အသင်းတော်သည် လူသားမျိုးနွယ်ကို အစေခံရန်နှင့် လူ့အဖွဲ့အစည်း၏ ဆန့်ကျင်ဘက်ပဋိပက္ခများကို ဖော်ထုတ်ရန် ခေါ်ယူခြင်းခံရသည်

စက်တင်ဘာလ ၂ ရက် ဗုဒ္ဓဟူးနေ့ လူထုတွေ့ဆုံခြင်းတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က လက်တွေ့ ဘဝထိတွေ့ဆက်ဆံခြင်း၊ မိမိတို့ခေတ်ကာလ၏ စိန်ခေါ်မှုများတွင် ပါဝင်ဆောင်ရွက်ခြင်းနှင့် ခရစ်တော် ၏ သက်သေခံများဖြစ်ခြင်းဖြင့် လူသားမျိုးနွယ်ကို အစေခံရမည့် အသင်းတော်၏ သာသနာပြုတာဝန်ကို ဆင်ခြင်သုံးသပ်မိန့်ကြားခဲ့ပြီး

ဒုတိယ ဗာတီကန် ကောင်စီ၏ ခေတ်သစ်ကမ္ဘာဆိုင်ရာ ‘Gaudium et Spes’ (ဝမ်းမြောက်ခြင်းနှင့် မျှော် လင့်ခြင်း) စာတမ်းအပေါ် အခြေခံသည့် တရားဒေသနာ အစီအစဉ်သစ်ကို စတင်ရာတွင် ပုပ်ရဟန်းမင်း ကြီးက အသင်းတော်အနေဖြင့် တုံ့ဆိုင်းနေခြင်းနှင့် ဥပေက္ခာပြုခြင်းတို့ကို စွန့်လွှတ်ကာ ယနေ့ခေတ်ကာ လ၏ စိန်ခေါ်မှုများ၊ မတရားမှုများ၊ ခွဲခြားဆက်ဆံမှုများနှင့် အကြမ်းဖက်မှုများကြောင့် ဖိနှိပ်ခံနေရသူများ ၏ ဝန်ကို မျှဝေထမ်းဆောင်ရင်း လူသားထုအား တက်ကြွစွာ အစေခံကြရန် ယုံကြည်သူများအား တိုက် တွန်းခဲ့သည်။

ခရစ်ယာန်များအနေဖြင့် ခေတ်သစ်လူ့အဖွဲ့အစည်း၏ လွဲမှားဆန့်ကျင်မှုများကို ရဲဝံ့စွာ ဖော်ထုတ်ရန် ဖြစ်သည်။ လူနည်းစုသာ အကျိုးခံစားရသည့် နည်းပညာ တိုးတက်မှုများ၊ ကြီးမားသော ကြွယ်ဝမှု များရှိ သော်လည်း ငတ်မွန်းခေါင်းပါးနေဆဲဖြစ်သည့် စီးပွားရေး ပရောဂများ၊ အတ္တဆန္ဒအရ သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝပတ်ဝန်းကျင် အကျပ်အတည်းများနှင့် စစ်ပွဲသည် ငြိမ်းချမ်းရေးကို တည် ဆောက်နိုင်သည်ဆိုသည့် လွဲးမှားသောအစွဲများကို အသင်းတော်က ရင်ဆိုင်ဖော်ထုတ်ရမည်ဖြစ်သည်။ လူသားတို့၏ မေးခွန်းများကို ရင်းနှီးစွာ နားထောင်ပေးပြီး ခရစ်တော်သည်သာ လူ့သမိုင်း၏ အဓိက အချက်အချာဖြစ်ကြောင်း ညွှန်ပြရမည်ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး လီယိုက ဤသာသနာပြုလုပ်ငန်းသည် ခရစ်တော်၏ လူ့ဇာတိခံယူခြင်း၌ အမြစ် တွယ်နေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး စိန့်ဂျွန် (၂၃) ၏ ဘုရားသခင်၏ စီမံကိန်းတော်အပေါ် ယုံကြည်ကိုးစားမှုနှင့် ပုပ်ရဟန်း မင်းကြီး ဖရန်းစစ်၏ ဆင်းရဲသားများဘက်မှ ရပ်တည်ခြင်းဆိုင်ရာ သွန်သင်ချက်များကို ကိုးကား၍ ဆင်းရဲသားများ၊ ဒုက္ခရောက်နေသူများကို ကူညီခြင်းသည် သာမန် ကျင့်ဝတ်ဆိုင်ရာ တာဝန်မျှသာ မဟုတ် ဘဲ ဘာသာရေးဆိုင်ရာ ခေါ်ယူခြင်းဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

အသင်းတော်သည် လူသားတို့၏ ဝမ်းမြောက်ခြင်း၊ မျှော်လင့်ခြင်း၊ ဝမ်းနည်းခြင်းနှင့် ပူပန်ခြင်းများကို မိမိ၏ အရာအဖြစ် ခံယူကာ ခေတ်ကာလ၏ အမျိုးသား၊ အမျိုးသမီးများနှင့် နီးကပ်စွာ ရပ်တည်သွားရန် မျှော်လင့်ကြောင်း မိန့်ကြားခဲ့ပါသည်။

Youtube-@rvamyanmar8152

Website: rvamyanmar.org

Fr. Peter Kyi Maung

Credit to Vatican News

https://www.vaticannews.va/…/pope-leo-general-audience…

See less

rvamyanmar
rvamyanmar
Articles: 4208

Leave a Reply

Your email address will not be published. Required fields are marked *