
ပုပ်ရဟန်းမင်းကြီး လီယို ၁၄ ၏ ပြင်သစ်ခရီးစဉ် – ယုံကြည်ခြင်း၊ ယဉ်ကျေးမှုနှင့် ဥရောပရေးရာများကို အဓိကထားမည်

ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၅ ရက်မှ ၂၈ ရက်အထိ ပြင်သစ်နိုင်ငံသို့ သာသနာပြုခရီးစဉ် (Apostolic Journey) စတင်မည်ဖြစ်သည်။ ယခုခရီးစဉ်သည် ၎င်း၏ ၅ ကြိမ်မြောက် ပြည်ပခရီးစဉ်ဖြစ်ပြီး ရဟန်းမင်းကြီးသည် ပြင်သစ်လူ့အဖွဲ့အစည်း၊ လူငယ်များ၊ အစိုးရခေါင်း ဆောင် များနှင့် ဒေသခံကက်သလစ်သာသနာတော်နှင့် တွေ့ဆုံရန် ပါရီ၊ လူးဒ် (Lourdes) နှင့် မက်ဇ် (Metz) မြို့များသို့ ခရီးလှည့်လည်မည်ဖြစ်သည်။
ခရီးစဉ်၏ အဓိကအချက်များ�ပါရီနှင့် ယူနက်စကို (UNESCO) – နိုင်ငံတော်အာဏာပိုင်များနှင့် တွေ့ဆုံ ခြင်း၊ ပရဟိတလုပ်ငန်းများသို့ သွားရောက်ကြည့်ရှုခြင်းနှင့် အနုပညာ၊ ပညာရေးနှင့် ငြိမ်းချမ်းရေးတို့ကို ဦးတည်သည့် မိန့်ခွန်းကို ယူနက်စကိုဌာနချုပ်၌ ပြောကြားခြင်း။� �ယုံကြည်ခြင်းနှင့် ဆုတောင်းခြင်း – Notre-Dame de Paris ဘုရားကျောင်း၌ ညနေခင်း ဆုတောင်းပွဲ (Vespers) ကျင်းပခြင်း၊ Stade de France အားကစားကွင်း၌ လူငယ် ဆုတောင်းပွဲ ဦးဆောင်ခြင်းနှင့် ပါရီ၊ လူးဒ်၊ မက်ဇ် မြို့များတွင် ကွင်းပြင် မစ္ဆားတရား ပူဇော်ခြင်းများ ဦးစီးကျင်းပခြင်း။� �ပြန်လည်နိုးကြားလာသော သာသနာတော် – သက်ကြီးမှ ကက်သလစ်ခရစ်ယာန် အဖြစ် ဆေးကြောခြင်းမဂ်လာခံယူသူ အရေအတွက် တိုးတက်လာနေသည့် (၂၀၂၆ အီစတာပွဲတော်တွင် ၁၃,၀၀၀ ဦးရှိ) တက်ကြွလှုပ်ရှားသော ပြင်သစ်အသင်းတော်နှင့် ထိတွေ့ဆက် ဆံခြင်း။� �ဥရောပ၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေး – မက်ဇ်မြို့ရှိ နောက်ဆုံးခရီးစဉ်အပိုင်းတွင် ဥရောပ၏ စည်းလုံးမှု၊ မတူကွဲပြားမှုနှင့် ငြိမ်းချမ်းရေးတို့ကို အဓိကထားမည်ဖြစ်ပြီး မိန့်ခွန်းကို အင်္ဂလိပ် ဘာသာစကားဖြင့် သီးသန့်ပြောကြားမည်ဖြစ်သည်။�
“လူသားမျိုးနွယ်သည် မိမိ၏ဖြစ်တည်မှု၊ သမိုင်းနှင့် အနာဂတ်အပေါ် ပြန်လည်သုံးသပ် ဆင်ခြင်ကြ သည်။”
ဗာတီကန် ရဟန်းမင်းကြီးရုံးတော် သတင်းထုတ်ပြန်ရေးရုံး ညွှန်ကြားရေးမှူး မက်တီအို ဘရူးနီး ကပုပ်ရ ဟန်းမင်းကြီး၏ ယူနက်စကို မိန့်ခွန်းနှင့် ပတ်သက်၍
ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် ၂ (၁၉၈၀ ပြည့်နှစ်တွင် ယူ နက်စကို၌ မိန့်ခွန်းပြောကြားခဲ့ဖူးသူ တစ်ဦးတည်းသော ပုပ်ရဟန်းမင်းကြီး) နှင့် ပုပ် ရဟန်းမင်းကြီး ဘနဒက် ၁၆ တို့၏ ခြေရာကို လိုက်လံဆောင်ရွက်နေခြင်းဖြစ်သည်။
၎င်း၏ မိန့်ခွန်းများတွင် ကမ္ဘာ့အဓိကစိန်ခေါ်မှုများ၊ နည်းပညာ၊ ရတုဉာဏ် (AI) နှင့် ယဉ်ကျေးမှုဆိုင်ရာ၊ နယ်နိမိတ်ဆိုင်ရာ ပေါင်းကူးတံတားများ တည်ဆောက်ခြင်း စသည့်အကြောင်းအရာများ ပါဝင်မည် ဖြစ်သည်။
Youtube-@rvamyanmar8152
Website: rvamyanmar.org
#PopeLeoXIV#Vatican#France#Paris#Lourdes#Metz#CatholicChurch#Europe
Fr. Peter Kyi Maung
Credit to Vatican News
https://www.vaticannews.va/…/france-pope-leo-xiv-brief…
See less



