“ဝတ်ပြုကိုးကွယ်ခြင်းသည် ယုံကြည်ခြင်း၊ ညီအစ်ကိုမောင်နှမအချစ် ချစ်ခင်ခြင်းနှင့် ငြိမ်းချမ်းရေးတို့ကို အားဖြည့်ပေးရမည်”

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် အီတလီနိုင်ငံကာတာနီယာ (Catania) မြို့တွင် သြဂုတ်လ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပသည့် (၇၆) ကြိမ်မြောက် ဝတ်ပြုရေးဆိုင်ရာ သီတင်းပတ် (National Liturgical Week) တွင် ပါဝင်သူများထံသို့ နှုတ်ခွန်းဆက်စကား ပေးပို့ခဲ့ပြီး ခရစ်ယာန်တို့၏ ဘဝတည် ဆောက် ရေး တွင် ဝတ်ပြုကိုးကွယ်ခြင်း၏ ဗဟိုချက်မကို ပြန်လည်ဖော်ထုတ်ကြရန် သာသနာတော်ကို တိုက်တွန်းနှိုး ဆော်ခဲ့သည်။

ဝတ်ပြုကိုးကွယ်ခြင်းနှင့် ခရစ်ယာန်စတင်ခြင်း (Christian Initiation)

ဤအခမ်းအနား၏ ဆောင်ပုဒ်မှာ “မျိုးဆက်သစ်ကို ပျိုးထောင်ပေးသော သာသနာတော် – ဝတ်ပြုကိုး ကွယ်ခြင်းနှင့် ခရစ်ယာန်စတင်ခြင်း” ဖြစ်သည်။ ဗာတီကန်နိုင်ငံတော်အတွင်းရေးမှူး ကာဒီနယ် ပီယဲ ထရို ပါရိုလင် (Pietro Parolin) လက်မှတ်ရေးထိုးထားသည့် သဝဏ်လွှာတွင် ခရစ်ယာန်အဖြစ်သို့ စတင် ဝင်ရောက်ခြင်းကို “ပြင်ဆင်မှု” သက်သက်အဖြစ်သာ မမြင်သင့်ဘဲ၊ လူ့အသိုက်အဝန်းတစ်ခုအနေဖြင့် ယုံကြည် ခြင်း၊ ဘုရားသခင်နှင့်အတူ မိဿဟာယဖွဲ့ခြင်းကို ဖွားမြင်ပေးရာ “မိခင်ဝမ်းဗိုက်” ကဲ့သို့ဖြစ် သင့်ကြောင်း ပုပ်ရဟန်းမင်းကြီးက အမှတ်ရစေခဲ့သည်။

အသစ်သော ဖန်ဆင်းခြင်းနှင့် တက်ကြွစွာပါဝင်ခြင်း

ဝတ်ပြုကိုးကွယ်ခြင်း၌ ခရစ်တော်၏ နက်နဲသောဆန်းကြယ်ခြင်းသည် ကျွန်ုပ်တို့ကို ဖမ်းဆုပ်၊ ပြောင်းလဲ စေပြီး လူ အသစ်အဖြစ် ဖွားမြင်စေကြောင်း၊ ဝတ်ပြုရေးဓလေ့များသည် ဘုရားသခင်၏ ဆုကျေးဇူး တော် ကျွန်ုပ်တို့ထံသို့ ရောက်ရှိလာစေသည့် သာသနာဆိုင်ရာ ကြားခံတံတားများဖြစ်ကြောင်း ကိုယ် တော်က အလေးပေးဖော်ပြခဲ့သည်။

ထို့ပြင် ကက်သလစ်ဘာသာဝင်များနှင့် ယုံကြည်ခြင်းခရီးလမ်းကို စတင်နေကြသူများသည် ဘုရားသခင် ၏ လုပ်ဆောင်ချက်များဆီသို့ နှလုံးသားကို ဖွင့်ပေးနိုင်သည့် ဝတ်ပြုကျင်းပပုံစံများနှင့် စတင်ရင်းနှီး သင့်ပြီး ဓမ္မဆရာများနှင့် တရားပြဆရာများ (ဘာသာတရားသင်ကြားပြသပေးသူများ) အနေဖြင့်လည်း ၎င်းတို့၏အဓိပ္ပာယ်ကို ပြည့်စုံကြွယ်ဝစွာ နားလည်ခံစားနိုင်ရန် ကူညီပေးကြဖို့ တိုက်တွန်းအား ပေးခဲ့ သည်။

ဤနည်းလမ်းဖြင့်သာလျှင် ယဇ်ပုလ္လင်မှ မွေးဖွားလာသော ယုံကြည်ခြင်းသည် ကောင်းမြတ်ခြင်း၊ ပြန် လည်သင့်မြတ်ခြင်းနှင့် ငြိမ်းချမ်းခြင်းတို့၏ အသီးအပွင့်များကို ဆောင်ကြဉ်းလျက် လူသားတို့၏ လမ်းမ များပေါ်သို့ ရောက်ရှိနိုင်လိမ့်မည်” ဟု ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က နိဂုံးချုပ်မိန့်ကြားခဲ့သည်။

Fr. Peter Kyi Maung

Credit to Vatican News

https://www.vaticannews.va/en/pope/news/2026-08/pope-leo-xiv-message-italy-76th-national-liturgical-week.html

rvamyanmar
rvamyanmar
Articles: 4186

Leave a Reply

Your email address will not be published. Required fields are marked *