
“စစ်ပွဲ၏ ဒဏ်ရာများသည် စစ်မြေပြင်ထက် ကျော်လွန်၍ ကူးစက်ကျယ်ပြန့်သည်”

(စက်တင်ဘာ ၁ ရက်နေ့တွင် ကျရောက်မည့်) (၁၁) ကြိမ်မြောက် ဖန်ဆင်းခံကမ္ဘာကြီးကို စောင့်ရှောက်ရန် ကမ္ဘာ့ဆုတောင်းမေတ္တာပြုပွဲနေ့အတွက် ထုတ်ပြန်သော သဝဏ်လွှာတွင်၊ ပုပ် ရဟန်းမင်းကြီး လီယို ၁၄ က စစ်ပွဲ၏ ရိုက်ခတ်မှုများသည် စစ်မြေပြင်တစ်ခုတည်းတွင်သာ မကဘဲ လူ့အသိုင်းအဝိုင်းများကို ပျက် စီးစေကာ၊ မိသားစုများကို ပြိုကွဲစေပြီး၊ နောင်မျိုးဆက်ပေါင်းများစွာတိုင်အောင် သဘာဝပတ်ဝန်း ကျင် ကို ထိခိုက်ပျက်စီးစေကြောင်း သတိပေးလိုက်သည်။
“စစ်လက်နက်များ၏ နေရာတွင် ငြိမ်းချမ်းရေး၏ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကုစားရန်၊ ပြန်လည် ရင်ကြားစေ့ရန်နှင့် ချစ်ခြင်းမေတ္တာ၏ ယဉ်ကျေးမှုကို တည်ဆောက်ရန် ခွန်အားကို ပေးသနားတော်မူ၏။”
ရဟန်းမင်းကြီး၏ သဝဏ်လွှာမှ အဓိကအချက်များမှာ -�သဘာဝပတ်ဝန်းကျင်နှင့် စစ်ပွဲများ၏ ဆက်စပ် မှု – လက်နက်ကိုင်ပဋိပက္ခများသည် ဂေဟစနစ်များကို ပျက်စီးစေပြီး၊ လေထုနှင့် ရေထုကို ညစ်ညမ်း စေကာ ဆင်းရဲဒုက္ခနှင့် ငတ်မွတ်ခေါင်းပါးမှုများကို ပိုမိုဆိုးရွားစေသည့် သံသရာဆိုးကို ဖန်တီးပေးသည်။�
နိုင်ငံရေးထက် ကျော်လွန်သော ကျရှုံးမှု – စစ်ပွဲဆိုသည်မှာ နိုင်ငံရေးအရ ကျရှုံးမှုတစ်ခုတည်း မဟုတ်ဘဲ၊ လောဘနှင့် အာဏာလွှမ်းမိုးလိုမှုကို အခြေခံထားသည့် စာရိတ္တနှင့် ဝိညာဉ်ရေးရာ ပျက်စီးယိုယွင်း မှုတစ် ရပ် ဖြစ်သည်ဟု ရဟန်းမင်းကြီးက ထောက်ပြထားသည်။�စစ်မှန်သော ငြိမ်းချမ်းရေးအတွက် လက်နက် များ – တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို လက်နက်များဖြင့် မတည်ဆောက်နိုင်ဘဲ သစ္စာတရား၊ တွေ့ဆုံ ဆွေးနွေးမှု၊ သည်းခံခြင်း၊ တရားမျှတမှု၊ ကရုဏာတော်နှင့် ဂရုစိုက်စောင့်ရှောက်မှု တို့ဖြင့်သာ တည် ဆောက်နိုင်သည်။�စိတ်နှလုံး ပြောင်းလဲရန် ဖိတ်ခေါ်ချက် – စစ်မှန်သော ပြောင်းလဲမှုသည် စိတ်နှလုံး၏ အတွင်းပိုင်းမှ စတင်ရမည်။ ကျွန်ုပ်တို့၏ စိတ်နှလုံးများ သစ်လွင်ဆန်းသစ်လာသောအခါ ပျက်စီးခြင်း အတွက် အသုံးပြုခဲ့သော အရင်းအမြစ်များကို ငတ်မွတ်သောသူများကို ကျွေးမွေးရန်နှင့် ကမ္ဘာမြေ ကြီး ကို ကုစားရန်အတွက် ပြန်လည်အသုံးပြုနိုင်မည်ဖြစ်သည်။�
ယခုနှစ်အတွက် လမ်းညွှန်ထားသော ဟေရှာယအနာဂတ္တိကျမ်း ၂:၄ မှ ဆောင်ပုဒ်ဖြစ်သည့် “သူတို့သည် ဓားများကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တုတ်ကောက်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်” ဆိုသည့်အတိုင်း ကျွန်ုပ်တို့အားလုံး ပူးပေါင်းပါဝင်ကြရန် နှိုးဆော်ထားသည်။
ဖန်ဆင်းခံကမ္ဘာကြီးကို စောင့်ရှောက်ရင်း ခရစ်တော်၏ ငြိမ်းချမ်းရေးကမ္ဘာကြီးတွင် စိုးစံနိုင်စေရန် ဆုတောင်းခြင်း၊ အားထုတ်ခြင်းတို့ဖြင့် ပူးပေါင်းပါဝင်ကြပါစို့။
Website: rvamyanmar.org
/ @rvamyanmar8152
Holy See Press Office
#PopeLeoXIV#WorldDayOfPrayer#CareForCreation#PrayForPeace#EcologicalConversion#CatholicNews
Fr. Peter Kyi Maung
Credit : Vatican News
https://www.vaticannews.va/…/pope-leo-xiv-message-world…
See less


