ခက်ခဲမှူတွေကို ကျော်လွှာနိုင်တဲ့စိတ်ဓာတ်

“အခက်အခဲတွေကို ဖြတ်ကျော်ရန် အကောင်းဆုံးနည်းလမ်းမှာ သူတို့ကို ဖျက်ဆီးပစ်ဖို့ မဟုတ်ပါဘူး၊ သူတို့ထက် ပိုမိုတောက်ပသော အလင်းဖြင့် တုံ့ပြန်ရန်ဖြစ်ပါတယ်”
(Nikola Tesla)၁၈၈၄ ခုနှစ် ဇွန်လတွင် နီကိုလာ တက်စလာဟာ အာမေးရီးကားမှာ ခြေချဖို့အတွက် နယူးယောက်ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ပါတယ်။ သူ့အိတ်ကပ်ထဲမှာ ငွေလေးမပြောပလောက်အောင်ပဲရှိ​ပေမယ့်၊ သူ့ရဲ့ဉာဏ်ပညာနှင့် တီထွင်ဖန်တီးနိုင်စွမ်းကိုသာ အားကိုးခဲ့ပြီး လာခဲ့တာပါ။
တက်စလာဟာ အဲ့တုန်းက နာမည်ကြီး တီထွင်သူ သောမတ်စ် အက်ဒီဆင်၏ “Edison Machine Works” တွင် အင်ဂျင်နီယာအဖြစ် အလုပ်ရခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ AC (Alternating Current) စနစ်နှင့်ပတ်သက်တဲ့ အဆိုပြုချက်တွေအပေါ် အက်ဒီဆင်က လုံးဝငြင်းပယ်တာ ခံခဲ့ရပါတယ်။
အက်ဒီဆင်က DC (Direct Current) စနစ်ကိုသာ အားပေးခဲ့ပြီး၊ တက်စလာ၏ AC စနစ်ကို “အန္တရာယ်ရှိသော အတွေးအခေါ်” အဖြစ် ရှုမြင်ခဲ့ပါတယ်။ တက်စလာဟာ အက်ဒီဆင်၏ DC စနစ်ကို ပြုပြင်မွမ်းမံရာမှာ အလွန်ထိရောက်သော အောင်မြင်မှုတွေ ရရှိခဲ့တယ်။
အက်ဒီဆင်က တက်စလာကို အလုပ်တစ်ခုအတွက် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ (ယနေ့ငွေဖြင့် ၁.၅ သန်းခန့်) ပေးမည်ဟု ကတိပြုခဲ့သော်လည်း၊ နောက်ပိုင်းတွင် အဲ့ငွေကို မပေးခဲ့ပါဘူး။ ဒီအချက်ကြောင့်ပဲ တက်စလာ စိတ်ထိခိုက်ခဲ့ပြီး ၁၈၈၅ ခုနှစ်တွင် ကုမ္ပဏီမှ နုတ်ထွက်ခဲ့ပါတော့တယ်။
အလုပ်ကထွက်ပြီးနောက် တက်စလာဟာ နယူးယေ
က်မြို့ရဲ့ မိုးမျှော်တိုက်များကြားမှာ အလုပ်အကိုင် ရှာဖွေရင်း လမ်းပေါ်တွင် နေထိုင်ခဲ့ရပါတယ်။ သူအနေနဲ့ လျှပ်စစ်စနစ်တွေကို ဆက်လက်တီထွင်ဖန်တီးဖို့ ရည်မှန်းချက်ကြီးမားပေမယ့်လို့ ငွေကြေးအခက်အခဲများကြောင့် စိတ်ဓာတ်ကျဆင်းမှုများ ကြုံတွေ့ခဲ့ရတယ်။
