
RVA ၏ အာရှသမ္မတရားဆိုင်ရာ တာဝန်ခံများ ဖိလစ်ပိုင်နိုင်ငံ၌ တွေဆုံဆွေးနွေးပွဲအတွက် စုဝေးစဉ် ဆရာ တော် Junie မှ သာသနာပြုလုပ်ငန်းအတွက် ညီညွတ်ခြင်းနှင့် မေတ္တာတရားထားရှိရန် တိုက်တွန်း။

ဆရာတော် Marcelino Antonio “Junie” Maralit Jr. က ခရစ်ယာန်သာသနာပြုလုပ်ငန်းဆိုင်ရာ ပူးပေါင်း မျှဝေသော မျှော်မှန်းချက်၊ ပေါင်းစည်းခြင်းနှင့် မေတ္တာတရားတို့ကို မိမိတို့၏ ဆက်သွယ်ရေးသာ သနာပြုလုပ်ငန်း၏ ဗဟိုချက်မ၌ ထားရှိကြရန် Radio Veritas Asia (RVA) ဘာသာစကားဆိုင်ရာ RVA ၏ အာရှသမ္မတရားဆိုင်ရာ တာဝန်ခံများအား အောက်တိုဘာ ၆ ရက်နေ့က Cavite ပြည်နယ်၊ Silang မြို့ရှိ Sisters of Mary (Girlstown) ကျောင်းဝန်း၌ ကျင်းပသည့် တမနက်တာ ဦးပုပ်စောင့်ခြင်းတွင် တိုက် တွန်းပြောကြားခဲ့ပါသည်။
အဆိုပါ အာရှသမ္မတရားဆိုင်ရာ အစည်းအဝေး တွင် အာရှတစ် ဝှမ်းမှ တာဝန်ခံများအတွက် RVA က ကြီးမှူးကျင်းပသည့် လေးရက်တာ ဆွေးနွေးပွဲ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှ ဘာသာ စကားဆိုင်ရာ တာဝန်ခံ ၉ ဦး၊ အိန္ဒိယမှ ၄ ဦး၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ သီရိလင်္ကာ နှင့် တရုတ်နိုင်ငံတို့မှ ၁ ဦးစီ ပါဝင်ခဲ့ကြသည်။
အာရှကက်သလစ်ဆရာတော်များအဖွဲ့ချုပ် (FABC) လူမှုဆက်သွယ်ရေးရုံး၏ ဥက္ကဋ္ဌနှင့် San Pablo ဂိုဏ်း အုပ်ဆရာတော်ဖြစ်သူ ဆရာတော် Junie က တက်ရောက်လာသူများအား မိမိတို့သည် ရုပ်သံထုတ်လွှင့် သူများ၊ ထုတ်လုပ်သူများ သို့မဟုတ် ဆက်သွယ်ရေးသမားများ မဖြစ်မီ ခရစ်တော်၏ တပည့်တော်များ ဖြစ်ကြကြောင်း သတိပေးပြောကြားခဲ့သည်။
“ငါ့နောက်သို့ လိုက်ကြလော့။ ငါသည် သင်တို့ကို လူကို မျှားသောတံငါဖြစ်စေမည်” ဟူသော ခရစ် တော်၏ ခေါ်ဖိတ် ချက်ကို ဆင်ခြင်သုံးသပ်ရင်း မိမိတို့၏ အလုပ်အား အသက်မွေး ဝမ်းကျောင်းဆိုင်ရာ တာဝန်တစ်ရပ်အဖြစ်မျှသာ မဟုတ်ဘဲ သာသနာပြုခေါ်ယူခြင်းတစ်ရပ်အဖြစ် ရှုမြင်ကြရန် တက်ရောက် သူ တာဝန်ခံများအား အားပေးခဲ့ပါသည်။
ဆက်သွယ်ရေးသာသနာပြုလုပ်ငန်းသည် ဘာသာပြန်ဆိုခြင်း၊ ရုပ်သံထုတ်လွှင့်ခြင်း၊ စာတင်ခြင်း၊ သတ် မှတ်ချိန်များမှီအောင် လုပ်ဆောင်ခြင်းနှင့် ဒစ်ဂျစ်တယ် အယ်လ်ဂိုရီသမ်များအတိုင်း တုံ့ပြန်ခြင်း တို့အ ပေါ်၌သာ အဓိကအာရုံစိုက်ကာ ရိုးအီသွားသော ပုံမှန်အလုပ်တစ်ခု မဖြစ်စေရန် သတိပေးခဲ့သည်။ ထို့ပြင် ကြည့်ရှုသူအရေအတွက်၊ ဖော်လိုဝါများနှင့် အပြန်အလှန်ဆက်ဆံမှုများထက် ကျော်လွန်ကြည့် ရှုကြရန် နှင့် “ငါ့ရဲ့အလုပ်ထဲမှာ မေတ္တာကို ဘယ်လောက်အထိ ထည့်ဝင်ခဲ့သလဲ” ဟု မိမိကိုယ်ကို မေးခွန်းထုတ် ကြရန် တက်ရောက်လာသူများအား စိန်ခေါ်ခဲ့သည်။
ဆရာတော် Junie အတွက်မူ နည်းပညာ၊ ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် ပရိသတ်၏ အလေ့အထများ ပြောင်းလဲလာခြင်းသည် ခရစ်တော်နှင့် ဧဝံဂေလိတရားတော်ကို ဆက်သွယ် ပြန်ကြားပေးသည့် RVA၏ ပင်မသာသနာပြုလုပ်ငန်းမှ လမ်းလွဲမသွားသင့်ကြောင်း၊
