
(၁၂) ကြိမ်မြောက် မန္တလေးကက်သလစ်သာသနာအတွင်းရှိ စိန့်ဂျွန်းအဆင့်မြင့်ပညာရေး ကောလိပ် ကျောင်းဆင်းပွဲ။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်းရှိ စိန့်ဂျွန်းသာသနာအုပ်စုတွင် ဖွင့်လှစ်ထားသော Higher Education College (H.E.C) အဆင့်မြင့်ပညာရေးကောလိပ်၏ (၁၂) ကြိမ်မြောက် ကျောင်း ဆင်းဘွဲ့နှင်းသဘင်အခမ်းအနား မစ္ဆားတရားတော်ကို (၂၅.၉.၂၀၂၆) သောကြာနေ့ နံနက် ၈:ဝဝ နာရီအချိန် ၌ ဆရာတော်ကြီး မာကု ဦးတင်ဝင်းမှ ဦးဆောင်ပူဇော်ပေးခဲ့ပါသည်။
Mandalay Archdiocese Higher Education College( H.E.C) သည် ၂၀၁၀ခုနှစ်တွင် စတင်ဖွင့်လှစ် ခြင်းဖြစ်ပြီး နေရာဒေသအသီးသီးမှ ပညာရေးကိုအမှန်တကယ်လိုလားပြီး ငွေကြေးအားနည်းသော လူ ငယ်များကို အဓိကပြု စုပျိုးထောင်ပေးသော ကောလိပ်ကျောင်းတစ်ခုဖြစ်ကာ ယခု အခါ (၁၂) ကြိမ် မြောက် ဘွဲ့နှင်းသဘင်ကျင်းပခြင်းဖြစ်သည်။ လက်ရှိတွင် တာဝန်ခံဘုန်းတော်ကြီးများ အဆင့်ဆင့် ဉီး ဆောင်မှုဖြင့် အပတ်စဉ် (၁၂) အထိ လူငယ်များကိုပညာအမွေပေးနိုင်ခဲ့ခြင်းဖြစ်သည်။
မစ္ဆားတရားအတွင်း ဆရာတော်ကြီးမာကု ဦးတင်ဝင်းမှ ဩဝါဒတရားမြွက်ကြားရာတွင်
“ဒီနေ့ဘဝအသီးသီးဆက်ကြမဲ့လူငယ် မောင်မယ်တွေ သင်တို့သွားတဲ့လမ်းတွေမှာ ဆုံးရှုံးခြင်းတွေလည်း ရှိနိုင်သလို အောင်မြင်ခြင်းတွေလည်းရှိနိုင်ပါတယ်။ အမြဲတမ်းကျရှုံးနေမှာမဟုတ်သလို အမြဲတမ်း အောင်မြင်နေမှာလို့လည်းမပြောနိုင်ဘူး ဒါတွေကိုနားလည်ထားဖို့အရေးကြီးတယ်။ ကျရှုံးတဲ့အချိန်မှာ ပြန်ထနိုင်အောင်ဆုတောင်းပါ အောင်မြင်တဲ့အချိန်လည်းဘုရားရှင်ကိုချီးမွမ်းပါ သင်တို့ဘဝတွေမှာ ဘု ရားကို အမြဲဦးထိပ်ထားကြပါလို့မှာချင်ပါတယ်။
ယုံကြည်ခြင်းလည်းမပျက်ပါနဲ့ ဘဝမှာအခက်အခဲတွေဘယ်လောက်ပဲကြုံရပါစေ ဘုရားနဲ့အတူအသက် ရှင်နေထိုင်နိုင်အောင်ကြိုးစားပါ။ ဒီနေ့ဘွဲ့ယူကြမဲ့လူငယ်များ သင်တို့ကိုယ်စီဘဝကိုလျှောက်လှမ်းတဲ့အ ခါမှာကျရှုံးမှုနဲ့ကြုံရတဲ့အခါမှာ ပြန်မထမဲလက်မလျှော့လိုက်ပါနဲ့ ပျော်ရမဲ့အချိန်တွေရှိလာတဲ့အခါမှာ လည်း ဘဝမဲ့ တရားမဲ့ လူစိတ်မဲ့စွာပျက်စီးသွားခြင်းကိုမကြုံရအောင် အမြဲသတိတရားနဲ့နေထိုင်ပါ။
