ကျေးဇူးတော်၊ ယုံကြည်ခြင်း နှင့် တရားမျှတခြင်း၊ အကြောင်း ပုပ်ရဟန်မင်းကြီး လီယို ၁၄ မြွက်ကြား။

ကျေးဇူးတော်၊ ယုံကြည်ခြင်း နှင့် တရားမျှတခြင်း၊ အကြောင်း ပုပ်ရဟန်မင်းကြီး လီယို ၁၄ မြွက်ကြား။

အင်္ဂါနဲ့နေ့လယ်ပိုင်းက ပုပ်ရဟန်းမင်းကြီးလီယို ၁၄ သည် ရောမမြို့အပြင်ဘက်ရှိ သူတော်စင်များ၏ ရုပ်ကလပ်များထိန်းသိမ်းထားရာ စိန့်ပေါလ် ဘာစီးလီကာ ကျောင်းတော်ကြီးသို့သွားရောက်ခဲ့ပါသည်။

တစ်ကိုယ်တည်း ဆုတောင်းအပြီးတွင်၊ ရောက်ရှိနေသောသူများ နှင့် ဆုတောင်းခြင်း အမှုကိုဦးဆောင်ခဲ့ ပါသည်။

သူ၏ရဟန်းမင်းကြီးဘဝခေါ်တော်မူခြင်းအတွက် အလင်းပေးသောအချက်သုံးချက် ဖြစ်သည့်တရားမျှ တခြင်း၊ ယုံကြည်ခြင်းနှင့် ကျေးဇူးတော်တို့အကြောင်း ရေးသားထားသော စိန့်ပေါလ်၏ ရောမမြို့သား တို့ထံပေးသောစာကို ဖတ်ရှုဟောကြားခဲ့ပါသည်။

ကျေးဇူးတော်သို့မဟုတ်ဘုရားရှင်၏အကူအညီ။

စိန့်ပေါလ်၏ ရောမမြို့သားတို့ထံပေးသောစာထဲမှာ စိန့်ပေါလ်ဘဝ သခင်ခရစ်တော်နဲ့ တွေ့ကြုံခဲ့ရတဲ့ အကြောင်း သည်  သခင်ခရစ်တော်ကသူ့ရဲ့ဘဝထဲကို အစချီဝင်ရောက်လာခြင်းဖြစ်တယ်။၊ သူ့ဘဝဘုရား နှင့်ဝေးကွာနေစဉ်၊ ဘုရားရဲ့ချစ်ခြင်းမေတ္တာတော်က သူ့ကိုဘဝအသစ်သို့ ခေါ်ဆောင်ခဲ့ခြင်းဖြစ်တယ် ဟု ရဟန်းမင်းကြီးလီယိုကထောက်ပြခဲ့ပြီး၊ အလားတူစိန့်‌ ပေါလ်ကဲ့ သို့သော ဘုရားရှင်၏ချစ်ခြင်းမေတ္တာကို ပထမဦးစွာခံစားရသည့် ရဟန္တာကြီးစိန့်သြဂတ်စတင်းကလည်း “ငါတို့အရင်ရွေးချယ်ခြင်းမခံရလျှင်၊ ငါတို့ဘယ်ကဲ့သို့ရွေးချယ်နိုင်မှာလဲ။ တစ်စုံတစ်ယောက်ကငါတို့ကိုအရင်မချစ်ခဲ့လျှင် ငါတို့သည်မချစ်နိုင်။ ဟု ရဟန်းမင်းကြီးလီယိုက ရဟန္တာကြီးနှစ်ဦးအကြောင်းကိုယှဉ်ပြပြီး ခေါ်တော်မူခြင်းတိုင်း၏ ရေ သောက်မြစ်ဖြစ်သော ဘုရားရှင်၏အကူညီသာမရလျှင် ငါတို့သည်ကောင်းသောဘဝကိုအသက်မရှင်နိုင် ဟုမြွက်ကြာခဲ့ပါသည်။

ယုံကြည်ခြင်း။

ရဟန်းမင်းကြီးလီယိုက စိန့်ပေါလ်၏ ခေါ်တော်မူခြင်းအသက်တာ၌ သူ၏ယုံကြည်ခြင်းကိုရှင်းပြရာတွင်

