
ငြိမ်းချမ်းရေးကို ငါတို့အတွင်းမှာ ကြီးထွားပါစေ။

ပုပ်ရဟန်းမင်းကြီး လီယို ၁၄ (Pope Leo XIV) သည် ဂျနက်ဇာနို (Genazzano) ရှိ Good Counsel (ကောင်းသောအကြံပေးတပ်သော)မယ်တော်ဘုရားကျောင်း၌ မစ္ဆားတရားတော်မြတ်ပူဇော်ခဲ့ပြီး၊ မယ်တော်၏ တိတ်ဆိတ်ငြိမ်သက်သော ခွန်အားကို အတုယူကာ ငြိမ်းချမ်းရေး၏ အစေခံများ ဖြစ်လာကြရန် ယုံကြည်သူများကို ဖိတ်ခေါ်ခဲ့သည်။
မယ်တော်မာရီးယားသန္ဓေယူဖွားမြင်ခြင်းပွဲနေ့ မတိုင်မီညတွင်၊ ပုပ်ရဟန်းမင်းကြီးသည် သူ၏ ရဟန်း ဘဝ၊ သြဂတ်စတီနီယန်ဂိုဏ်း၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ချိန်တို့မှစ၍ ဘဝတစ်လျှောက်လုံး နက် နက်ရှိုင်းရှိုင်း သံယောဇဉ်ရှိခဲ့သော ရောမမြို့အရှေ့တောင်ဘက်ရှိ သြဂတ်စတီနီယန် မယ်တော်ဘုရား ကျောင်းသို့ ပြန်လည်ကြွရောက်ခဲ့သည်။
မစ္ဆားတရားဒေသနာတော်အတွင်း၊ ပုပ်ရဟန်းမင်းကြီး လီယိုသည် မယ်တော်၏ တိတ်ဆိတ် ငြိမ်သက် သော တည်ရှိမှုနှင့် ကယ်တင်ခြင်းသမိုင်းတွင် မယ်တော်၏ လေးနက်သော အခန်းကဏ္ဍကို အောက် ပါအတိုင်း မြွက်ကြားခဲ့သည်-
ပြောင်းလဲစေသော တိတ်ဆိတ်ခြင်း:
မယ်တော်၏ နေ့စဉ်ဘဝအကြောင်း ကျမ်းစာတွင် နည်းပါးစွာသာ ရေးသားထားသော်လည်း၊ မယ် တော်၏ ရိုးရှင်းသော တည်ရှိမှုသည် သမိုင်းကို ရွေ့လျားစေခဲ့သည်။ မယ်တော်၌ ငါတို့နှင့်အတူ ရှိသော ဘုရားသခင် အဖြစ် ကယ်တင်ခြင်းကို ခိုလုံရာအဖြစ်တွေရသည် -!
ဘုရားသခင်၏ နှိမ့်ချသော လမ်းစဉ်:
ဘုရားသခင်၏ လမ်းစဉ်သည် ပိုမိုရိုးရှင်းပြီး တိတ်ဆိတ်သော်လည်း၊ တန်ခိုးပါဝင်ပြီး ပြောင်းလဲစေ နိုင်စွမ်း မလျော့ပါးသွားပေဟု မိန့်ကြားကာ လောကီအာဏာနှင့် ဧဝံဂေလိတရား၏ နှိမ့်ချမှုကို နှိုင်း ယှဉ်ပြခဲ့သည်။
စိတ်ကူးယဉ်မှုထက် မကသော ဗျာဒိတ်တော်:
ဆိတ်ငြိမ်စွာ ဆုတောင်းခြင်းသည် မယ်တော်၏ ကျေးဇူးတော်ကို စိတ်နှလုံးထဲတွင် ပုံဖော်နိုင်စေပြီး၊ မရေရာသော အချိန်များ၌ ဘုရားသခင်၏ လုပ်ဆောင်ချက်ကို အသိအမှတ်ပြုရန် လိုအပ်သော ဗျာဒိတ်ရှုထောင့်ကို ပေးစွမ်းသည်။
ငြိမ်းချမ်းရေးအတွက် တိုက်တွန်းချက်:
ငြိမ်းချမ်းရေးကို ငါတို့အတွင်းမှာ ကြီးထွားပါစေဟု ပုပ်ရဟန်းမင်းကြီး လီယိုက တိုက်တွန်းခဲ့ပြီး ငြိမ်း ချမ်းရေးသည် ကမ္ဘာပေါ်တွင် ပွင့်လန်းလာလိမ့်မည်။ Good Counsel မယ်တော်သည်လည်း ဒီသာသ နာပြုလုပ်ငန်းမှာ ငါတို့နှင့်အတူ လိုက်ပါပေးလိမ့်မည်။
ဤသမိုင်းဝင် အခမ်းအနားကို အမှတ်တရပြုလုပ်ရန်အတွက်၊ သန့်ရှင်းသော Good Counsel မယ်တော်ပုံတော်ရှေ့တွင် ပုပ်ရဟန်းမင်းကြီး လီယို ဆုတောင်းနေသည့် ပန်းချီကားသစ်ကို မယ်တော်ဘုရားကျောင်း၌ ဖွင့်လှစ်ပြသခဲ့သည်။ ငါတို့၏ စိတ်နှလုံးများ၊ မိသားစုများနှင့် ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေးရရှိစေရန် ပုပ်ရဟန်းမင်းကြီးနှင့်အတူ ဆုတောင်းကြပါစို့။
Our Lady of Good Counsel! Pray for us.
Website: rvamyanmar.org
/ @rvamyanmar8152
Fr. Peter Kyi Maung
Credit to Vatican News
https://www.vaticannews.va/…/pope-leo-xiv-our-lady-good…
See less


