အခွင့်အရေးဆိုတာ

လူတိုင်းဆီကို တစ်ပုံစံတည်း ရောက်မလာဘူး။
တချို့လူတွေဆီမှာ အခွင့်အရေးဆိုတာ …
တံခါးတစ်ချပ်လို ရောက်လာတတ်တယ်။
တွန်းဖွင့်လိုက်ရုံနဲ့ လမ်းတစ်လမ်းပွင့်သွားတယ်။
တချို့လူတွေဆီမှာတော့…
နံရံတစ်ချပ်လို ရောက်လာတတ်တယ်။
တက်ရမယ်၊ ဖောက်ရမယ်၊ ကျော်ရမယ်။
လူတစ်ယောက် အောင်မြင်လာတာကိုပဲကြည့်ပြီး
“သူက ကြိုးစားလို့ အခွင့်အရေးဆိုတာ …
” လို့ အလွယ်တကူ မဆုံးဖြတ်သင့်သလို
တစ်ယောက် မအောင်မြင်သေးတာကိုလည်း
“သူက မကြိုးစားလို့” လို့ အလွယ်တကူ မပြောသင့်ဘူး။
လူတိုင်းက မတူညီတဲ့နေရာကနေ စတင်ခဲ့ကြတာပါ။
တချို့က လမ်းကောင်းပေါ်ကနေ စတင်ခဲ့ကြတယ်။
တချို့က လမ်းမရှိတဲ့နေရာကနေ
လမ်းဖောက်ပြီး လျှောက်ခဲ့ကြတယ်။
တချို့က လက်တစ်စုံနဲ့ စောင့်ပေးမယ့်သူရှိတယ်။
တချို့ကတော့ လဲကျတဲ့အခါ …
ကိုယ့်ကိုယ်ကိုယ် ပြန်ထူပြီး ဆက်လျှောက်ရတယ်။
ကံကြမ္မာကလည်း လူတိုင်းကို တူညီတဲ့မေးခွန်း မမေးဘူး။
တစ်ယောက်ကို
“မင်း ဘယ်လောက်အောင်မြင်နိုင်လဲ” လို့ မေးရင်
တစ်ယောက်ကိုတော့ “အခက်အခဲတွေကြားမှာ
မင်း ဘယ်လောက်ခံနိုင်ရည်ရှိလဲ” လို့ မေးတတ်တယ်။
တစ်ယောက်အတွက် စမ်းသပ်မှုက
ငွေကြေးဖြစ်နိုင်တယ်။
တစ်ယောက်အတွက် အထီးကျန်ခြင်း ဖြစ်နိုင်တယ်။
တစ်ယောက်အတွက် ဆုံးရှုံးမှုဖြစ်နိုင်တယ်။
တစ်ယောက်အတွက်တော့ …
မိမိကိုယ်ကိုယ် မယုံကြည်နိုင်ခြင်း ဖြစ်နိုင်တယ်။
မေးခွန်းမတူတာဟာ …
ဘဝတန်ဖိုးမတူတာ မဟုတ်ဘူး။
တစ်ချို့လူတွေက
နံရံတွေကြားကနေ လမ်းရှာလာခဲ့ကြတယ်။
အဲ့ဒီလူတွေရဲ့ ခြေလှမ်းတွေက နှေးကောင်းနှေးနိုင်တယ်။
ဒါပေမယ့် သူတို့ရဲ့ ခြေလှမ်းတိုင်းမှာ …
သူများမမြင်နိုင်တဲ့ ရုန်းကန်မှုတွေ ရှိနေတတ်တယ်။
ဒါကြောင့် …
ကိုယ့်ဘဝကို သူများဘဝနဲ့ မနှိုင်းယှဉ်ပါနဲ့။
ဘဝမှာ အရေးကြီးတာက …
ဘယ်သူ့ဆီကို ဘယ်လောက်ကောင်းတဲ့အခွင့်အရေး
ရောက်လာသလဲဆိုတာထက်
ကိုယ့်ဆီရောက်လာတဲ့ အခွင့်အရေးကို
ကိုယ်ဘယ်လိုအသုံးချခဲ့သလဲ ဆိုတာပဲ ။

rvamyanmar
rvamyanmar
Articles: 4350

Leave a Reply

Your email address will not be published. Required fields are marked *