RVA အနေဖြင့် အကြောင်းအရာ (Content) များ ပိုမိုများပြားလာရုံမျှမကဘဲ တွေ့ဆုံခြင်း၊ နားထောင်ခြင်း၊ ပေါင်းစည်းခြင်းနှင့် မျှော်လင့်ခြင်းတို့အတွက် နေရာလွတ်များ ဖန်တီးပေးသည့် ယုံကြည်စိတ်ချရသော ခရစ်ယာန်သက်သေခံချက်များ လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ရွှေ့ပြောင်းလုပ်သားများ၊ ဒုက္ခသည်များ၊ တိုင်းရင်းသားမျိုးနွယ်စုများ၊ ဆင်းရဲသားများနှင့် အခြား သော အပယ်ခံအုပ်စုများ အပါအဝင် အသံများ မကြာခဏ တိတ်ဆိတ်နေတတ်သည့် လူများအပေါ် ဘာသာစကားဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့များက ပိုမိုအာရုံစိုက်ကြရန် ဆရာတော်က တောင်းဆိုခဲ့သည်။
ဆရာတော်က RVA အား “အသံမဲ့နေသူများ၏ အသံ” ဖြစ်လာစေရန် စိန်ခေါ်ခဲ့ပြီး ဆက်သွယ်ရေးကို လူများကို ပိုမိုကြီးမားသော ပေါင်းစည်းခြင်းဆီသို့ ဆောင်ကြဉ်းပေးသည့် နည်းလမ်းတစ်ခုအဖြစ် နား လည်သဘောပေါက်ကြရန် ပေါင်းစပ်ညှိနှိုင်းရေးမှူးများအား အားပေးခဲ့သည်။
“သာသနာမပြုမီ ပေါင်းစည်းခြင်း” ကို အလေးပေးပြောကြားရင်း ဘာသာစကားဆိုင်ရာ ဝန်ဆောင် မှုအဖွဲ့များအနေဖြင့် တစ်ဦးချင်း ကြိုးပမ်းမှုများထက် ကျော်လွန်ကာ အာရှတစ်ဝှမ်းရှိ RVA အတွက် ပူးပေါင်းမျှဝေသော သာသနာပြုမျှော်မှန်းချက်ဆီသို့ ဦးတည်လုပ်ဆောင်ကြရန် ဆရာတော် Junie က တိုက်တွန်းခဲ့သည်။
အေးမောက်စ်(Emmaus) သိုးထိန်းဆိုင်ရာ နည်းလမ်းဖြစ်သော — အတူတကွလမ်းလျှောက်ခြင်း၊ မေး မြန်းခြင်း၊ နားထောင်ခြင်း၊ အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ မုန့်ကိုဖဲ့ခြင်းနှင့် စေလွှတ်ခြင်း — တို့ကို အသုံးပြု၍ နားထောင်ခြင်းကို ဝိညာဉ်ရေးရာ လုပ်ဆောင်ချက်တစ်ခုအဖြစ် ဖော်ပြခဲ့ပြီး RVA အား “သာသနာ ပြုအသံများ၏ ပေါင်းစည်းခြင်း” ဖြစ်လာစေရန် အားပေးခဲ့သည်။
နိဂုံးချုပ်အဖြစ် ဆရာတော်က တာဝန်ခံများအား မေးခွန်းသုံးခု မေးမြန်းခဲ့သည် – “ငါတို့ ဘယ်သူ့အသံကို မနားထောင်ဘဲ နေခဲ့သလဲ။ ငါတို့ ဘာကို မကြားဘဲ နေခဲ့သလဲ။ တစ်ယောက်တည်း မလုပ်နိုင်ပေမဲ့ အတူ တကွ ငါတို့ ဘာလုပ်နိုင်သလဲ။”
အောက်တိုဘာ ၅ ရက်မှ ၈ ရက်နေ့အထိ ကျင်းပခဲ့သည့် လေးရက်တာ ဆွေးနွေးပွဲသည် ကက်သလစ် မီဒီယာရှိ သာသနာပြုအမှတ်လက္ခဏာ၊ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု၊ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့အပေါ် ပြန်လည်သုံးသပ်ရန်နှင့် ဆွေးနွေးရန်အတွက် RVA ပေါင်းစပ်ညှိနှိုင်း ရေးမှူးများကို စုစည်းပေးခဲ့သည်။
ယခု စုဝေးပွဲသည် အာရှဒေသအသီးသီးမှ RVA၏ အာရှသမ္မတရားဆိုင်ရာ တာဝန်ခံများအတွက် ပူး ပေါင်းဆောင်ရွက်မှုကို ခိုင်မာစေရန်၊ အတွေ့အကြုံများ မျှဝေရန်နှင့် ဒေသတွင်း ကက်သလစ်မီဒီယာ သာသနာပြုလုပ်ငန်း၏ အနာဂတ်အပေါ် အတူတကွ သုံးသပ်ဆင်ခြင်ရန် အခွင့်အလမ်းတစ်ခု ဖြစ်စေခဲ့ သည်။
utube-@rvamyanmar8152
Website: rvamyanmar.org See less
Fr. Peter Kyi Maung
Credit to RVA Main Office Manila Philippines
https://www.rvasia.org/…/bishop-junie-urges-unity-and…
See less