အခုချိန်မှာ သင်တို့လူငယ်တွေဟာ ကိုယ့်ဘဝအတွင် မျိုးစေ့ချပြီးရေလောင်းနေတဲ့အချိန်ဖြစ်ပါတယ်။ ဒါကြောင့်ကိုယ်ချထားတဲ့မျိုးစေ့ ရှင်သန်ကြီးထွားလာအောင်၊ မပျက်စီးသွားအောင်မိမိကိုယ်တိုင်က ဂရု စိုက်ရမယ်။နောင်တစ်ချိန်မှာ ဒီအပင်ကနေ အသီးအပွင့်တွေဝေဆာတဲ့အပင် အများအတွက် အရိပ်ပေး နိုင်တဲ့သူဖြစ်အောင်ကြိုးစားကြပါ။ဒီနေ့ ဘာသာတရားကပေးတဲ့ အသိတရား၊ ဆရာ/မတွေကပေးတဲ့ အသိတရားတွေ ကိုယ့်ဘဝအတွေ့အကြုံရရလာတဲ့ အသိတရားတွေကနေ သင်ခန်းစာယူပြီး ကောင်းမွန် တဲ့အနာဂါတ်တွေကို ဖန်တီးနိုင်ကြပါစေ။
အဆင့်မြင့်ပညာရေးကောလိပ်ကျောင်း၏ ဒုတိယညွန်ကြားရေးမှူးဖြစ်သည့် Tr.Ambrose Sui Thawm Luai မှ အမှာစ ကားပြောကြားရာမှာ
လွန်ခဲ့တဲ့ သုံးနှစ်က သင်တို့ဟာ မြန်မာနိုင်ငံတစ်ဝှမ်း၊ မတူညီတဲ့ ဂိုဏ်းအုပ်သာသနာအသီးသီးနဲ့ နောက်ခံ အသီးသီးကနေ ရောက်ရှိလာကြပြီး အင်အား ၁၅၇ ဦးရှိတဲ့ ကျောင်းသားထုကြီးရဲ့ အစိတ်အပိုင်း တစ်ခု အနေနဲ့ ကျောင်းတံခါးကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြပါတယ်။ ဒီနေ့မှာတော့ ဘွဲ့ရကျောင်းသား ၅၁ ဦးဟာ အတန်းဖော်အဖြစ်တင်မကဘဲ၊ ကြံ့ကြံ့ခံနိုင်တဲ့ စိတ်ဓာတ်နဲ့ နက်ရှိုင်းစွာ အမြစ်တွဲနေတဲ့ ကက်သ လစ်ဘာသာရေး ယုံကြည်ခြင်းနဲ့ ပေါင်းစည်းထားတဲ့ မိသားစုတစ်ခုလို ညီညွတ်စွာ ရပ်တည်နေကြပြီ ဖြစ်ပါတယ်။
သုံးနှစ်တာကာလပတ်လုံး အတူတကွ ပေါင်းသင်းနေထိုင်ခဲ့ကြတာဟာ သေးငယ်တဲ့ စိန်ခေါ်မှုတော့ မဟုတ်ပါဘူး။ စာသင်ခန်းတွေကိုတင် မျှဝေသုံးစွဲခဲ့ကြတာ မဟုတ်ဘဲ အိပ်ဆောင်တွေ၊ ထမင်းစား ပွဲတွေ နဲ့ နံနက်ခင်း ဆုတောင်းပွဲတွေကိုပါ အတူတကွ မျှဝေခဲ့ကြတာဖြစ်ပါတယ်။ ရိုးရိုးသားသား ပြော ရရင် တော့ မန္တလေးရဲ့ ပူပြင်းတဲ့ အပူဒဏ်ကြောင့် တစ်ညလုံး လူးလွန့်အိပ်စက်ခဲ့ရပြီး နံနက်စောစော မစ္ဆား တရားတော်အတွက် နိုးထဖို့ ရုန်းကန်ခဲ့ကြရတာတွေကိုပါ မျှဝေခဲ့ကြတာပါပဲ။ သင်တို့ထဲက အချို့ဟာ နံနက်ခင်းတွေမှာ အသင်းတော်ရဲ့ အနာဂတ်ခေါင်းဆောင်တွေနဲ့ မတူဘဲ ဇွန်ဘီရုပ်ရှင်ထဲက ဇာတ်ပို့တွေနဲ့ ပိုတူနေခဲ့တဲ့ အချိန်တွေကိုလည်း ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဒါတွေအားလုံးကို ကျော် ဖြတ်ပြီး ဆရာ၊ ဆရာမတွေရဲ့ စမ်းသပ်မှုကို ခံယူရင်း မရှိမဖြစ် ဘဝကျွမ်းကျင်မှုတွေကို တတ်မြောက် သွားခဲ့ကြပြီ ဖြစ်ပါတယ်။
ဒီအောင်မြင်မှုပန်းတိုင်ကို အမှန်တကယ် ရောက်ရှိစေခဲ့တာကတော့ သင်တို့ရဲ့ စိတ်ဓာတ် နဲ့ စည်းကမ်း တို့ပဲ ဖြစ်ပါတယ်။ အိမ်နဲ့ဝေးရာမှာ ခက်ခဲတဲ့ စာမေးပွဲတွေ ဒါမှမဟုတ် ကိုယ်ရေးကိုယ်တာ စိန်ခေါ်မှု တွေ နဲ့ ရင်ဆိုင်ခဲ့ရစဉ်တိုင်း သင်တို့ရဲ့ စိတ်ဓာတ်ကို စမ်းသပ်ခံခဲ့ရပေမဲ့ သင်တို့ဟာ အပြုသဘောဆောင်မှု၊ ကြံ့ကြံ့ခံနိုင်မှုနဲ့ ယုံကြည်ခြင်းတို့ကိုသာ ရွေးချယ်ခဲ့ကြပါတယ်။ သင်တို့ရဲ့ စည်းကမ်းကိုတော့ နေ့စဉ်လုပ် ငန်းဆောင်တာတွေ၊ စာပေအာရုံစိုက်မှုတွေနဲ့ မည်သူမျှ ကြည့်မနေသည့်တိုင် မှန်ကန်သောအရာကို ပြုလုပ်ရန် ကတိကဝတ်ပြုမှုတို့တွင် သက်သေပြခဲ့ကြပြီးဖြစ်ပါတယ်။ သင်တို့၏ စည်းလုံးညီညွတ်မှု ကပင် သင်တို့ကို မိသားစုတစ်ခု ဖြစ်လာစေခဲ့တာပါ။
သင်တို့၏ အိတ်များကို သိမ်းဆည်းပြီး မိမိတို့၏ သာသနာအသီးသီးသို့ ပြန်လည်ထွက်ခွာရန် ပြင်ဆင် နေချိန်တွင် ကျွန်တော်သည် နောက်ဆုံး စိန်ခေါ်မှုတစ်ရပ်ကို ချန်ထားရစ်ချင်ပါတယ်။ ပြင်ပကမ္ဘာကြီး သည် ရှုပ်ထွေးပြီး ခန့်မှန်းရခက်ခဲလှပါတယ်။ ပါရမီ/ပါရမီစွမ်းရည် (Talent) တစ်ခုတည်းနှင့် မလုံလောက်ပါ။ သင်တို့၏ ADS ကို သင်တို့နှင့်အတူ ယူဆောင်သွားကြပါ-
သင်တို့၏ Attitude (စိတ်ဓာတ်) ကို နှိမ့်ချမှု၊ ဝမ်းမြောက်မှုနှင့် မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်ပါစေ။
သင်တို့၏ Discipline (စည်းကမ်း) ကို ထိန်းသိမ်းပြီး နေ့စဉ် ရွေးချယ်မှုများကို သမာဓိနှင့် ယုံကြည် ခြင်းတို့ဖြင့် လမ်းပြပါစေ။
