“ဧဝံဂေလိတရား ဟောကြားပြန့်ပွားခြင်းသည် အမြဲတမ်း ချစ်ခြင်းမေတ္တာ၏ လုပ်ဆောင်မှုတစ်ခုဖြစ်သည်”

ကမ္ဘာ့သာသနာပြုတနင်္ဂနွေနေ့အတွက် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ သဝဏ်လွှာ – အကျဥ်းချုပ်

၁၀၀ ကြိမ်မြောက် ကမ္ဘာ့သာသနာပြုတနင်္ဂနွေနေ့ (၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်) အထိမ်းအမှတ် ဗီဒီယိုသဝဏ်လွှာတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က “ခရစ်တော်၌ တစ်လုံးတစ်ဝတည်းရှိကာ သာ သနာ ပြုလုပ်ငန်း၌ စည်းလုံးကြစို့” ဆိုသည့် ဆောင်ပုဒ်အပေါ် မူတည်၍ ကမ္ဘာတစ်ဝှမ်းရှိ သက်ဝင်ယုံကြည် သူများ အား ၎င်း၏ နက်ရှိုင်းသော ကျေးဇူးတင်ရှိမှုကို ဖော်ပြခဲ့သည်။

ရဟန်းမင်းကြီးသည် ကိုယ်ပိုင်အတွေ့အကြုံကို မျှဝေရာတွင် သက်ဝင်ယုံကြည်သူများ၏ ဆုတောင်းပေး မှု များနှင့် ရက်ရောမှုတို့သည် ပီရူးနိုင်ငံ၌ ဩဂတ်စတီးနီးယန်း (Augustinian) သာသနာပြုတစ်ဦးအဖြစ် ပါဝင်အ စေခံရန် ၎င်း၏ ခေါ်ယူခြင်းခံရမှုကို ပုံဖော်ပေးခဲ့သလို၊ ယနေ့ခေတ် ကမ္ဘာတစ်ဝှမ်းရှိ သာသနာပြုများကိုလည်း ဆက်လက်ထောက်ပံ့ပေးနေပုံကို ပြန်လည်အောက်မေ့ပြောကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး၏ သဝဏ်လွှာမှ အဓိကအချက်များ –

ကျေးဇူးတော်၏ ရာစုနှစ်တစ်ခု – လွန်ခဲ့သော နှစ် ၁၀၀ က ပုပ်ရဟန်းမင်းကြီး ပိုင်းယပ်စ် (၁၁) က ကမ္ဘာ့သာသ နာပြုတနင်္ဂနွေနေ့ကို စတင်သတ်မှတ်ခဲ့ချိန်မှစ၍ သာသနာပြုခေါ်ယူခြင်းများကို ခွန်အားပေးခြင်းနှင့် ကမ္ဘာလုံး ဆိုင်ရာ သာသနာပြုလုပ်ငန်းများကို ထောက်ပံ့ပေးခြင်းတို့တွင် ပါဝင်မှုအကူအညီများကို မီးမောင်းထိုးပြကာ ရရှိခဲ့သော ကောင်းမြတ်သော အသီးအပွင့်များအတွက် ကျေးဇူးတော်ချီးမွမ်းခဲ့သည်။

ခရစ်တော်၌ မိသားစုတစ်ခု – ဆေးကြောခြင်းမင်္ဂလာအားဖြင့် ယုံကြည်သူတိုင်းသည် ခရစ်တော်၏ အင်္ဂါ အစိတ်အပိုင်းများဖြစ်ကြပြီး ဧဝံဂေလိတရားတော်ကို ဝေမျှရာတွင် သီးခြားစီပါဝင်သည့် ကဏ္ဍအသီးသီး ရှိကြကြောင်း၊

ချစ်ခြင်းမေတ္တာ၏ သာသနာပြုလုပ်ငန်း – ဆုတောင်းခြင်းနှင့် လက်တွေ့ပါဝင်ဆောင်ရွက်ခြင်းတို့ဖြင့် အသင်း တော်၏ ဧဝံဂေလိတရား ဟောကြားပြန့်ပွားရေးလုပ်ငန်းကို ထောက်ပံ့ကြရန်၊ ဘုရားသခင်၏ ချစ်ခြင်း မေတ္တာ တရားတော်ကို အထူးသဖြင့် အဆင်းရဲဆုံးနှင့် အလိုအပ်ဆုံးသူများထံသို့ ယူဆောင်ပေးကြရန် အားလုံးကို ဖိတ်ခေါ်ခဲ့သည်။

ပုပ်ရဟန်းမင်းကြီး၏ သဝဏ်လွှာအပြည့်အစုံကို Vatican News တွင် ဆက်လက်ဖတ်ရှုနိုင် ပါသည်။

Fr. Peter Kyi Maung

Credit: Vatican News

https://www.vaticannews.va/en/pope/news/2026-10/pope-leo-videomessage-world-mission-sunday.html

#PopeLeoXIV #VaticanNews #WorldMissionSunday #CatholicChurch #Evangelization #MissionaryWork #FaithInAction

rvamyanmar
rvamyanmar
Articles: 4296

Leave a Reply

Your email address will not be published. Required fields are marked *