
“ဘုရားသခင်၏ အစီအစဉ်များသည် ကျွန်ုပ်တို့ စိတ်ကူးနိုင်သည်ထက် အဆမတန် ပိုမိုကြီးမြတ်ပါသည်”
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် တနင်္ဂနွေနေ့ စိန့်ပီတာရင်ပြင်၌ ပြုလုပ်သော အိန်ဂျေလုစ် မေတ္တာ ဆိုခြင်းတွင် စပျစ်ခြံလုပ်သားများအကြောင်း ဧဝံဂေလိ ခရစ်ဝင်ကျမ်းလာ ပုံဥပမာကို ထုတ်ဖော်ပြော ကြားခဲ့ပြီး၊ ဘုရားသခင်၏ လမ်းစဉ်များသည် လူသားတို့၏ အတွေးအခေါ်နှင့် တွက်ချက်မှုများထက် သာလွန်ကြောင်း ဘာသာဝင်များအား သတိပေးနှိုးဆော်ခဲ့ပါသည်။
“အပြစ်တရားလွှမ်းမိုးထားသည့် လူသားများဖြစ်ကြသော ကျွန်ုပ်တို့ ကြံဆ၊ အကောင်အထည် ဖော်နိုင် သည်ထက် ဘုရားသခင်၏ အစီအစဉ်များသည် အဆမတန် ပိုမိုကြီးမြတ်ပြီး ပိုမို ‘ကြင်နာသနားတတ် သော’ သဘောရှိပါသည်။”
လူသားတို့၏ ထိုက်တန်မှုထက် လွန်ကဲခြင်း – နောက်ဆုံးမှလာသူများမှစ၍ အလုပ်သမားအားလုံးကို လုပ်ခတူညီစွာပေးခဲ့သည့် စပျစ်ခြံပိုင်ရှင်အကြောင်းကို သုံးသပ်ရင်း၊ ဘုရားသခင်၏ ကောင်းမြတ် ခြင်း သည် လူနည်းစုအတွက်သာမဟုတ်ဘဲ လူတိုင်းအတွက်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက ရှင်းလင်းမိန့် ကြားခဲ့သည်။ ချစ်ခြင်းမေတ္တာ၏ တရားဥပဒေ – “တွက်ချက်မှုဆိုင်ရာ နည်းလမ်းများထက် ချစ်ခြင်း မေတ္တာတရားက လွှမ်းမိုးသွားသည့်အခါ၊ ကျွနုပ်တို့ ၏ထိုက်တန်မှုထက် ကရုဏာတရားက ပိုမို ကျယ် ပြန့်လာသည့်အခါ ကျွန်ုပ်တို့အားလုံးသည် ဝမ်းမြောက်ခြင်း၊ ပညာဉာဏ်နှင့် ပိုမိုကောင်းမွန်သော အနာ ဂတ်ကို ရရှိကြမည်ဖြစ်သည်။”
မနာလိုဝန်တိုမှုအတွက် နေရာမရှိ – ယုံကြည်သူများအနေဖြင့် ဝမ်းနည်းဖွယ် သင်းခွဲမှုများ၊ မနာလိုမှု များနှင့် “မဖြောင့်မတ်သော လမ်းစဉ်များ” ကို စွန့်ပယ်ကာ ဘုရားသခင်၏ စပျစ်ခြံ၌ အတူတကွ ဘရား ရှင်၏ အမှုတော်ထမ်းဆောင်ခြင်း ကျေးဇူးတော်ကို လက်ခံကြရန် ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ သည်။
မိန့်ခွန်း၏ နိဂုံးတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ဘုရားသခင်၏ အတွေးအခေါ်နှင့် လမ်းစဉ်များ သည် ကျွန်ုပ်တို့၏ လမ်းစဉ်များ ဖြစ်လာစေရန်အတွက် အမိမယ်တော်သခင်မ၏ ကြားဝင်ဆုတောင်း ပေးမှုကို မေတ္တာရပ်ခံကြရန် လူတိုင်းအား ဖိတ်ခေါ်ခဲ့သည်။
Youtube-@rvamyanmar8152
Website: rvamyanmar.org
#PopeLeoXIV #Vatican #Angelus #GospelReflection #Faith #Hope #CatholicChurch
Fr. Peter Kyi Maung
Credit to Vatican News


