရင်း ရပ်နားခွင်ပြုပါ။

The difference between the kind of love that is true love that cannot be separated from every human being and the kind of love that feels like love

rvamyanmar
rvamyanmar
Articles: 715

Leave a Reply

Your email address will not be published. Required fields are marked *