သင်တို့ အမှုထမ်းဆောင်မည့်သူများနှင့်အတူ Solidarity (စည်းလုံးညီညွတ်မှု) ဖြင့် ရပ်တည်ပါ။
သင်တို့၏ စိတ်ဓာတ်ကို အပြုသဘောဆောင်ထားပြီး စည်းကမ်းကို မယိမ်းယိုင်ဘဲ ထိန်းသိမ်းထားပါက သင်တို့ကို မည်သည့်အရာကမျှ တားဆီးနိုင်မည် မဟုတ်ပါ။ ထွက်ခွာသွားကြပြီး သင်တို့ဘဝ၏ နောက်ထပ် လှပသော အခန်းကဏ္ဍကို ရေးသားကြပါ။ ခရစ်တော်၏ ချစ်ခြင်းမေတ္တာဖြင့် ကမ္ဘာကြီးကို မီးရှို့ထွန်းလင်းပေးကြပါ။
မိုက်ကယ်ကောင်းခန့် (စိန့်ဇေးဗီးယား သာသနာအုပ်စု)
ကျွန်တော်ကဒီမန္တလေးစိန့်ဇေးဗီးယားသာသနာအုပ်စုကပါ။ ကျောင်းရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ ကျောင်းကအရမ်းကိုကောင်းပါတယ်။ ကျောင်းသားတွေအတွက်ဆိုလို့ရှိရင်လည်း အစစအရာရာကို အကုန်လုံးပြည့်စုံအောင်ကို ဘုန်းကြီးတွေ ဆရာ/မတွေက အကုန်လုံးစီစဉ်ပေးတယ်။ ပြီးတော့ သာသနာ ကျောင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ နေရတဲ့အပိုင်းမှာဆိုလို့ရှိရင်လည်းပိုပြီးလုံခြုံစိတ်ချရသလို ခံစားရ တယ်။ ပြီးရင် စာသင်တဲ့အပိုင်းတွေမှာဆိုလို့ရှိရင်လည်းဆရာ/မ တွေကလည်း ဘာသာရပ်တိုင်းကို သေ ချာသင်ပေးတဲ့အတွက်ကြောင့်မို့လို့ ကျွန်တာ်အနေနဲ့ဆိုရင် တော်တော်လေးကိုမှ အဆင်ပြေ ပါတယ်။ ဒီကျောင်းလာတက်ပြီးနောက်ပိုင်း ပေါင်းသင်းဆက်ဆံရေးတွေ လုပ်ရဲပြောရဲတဲ့သတ္တိတွေ တစ်ခု ခုဆို ဦးဆောင်ရဲတာတွေ စသည်ဖြင့် အစစအရာရာ ဆိုရှယ်ပိုင်းတွေမှာလည်း တိုးတက်လာ တယ်လို့ လည်း ကိုယ့်ကိုကိုယ် ခံစားမိတယ်။ ဒီကျောင်းလာတက်ဖြစ်ရတာကျွန်ုပ်အတွက် အများကြီးအကျိုးရှိ တယ် ကျွန်ုပ်ရဲ့ရှေ့ဆက်ရမဲ့ လမ်းအ တွက် အများကြီးအထောက်အကူဖြစ်ပါတယ်။
Elizabeth (ဗန်မောသာသနာ)
ကျွန်မရဲ့နာမည်ကတော့ Elizabeth ဖြစ်ပါတယ် ကျွန်မကဗန်မောသာသနာကနေ လာပြီးမှ join ဖြစ်တာ ပါ ။ ကျွန်မ ဒီကို join ရတဲ့ရည်ရွယ်ချက်က ကျွန်မကစာသင်တဲ့ဆရာမတစ်ယောက် အရမ်းဖြစ်ချင် တာ တယ်။ ဒီမှာဆိုရင်သင်ကြားပေးတဲ့ subject တွေက အများကြီးရှိတယ်။ ပြီးတော့ကျွန်မတို့က knowledge အများကြီးလည်းရတယ်။ communication skill တွေလည်း ကောင်းလာတယ်တယ်။ သူငယ်ချင်း အသိုင်းအဝိုင်းတွေ၊ လူအဖွဲ့အစည်းတွေနဲ့ ဘယ်လိုနေသင့်လဲဆိုတာ အရမ်းသိချင်တဲ့အ တွက်ကြောင့် ကျွန်မ ဒီကျောင်းကိုလည်း လာ join လာ ဖြစ်ပါတယ်။ ဒီကျောင်းမှာ ကျွန်မအရမ်း စိတ် ဝင်စားတဲ့ ဘာသာ တွေရှိတယ်။ accountant ဘာသာရပ်ကိုကျွန်မ အရမ်း စိတ်ဝင်စားတယ်။ အဲဒါကို ဒီကျောင်းမှာသင်ပေး တော့အရမ်းပျော်ပါတယ်။
ကျွန်မ အစက လူအရမ်းကြောက်တယ်။ ရှက်လည်း အရမ်းရှက်တယ်။ အခုဆိုရင် မရှက်တော့ဘူး။ စင်ပေါ်တက်တာတို့ဆို ကျွန်မအရမ်းသတ္တိရှိလာတယ်။ လူကြားတွေလည်း သွားရဲတော့တယ်၊ အခုဆို ရင် ဘယ်လူကြီးတွေနဲ့ပဲ စကားပြောပြော ကိုယ့်ဘက်က ready ကြီးပဲ။ အဖွဲ့အစည်းတစ်ခုခုနဲ့ activity တစ်ခုခုလုပ်မယ်ဆိုရင် ကိုယ်က တက်ကြွစွာ ပါဝင်ဖို့အဆင်သင့်ပဲ။ communication skill ကောင်းလာ တယ်။ အခု ကျွန်မအနေနဲ့က ကျောင်းတစ်ကျောင်းကို ပြန်ဆက် joinဖို့ရှိတယ်။ အခုတော့ ကျွန်မတို့ရွာ ဘက်မှာ volunteer အနေနဲ့ ကျောင်းဆရာမအဖြစ် ခဏတော့လုပ်မယ်။ ပြီးရင် ကိုယ်ပိုင်ကျောင်း လေး တစ်ခု ဖွင့်နိုင်အောင်လုပ်ဖို့တော့ရည်မှန်းထားတယ်။
Cecilia Kai Ling ( ဗန်မော်သာသနာ)
ကျွန်မနာမည်ကတော့ စီစီလျားကိုင်လိန် ဖြစ်ပါတယ်။ ကျွန်မကတော့ ဗမော်သာသနာကနေ ကျောင်း လာတက်တာ ဖြစ်ပါတယ်။ ဘာဖြစ်လို့ ဒီကျောင်းကိုလာတက်ရလည်းဆိုရင် ကိုယ့်ရဲ့ဒေသမှာ တောင် ပေါ်ရွာတွေမှာ စာသင်ခွင့်မရတဲ့ ကလေးတွေအများကြီးရှိတယ်။ကျွန်မကိုယ်တိုင်လည်း တောင် ပေါ်ဒေ သရွာကနေလာတာ ဆိုတော့ဒီကတတ်မြောက်လာတဲ့ပညာရပ်တွေကို ကျွန်မတို့တောင် ပေါ်ဒေ သက ကလေးတွေကို ပြန်လည်သင်ကြားပေးချင်တဲ့အတွက်ကြောင့် ဒီကျောင်းကိုလာတက် ခြင်းဖြစ် ပါတယ်။