တစ်ခါတ​လေဆို စားစရာတောင် မရှိဘဲ၊ လမ်းဘေးတွင် အိပ်စက်ခဲ့ရသည့် အဖြစ်များပင် ရှိခဲ့ပါတယ်။ ဤအခက်အခဲများကြားမှပင် တက်စလာဟာ သူ့ရဲ့ AC မော်တာဒီဇိုင်းများကို စမ်းသပ်ခဲ့ပြီး၊ နောက်ပိုင်းတွင် “Tesla Electric Light Company” ကို တည်ထောင်နိုင်ခဲ့သည်။
ဤသည်မှာ သူ့ဘဝတွင် အရေးပါသော အောင်မြင်မှုများဆီသို့ ပထမဆုံးခြေလှမ်းဖြစ်ခဲ့ပြီး၊ ကမ္ဘာ့လျှပ်စစ်နည်းပညာကို ပြောင်းလဲစေမည့် ခရီးစဉ်၏ အစဖြစ်ခဲ့ပါတော့တယ်။ Nikola Tesla ၏ ဇာတ်လမ်းက ကျွန်တော်တို့ ကြားနေကျ အောင်မြင်ရေး ဇာတ်လမ်းမျိုးပဲလို့ ထင်ချင်စရာပါ၊ မဟုတ်ပါဘူး၊ အဲ့ဒီထက်ပိုပါတယ်။
သိပ်တော်တဲ့သူအတော်များများ ကြီးကြီးမားမား တိုးတက်မှု မရရခြင်းရဲ့အကြောင်းကို သူ့ဘဝကနေ သင်ယူနိုင်ပါတယ်။ အဲ့ဒါကတော့ “မိမိရဲ့အရည်အသွေးကို ယုံကြည်ပြီး လတ်တလော အဆင်မပြေမှုတွေကို ခံနိုင်ရည်ရှိတဲ့ စိတ်ဓာတ်ရှိဖို့”ပါ။
အရာရာအဆင်ပြေနေတုန်းမှာ ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်း အကဲဖြတ်နိုင်ဖို့ မလွယ်ဘူး၊ အကဲဖြတ်မိရင်လည်း မှားယွင်းနိုင်တယ်။ ဘာလို့လဲဆိုတော့ အကုန်အဆင်ပြေနေရင် ကိုယ့်ဆီကနေ အားထုတ်မှု၊ သည်းခံမှုနဲ့ မနားမနေရုန်းကန်မှု စတာတွေက ဖြစ်လာမှာမှ မဟုတ်တာ။
ဒီအရာတွေထွက်လာမှ ကိုယ်ဘယ်သူဆိုတဲ့ အစစ်အမှန်သရုပ်ဟာ အလိုလိုပေါ်လာမှာ ဖြစ်ပါတယ်။ လမ်းဘေးမှာ နေရတုန်း ခက်ခဲတဲ့ကာလတွေအတွင်း Tesla ကို ရှေ့ဆက်စေနိုင်ခဲ့တာက သူ့ရဲ့မျှော်လင့်ချက်တွေပဲ။
သူလုပ်နိုင်မယ်ဆိုတာကို ယုံကြည်တဲ့ မျှော်လင့်ချက်၊ နောက်တစ်ခုက အများအတွက် စဥ်းစားပေးတဲ့ ကိုယ်ချင်းစာတရား။ ဒီအရာ ၂ ခုက သူ့ကို စားစရာ၊ နေစရာမရှိတဲ့ ဘဝမျိုးကို ကြံ့ကြံ့ခံနိုင်စေခဲ့တာပါ။
ခက်ခဲမှုတွေကို ကျော်လွှားနိုင်တဲ့ စိတ်ဓာတ်မျိုးပိုင်ဆိုင်ဖို့ဆိုရင် ကျွန်တော်တို့ဆီမှာ အဲ့ဒီအခက်အခဲတွေကြားမှာ ရပ်တည်နိုင်စေမယ့် အကြောင်းရင်းတွေလည်းပဲ ရှိနေရလိမ့်မယ်။
ဇွဲရှိမှု၊ ဒူပေဒါပေခံနိုင်မှု၊ ကြံခိုင်မှု၊ ရင့်ကျက်မှုဆိုတာတွေ အားလုံးဟာ

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *