
အာဒဝင်တူးကာလ ပထမတနင်္ဂနွေနေ့။

အာဒဝင်တူး ပန်းခွေကို မီးထွန်းညှိကြသော သားသမီးများကို ကောင်းကြီးပေးတော်မူပါ၊
ဤမီးအလင်းသည် ခရစ်တော်သခင်၏ ထွန်းလင်းတောက်ပသော ဘုန်းအာနုဘော်တော်ကို ဖော်ပြပါစေ။
ကျွန်ုပ်တို့၏ စိတ်နှလုံးသားများသည် ကယ်တင်ရှင်ကို လက်ခံကြိုဆိုရန်နှင့် ကယ်တင်ရှင် ယူဆောင်လာသည့် ကောင်းကြီးမင်္ဂလာ ကျေးဇူးတော်အမျိုးမျိုးကို အပြည့်အဝ ခံယူနိုင်ရန် ပြင်ဆင်ပေးတော်မူပါ။
အိုဘုရားသခင် ကိုယ်တော်၏သာသနာတော်သည် အပြစ်အမှောင်ကိုဖယ်ရှား၍ လူတို့၏စိတ်နှလုံးများကို ထွန်းလင်းစေကာ ကယ်တင်ရှင်ကို ဝမ်းမြောက်ဝမ်းသာစွာ စောင့်မျှော်လျက် ရှိနေကြပါသည်။