ဒီကျောင်းဟာ ကိုယ့်အတွက်က အရမ်းအကျိုးကျေးဇူးရှိပါတယ်။ ကိုယ့်ရဲ့ ဆိုရှယ်ပိုင်းအတွက်ရော၊ ကိုယ့်ရဲ့ knowledge ပိုင်းအတွက်ရော ပိုပြီးမှ improve ဖြစ်လာတယ်လို့ ကိုယ်က ခံစားပါတယ်။ အခု ကျောင်းပြီးသွားပြီဆိုတော့ ကိုယ့်ရဲ့ဒေသတောင်ပေါ်ရွာကိုပြန်မယ် ပြီးရင်ဒီပညာသင်ခွင့်မရကြတဲ့ ခက်ခဲ တဲ့ ကလေးတွေကို ကိုယ်သိသလောက် ကိုယ့်ရဲ့ knowledge ကို သူတို့ကို ပြန် share လုပ်ပေးချင် တယ် ။ ပြောမယ်ဆိုရင်သူတို့အတွက် အခြေခံပညာပဲဖြစ်ဖြစ်ပေါ့။ ကိုယ်တတ်သလောက် အဲ့လိုမျိုး sharing လုပ်ပေးချင်တယ်လို့။
Joseph Nang Zing La Mu (ဗန်မော်သာသနာ)
ကျွန်တော့်နာမည်က ဂျိုးဇက်နန်းဇင်းလမိုဖြစ်ပါတယ် သာသနာကတော့ ဗန်မော်သာသနာကနေ လာတာ ဖြစ်ပါတယ်။ ပထမဦးဆုံးတော့ ဆယ်တန်းအောင်ပြီး Mission School မှာပဲ volunteer လုပ်ရင်းနဲ့ Father တွေ Sister တွေရဲ့ အချိတ်အဆက်ကနေပြီးတော့ ဒီကျောင်းကိုသိပြီး join ဖြစ်တာပါ။ ဒီကျောင်း မှာကတော့ ဘာသာစုံ ဘက်စုံ အကုန်သင်ပေးတာဆိုတော့ တိုးတတ်မှုတော့ အများကြီးရှိပါတယ်။ ဒီကျောင်းမလာခင်ဆို music ဆိုလည်း ဘာမှမသိဘူး။ ဒီရောက်မှ music တွေလည်းသိလာတယ်၊ အစစ အရာရာ ဆိုရှယ်ဆိုင်ရာအစ၊ အင်္ဂလိပ်ဆိုလည်း လုံးဝ basic ကနေ သင်ပေးတယ်၊ ကွန်ပြူတာဆိုလည်း လုံးဝ basic ကနေ advance၊ accounting ကစပြီးတော့ ဘာသာစုံပါတဲ့အတွက် တော်တော်လေးကိုမှ အကျိုးရှိတယ်။
ဒီလိုသာသနာကျောင်းတွေ ဖွင့်ပေးတာ ဖြစ်နိုင်ရင် သာသနာတိုင်းလိုမှာ ရှိသင့်တယ်လို့မြင်မိတယ်။ အခု နောက်ပိုင်းဆိုရင် အခြေအနေအမျိုးမျိုးကြောင့် တက္ကသိုလ်တက်ဖို့ခက်ခဲကြတယ်။ ဘွဲ့တစ်ခုရဖို့ တ ကယ်ခက်ခဲကြတဲ့အချိန်မှာ ဒီလိုသာသနာကျောင်းမှာ ကုန်ကျစရိတ်သက်သက်သာနဲ့ ပြောမယ်ဆိုတာက အလှူရှင်တွေရဲ့ အကူအညီနဲ့ ကောင်းမွန်စုံလင်စွာ လာတက်ရတဲ့အတွက် သာသနာတော်ကိုလည်း ကျေး ဇူးတင်ပါတယ်။ ကျောင်းပြီးဆိုတော့ ကိုယ်က Father တွေ Sister တွေရဲ့ Mission School မှာလုပ် ရင်း နဲ့ပဲ ဒီကိုလာတာဖြစ်တဲ့အတွက် ဒီကျောင်းပြီးလို့ရှိရင်လည်း အဲ့ဒီ Mission School မှာပဲ သွားပြီးတော့ volunteer လုပ်ရင်း၊ assistant လုပ်ရင်းနဲ့ပဲ ပြန်လုပ်မယ်။ ပြီးမှပဲ တခြား Camp Access တို့လို NGO တို့မှာ ပြန် join ဖို့တော့ စိတ်ကူးရှိပါတယ်။



