ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က အာဂျင်တီးနားခေါင်းဆောင်များအား နိုင်ငံရေးအကျိုးအမြတ်ထက် အများပြည်သူအကျိုးကို ဦးစားပေးရန် တိုက်တွန်း။

ဗျူနိုအေးရိစ်မြို့ရှိ Palacio Libertad ၌ အာဂျင်တီးနားမြေပေါ်တွင် ပြောကြားခဲ့သည့် ပထမဆုံးသော သြဇာညောင်းသည့် မိန့်ခွန်းတွင် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က အများပြည်သူဆိုင်ရာ အာဏာစက်ကို လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် အမှန်တကယ် အကျိုးပြုဝန်ဆောင်မှုအဖြစ် ကျင့်သုံးကြရန် နိုင်ငံ၏ ခေါင်းဆောင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် သံတမန်အဖွဲ့အစည်းများအား တောင်းဆိုလိုက်သည်။

ဥရုဂွေးနိုင်ငံခရီးစဉ်အပြီး ပီရူးနိုင်ငံမသွားရောက်မီ ၎င်း၏ သာသနာပြုခရီးစဉ် ဒုတိယခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး၊ ပုပ်ရဟန်းမင်းကြီးသည် ညီညွတ်ရေး၊ ဖြောင့်မတ်တည်ကြည်မှုနှင့် စီးပွား ရေးဆိုင်ရာ တရားမျှတမှုတို့ကို ဗဟိုပြုသည့် ကျယ်ပြန့်သော သတင်းစကားကို ပါးလိုက်သည်။

ပုပ်ရဟန်းမင်းကြီး၏ မိန့်ခွန်းမှ အဓိကအချက်များမှာ အောက်ပါအတိုင်းဖြစ်သည် –

ဝန်ဆောင်မှုအဖြစ် အာဏာကို ကျင့်သုံးခြင်း – စစ်မှန်သော အာဏာသည် လက်ငင်းနိုင်ငံ ရေးအမြတ် ထွက်မှုကို ကျော်လွန်၍ ကြည့်မြင်သည်။ ပြောဆိုဆွေးနွေးမှု၊ စိတ်ရှည်လက်ရှည် သဘောတူညီ ချက်ရှာ ဖွေမှုနှင့် နိုင်ငံရေးသဘောထားကွဲလွဲသူများကို တူညီသော အနာဂတ်ကို မျှဝေခံစားနေသည့် နိုင်ငံသား များအဖြစ် လေးစားမှုတို့မှတစ်ဆင့် ဒီမိုကရေစီကို ခိုင်မာစေကြောင်း ပုပ်ရဟန်းမင်းကြီး လီယိုက အလေးအနက်ပြောကြားခဲ့သည်။

အားလုံးအတွက် စီးပွားရေးတိုးတက်မှု – ပုဂ္ဂလိက ဦးဆောင်ကြိုးပမ်းမှုများကို မြှင့်တင်ပေးပြီး နစ်နာ သူများ၊ အလုပ်လက်မဲ့များ၊ သက်ကြီးရွယ်အိုများနှင့် ဝမ်းစာရေးအတွက် ရုန်းကန်နေရသည့် မိသားစု များကို တိုက်ရိုက်ကူညီထောက်ပံ့ပေးသည့် စီးပွားရေးမူဝါဒများကို ပုပ်ရဟန်းမင်းကြီးက တောင်း ဆိုခဲ့ သည်။

လူငယ်များအတွက် ရင်းနှီးမြှုပ်နှံခြင်း – ပညာတတ်များ ပြည်ပသို့ ထွက်ခွာနေကြသည့်ကိစ္စနှင့် ပတ်သက် ၍ နိုင်ငံတော်အား စိန်ခေါ်လိုက်ပြီး၊ လူငယ်အများအပြား အဘယ်ကြောင့် မိခင်နိုင်ငံမှ ထွက်ခွာရန် ဖိအား ပေးခံနေရသနည်းဟု ပုပ်ရဟန်းမင်းကြီး လီယိုက မေးခွန်းထုတ်ခဲ့သည်။ ခေါင်းဆောင်များအနေဖြင့် ပညာရေးကို မြှင့်တင်ရန်နှင့် ယနေ့အများပြည်သူဆိုင်ရာ ကိစ္စရပ်များတွင် လူငယ်များအား စစ်မှန်သော အသံပေး၍ ယုံကြည်မှုထားရှိရန် ၎င်းက တိုက်တွန်းခဲ့သည်။

အဂတိလိုက်စားမှုနှင့် ပြစ်မှုများကို တိုက်ဖျက်ခြင်း – အဖွဲ့အစည်းဆိုင်ရာ ယုံကြည်ကိုးစားမှုသည် ဖြောင့် မတ်တည်ကြည်မှုပေါ်တွင် မူတည်ကြောင်း ထောက်ပြလျက် အဂတိလိုက်စားမှုသည် ပြည်သူ့ယုံကြည် မှုကို ပျက်စီးစေကြောင်း သတိပေးခဲ့သည်။ ထို့အပြင် စနစ်တကျကျူးလွန်သော ပြစ်မှုများ၊ လူကုန် ကူးမှု နှင့် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုများကို တိုက်ဖျက်ရန် တောင်အမေရိကဒေသတွင်း ပူးပေါင်းဆောင်ရွက် ကြရန်လည်း တောင်းဆိုခဲ့သည်။

ဇီဝအသက်နှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ခြင်း – ပုပ်ရဟန်းမင်းကြီးသည် လူသား၏အသက်ကို ပဋိသန္ဓေတည်ချိန်မှစ၍ သဘာဝအတိုင်း သေဆုံးသည်အထိ ကာကွယ်ရန်၊ မသန်စွမ်းသူများကို ကူညီ အားပေးရန်နှင့် အာဂျင်တီးနား၏ ကြွယ်ဝသော သဘာဝသယံဇာတများကို နောင်လာနောက် သားများ အတွက် ရေရှည်တည်တံ့အောင် စီမံခန့်ခွဲရန် တာဝန်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး လီယိုက ခေါင်းဆောင်များအား အမျိုးသားညီညွတ်ရေး ကတိကဝတ်ကို ထိန်းသိမ်း ကြရန် တိုက်တွန်းလျက် နိဂုံးချုပ်ခဲ့သည် – “သင်တို့နောက်တွင် ကျန်ရစ်မည်သူများသည် ၎င်း၏ သမိုင်း ကြောင်း၊ ပိုင်ဆိုင်ထားသော စွမ်းရည်များနှင့် ထိုက်တန်သည့် ညီညွတ်သော မိခင်နိုင်ငံတော်ကို ဆက်ခံရ ရှိပါစေ။”

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

Fr. Peter Kyi Maung

Credit to Vatican News

https://www.vaticannews.va/…/pope-leo-xiv-argentina…

rvamyanmar
rvamyanmar
Articles: 4364

Leave a Reply

Your email address will not be published. Required fields are marked *