
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) မှ ဟေတီတွင် ဖမ်းဆီးခံထားရသူများအား လွှတ်ပေးရန်နှင့် ရေဘေးသင့် နီပေါနိုင်ငံအတွက် အရေးပေါ်အကူအညီများ ပေးအပ်ရန် တိုက်တွန်း။

ကက်စတယ် ဂန်ဒေါဖိုး (Castel Gandolfo) တွင် ပြုလုပ်သော တနင်္ဂနွေနေ့ မွန်းတည့်ချိန် အန်ဂျေလူး မေတ္တာဆိုပွဲအပြီး၌ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ဟေတီနိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် မှုများကို ရှုတ်ချခဲ့ပြီး၊ ပြန်ပေးဆွဲခံထားရသူများကို ချက်ချင်းလွှတ်ပေးရန်နှင့် လူပေါင်း ရာပေါင်းများစွာ သေဆုံးကာ ထောင်ပေါင်းများစွာ ပျောက်ဆုံးနေရသည့် ပြင်းထန်သော ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ကြုံတွေ့နေရသော နီပေါနိုင်ငံအတွက် ထိရောက်သည့် အကူအညီများ ပေးအပ်ကြရန် ထပ်မံတောင်း ဆို လိုက်သည်။
ဟေတီနိုင်ငံအတွက် အရေးပေါ် တောင်းဆိုချက် – ကဲန်စကော့ဖ် (Kenscoff) တွင် ဖြစ်ပွားခဲ့သော လူ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု သတင်းများကြောင့် ပုပ်ရဟန်းမင်းကြီးသည် ဝမ်းနည်းကြေ ကွဲ ကြောင်း ဖော်ပြခဲ့ပြီး၊ ပြန်ပေးဆွဲခံထားရသူ အားလုံးကို ချက်ချင်းလွှတ်ပေးရန်နှင့် အကြမ်းဖက်မှုများ အဆုံးသတ်ရန် တောင်းဆိုခဲ့သည်။ နီပေါနှင့် တိဘက် ရေဘေးသင့်ပြည်သူများအတွက် အကူအညီ – လူ ၇၀၀ ထက်မနည်း သေဆုံးပြီး ၃,၀၀၀ ခန့် ပျောက်ဆုံးနေသည့် ရေဘေးအတွက် ပုပ်ရဟန်းမင်းကြီးသည် ကာရီတားစ် နီပေါ (Caritas Nepal) အဖွဲ့မှတစ်ဆင့် အရေးပေါ် စားနပ်ရိက္ခာနှင့် အကူအညီများ ပေးအပ် နိုင်ရန် ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုများ ပေးပို့ခဲ့သည်။ ငြိမ်းချမ်းရေးမုန့်ကို ဝေမျှကြရန် တိုက် တွန်း ချက် – စိန့်သြဂတ်စတင်၏ အဆုံးအမကို ကိုးကား၍ ငြိမ်းချမ်းရေးသည် မျှဝေမှ ပိုမိုတိုးပွားလာသည့် အံ့ဩဖွယ်ရာ မုန့်ကဲ့သို့ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို ရဲရင့်စွာ ဝေမျှကြရန် မိန့်ကြားခဲ့သည်။ ဖန်ဆင်း ရှင်၏ သဘာဝကမ္ဘာမြေအတွက် ဆုတောင်းပွဲ – စက်တင်ဘာ ၁ ရက်တွင် ကျရောက်မည့် “သက်ရှိရေ” (Living Water) ဆောင်ပုဒ်ဖြင့် ကျင်းပသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဆုတောင်းပွဲ၌ ပါဝင်ကြရန် ခရစ်ယာန်ဘာသာဝင် အားလုံးကို ဖိတ်ခေါ်ခဲ့သည်။
Fr. Peter Kyi Maung
Credit to Vatican News