စိန့်ပေါလ် ဒမတ်စကတ်မြို့သွားရာလမ်းမှာ သခင်ခရစ်တော်နဲ့တွေ့ခဲ့စဉ်မှာ သခင်ခရစ်တော်က သူ့ရဲ့ လွတ်လပ်ခွင့်ကို မဖယ်ရှားဘဲ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့ အခွင့်အလမ်းကိုသာပေးခဲ့တယ်။

ကယ်တင်ခြင်းသည်မျက်လှည့်သဖွယ် ကျနော်တို့ဘဝထဲကိုလွယ်လွယ်ကူကူရောက်မလာဘူး၊ သို့သော် ဘုရားရှင်၏ကြီးမားသောချစ်ခြင်းမေတ္တာ၊ ကျနော်တို့၏ယုံကြည်ခြင်းနှင့် လွတ်လပ်စွာလက်ခံခြင်း စသည့် ယုံကြည်ခြင်းနဲ့ကျေးဇူးတော်သည် နက်နဲစွာအပြန်အလှန်ဆက်နွယ်ပြီး၊ ကျနော်တို့ရဲ့ဘဝထဲကို ရောက်ရှိလာခြင်းဖြစ်တယ်။

တရားမျှတခြင်း၊(တိကျမှန်ကန်သောဆုံဖြတ်ခြင်း)

စိန့်ပေါလ်၏ခေါ်တော်မူခြင်းအသက်တာတွင် တရားမျှတခြင်းသို့မဟုတ်ဖြူစင်ခြင်းတိုးပွားခြင်းလမ်းစဉ်  နှင့်စပ်လျင်းပြီး ရဟန်းမင်းကြီးလီယိုက သူသည်သခင်ခရစ်တော်နှင့် တွေ့ဆုံပြီးနောက်ပိုင်း ခရစ်ယာန် တွေကိုဖမ်းဆီးသတ်ဖြတ်ခြင်းမလုပ်တော့ဘဲ ၊ ခရစ်ယာန်တွေနဲ့အတူတကွ လုပ်ဆောင်သော ခရစ်တော် နောက်လိုက်တစ်ယောက်ဖြစ်လာတယ်။ သူ့ဘဝအသက်တာတစ်ခုလုံးနှင့်၊ သူ၏အသက်သတ်ဖြတ်ခံ ရသည့်အထိ တစ်ပါးသူကိုပေးဆပ်ခဲ့သော စိန့်ပေါလ်၏ချစ်ခြင်းမေတ္တာကို ပြိုင်ဆိုင်ကျင့်ကြံကြဖို့ တရားနာပရိသတ်များကိုတိုက်တွန်းခဲ့ပါသည်။

ချစ်ခြင်းမေတ္တာသည်၊ သာသနာလုပ်ငန်းအားလုံး၏ အခြေခံအုတ်မြစ်ဘုရားရှင်ကငါတို့ကိုချစ်တယ် ဒီအရာကငါတို့ဘဝအားလုံးကိုအဓိပ္ပါယ်ပြည့်ဝစေသာ ကြီးမားသည့်အမှန်တရားဖြစ်တယ်ဟု ရဟန်းမင်း ကြီးဘက်နဒက် ၁၆ ပြောကဲ့သို့စကားကိုအခြေခံပြီးဘုရားရှင်၏ချစ်ခြင်းမေတ္တာသည်၊ ကျန်ုပ်အပါအဝင်၊ သာသနာလုပ်ငန်းအားလုံး၏ အခြေခံအုတ်မြစ်ဖြစ်တယ်ဟုဟောကြားခဲ့ပြီး ကိုယ်တော်ရှင် ခေါ်တော်မူ ခြင်းအပေါ်သစ္စာရှိစွာရှောက်လှမ်းနိုင်ရန် ကျွန်ုပ်ကိုကျေးဇူးတော်ပေးပါဟု တောင်းဆိုခဲ့ပြီး သူ၏သြဝါဒ ကိုအဆုံးသတ်ခဲ့ပါသည်။။

rvamyanmar
rvamyanmar
Articles: 2648

Leave a Reply

Your email address will not be published. Required fields are marked *