
နိုဗယ်ဆုရှင်များ နျူကလီးယားလက်နက်နှင့် AI ဆိုင်ရာ ရောမကြေညာစာတမ်းတွင် လက်မှတ်ရေးထိုး။

အတုယူဖန်တီးထားသော ဉာဏ်ရည်တု (AI) နှင့် နျူကလီးယားလက်နက်များ ခေတ်ကာလတွင် “လက် နက်ကင်းမဲ့ရေးနှင့် လက်နက်ဖျက်သိမ်းရေး ငြိမ်းချမ်းမှုဆိုင်ရာ ရောမကြေညာစာတမ်း” ကို လက်မှတ် ရေးထိုးရန်အတွက် နိုဗယ်ဆုရှင်များ၊ နိုင်ငံတကာမှ ကျွမ်းကျင်သူများနှင့် သိပ္ပံပညာရှင်များ၊ ဘာသာ ရေးခေါင်းဆောင်များ၊ နိုင်ငံတော်နှင့် အစိုးရအဖွဲ့ခေါင်းဆောင်ဟောင်းများသည် ရောမမြို့ရှိ ကာပီတို လိုင်း ကုန်းမြင့် (Capitoline Hill) တွင် စုရုံးခဲ့ကြသည်။ နျူကလီးယားလက်နက်များနှင့် AI တို့ကြောင့် ဖြစ် ပေါ်လာသော ကြီးမားလှသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် အဆိုပါပူးတွဲတောင်းဆိုချက်က နိုင်ငံ တကာ ပူးပေါင်းဆောင်ရွက်မှုကို တစ်ကျော့ပြန် အားကောင်းလာစေရန် တိုက်တွန်းထားသည်။
“အတုယူဖန်တီးထားသော ဉာဏ်ရည်တု (AI)၊ နျူကလီးယားနှင့် အလိုအလျောက်မောင်းနှင်သော လက် နက်များ၊ ဒစ်ဂျစ်တယ်ပရိုတိုကောအသစ်များနှင့် ပေါ်ထွက်လာသော ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှု ပုံစံငယ်များ ခေတ်ကာလတွင် လက်နက်ကင်းမဲ့ရေးနှင့် လက်နက်ဖျက်သိမ်းရေး ငြိမ်းချမ်းမှုဆိုင်ရာ ရောမကြေညာစာတမ်း” ဟူသည့် အထူးမှတ်တိုင်ဖြစ်စေမည့် ကြေညာစာတမ်းကို ဇူလိုင်လ ၁၆ ရက် ကြာသပတေးနေ့က ရောမမြို့ ကာပီတိုလိုင်းကုန်းမြင့်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး၊ ယင်းသည် AI နှင့် နျူကလီးယားစစ်ပွဲဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ နိုဗယ်ဆုရှင်များညီလာခံကို ထိရောက်စွာ အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ငြိမ်းချမ်းရေးနှင့် AI ကဏ္ဍများမှ ကမ္ဘာ့ဩဇာအရှိဆုံးပုဂ္ဂိုလ်များနှင့် ထိပ်တန်းနိုင်ငံတကာ သုတေသနအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်ပေါင်း ၂၀၀ ကျော်ကို စုစည်းပေးခဲ့သော ဤညီလာခံသည် အတုယူဖန် တီးထားသော ဉာဏ်ရည်တုခေတ်တွင် လူသားချင်းစာနာထောက်ထားမှုကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်သည့် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ (Pope Leo XIV) ၏ Magnifica humanitas စာချွန်လွှာမှ စိတ်ကူးစိတ်သန်းကို ရယူကျင်းပခဲ့ခြင်းဖြစ်သည်။
ဗာတီကန်သည် ယင်းပွဲကို ဇူလိုင် ၁၄ မှ ၁၅ အထိ ကတ်စတယ် ဂန်ဒေါလ်ဖို (Castel Gandolfo) ရှိ ပုပ်ရ ဟန်းမင်းကြီးဥယျာဉ်အတွင်းရှိ Borgo Laudato si’ တွင် လက်ခံကျင်းပခဲ့ပြီး၊ ယနေ့ ဇူလိုင် ၁၆ ရက်တွင် ရောမမြို့တော်ခန်းမ တည်ရှိရာ ကာပီတိုလိုင်းကုန်းမြင့်၌ ခမ်းနားထည်ဝါသော အစည်းအဝေးဖြင့် ရုပ်သိမ်းခဲ့သည်။ နံနက်ပိုင်းတွင် ရောမမြို့တော်ဝန် ရောဘတ်တို ဂွာတီယာရီ (Roberto Gualtieri) ၏ အဖွဲ့အစည်းဆိုင်ရာ နှုတ်ခွန်းဆက်စကားဖြင့် စတင်ခဲ့သည်။
ထို့နောက် ရှီကာဂိုတက္ကသိုလ်မှ ပါမောက္ခဖြစ်ပြီး ဖြစ်တည်မှုဆိုင်ရာ အန္တရာယ်များလေ့လာ ရေးဓာတ် ခွဲခန်း (X Lab) ၏ တည်ထောင်သူ ဒါရိုက်တာဖြစ်သူ ပါမောက္ခ ဒန်နီရယ် ဟော့ဇ် (Daniel Holz) က “သတင်းဆိုးကတော့ အခုအချိန်ဟာ မကြုံစဖူး အန္တရာယ်ကြီးမားတဲ့ အချိန်ဖြစ်နေတာပါပဲ၊ ဒါပေမဲ့ သတင်းကောင်းကတော့ နျူကလီးယားလက်နက်တွေနဲ့ AI တွေရဲ့အန္တရာယ်ကနေ ငါတို့ကိုယ်ငါတို့ ပိုမိုလုံ ခြုံအောင် လုပ်ဆောင်နိုင်တဲ့ အရာတွေ အများကြီးရှိနေတာပါ” ဟု တက်ရောက်လာသူများကို ပွင့်ပွင့်လင်းလင်း သတိပေးပြောကြားခဲ့သည်။
ကာဒီနယ် ရေနာ – ဖြစ်တည်မှုဆိုင်ရာ ဆုံးဖြတ်ချက်များကို စက် သို့မဟုတ် အယ်လ်ဂိုရီသမ်များက မဆုံး ဖြတ်နိုင်ပါ
ရောမမြို့၏ Vicar General ဖြစ်သူ ကာဒီနယ် ဘာလ်ဒို ရေနာ (Cardinal Baldo Reina) က ရောမကြေညာ စာတမ်းသည် ယနေ့ခေတ်တွင် အထူးအရေးပါကြောင်း ပြောကြားခဲ့သည်။ “ဒါဟာ လျင်မြန်တဲ့ အသွင် ကူးပြောင်းမှုနဲ့ နက်ရှိုင်းတဲ့အန္တရာယ်တွေဖြစ်တဲ့ AI၊ နျူကလီးယားလက်နက်တွေ၊ ပထဝီနိုင်ငံရေး မတည် ငြိမ်မှုတွေ၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေး စနစ် ပျက်ပြားမှုတွေနဲ့ လုံခြုံရေးအတွက် ကြောက်ရွံ့မှု၊ ဟန့် တားမှုနဲ့ အပြန်အလှန် ခြိမ်းခြောက်မှုတွေအပေါ် မှီခိုချင်တဲ့ သွေးဆောင်မှုတွေ ဖြစ်ပေါ်နေတဲ့ အချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။”
ကာဒီနယ် ရေနာက ကျွန်ုပ်တို့သည် သမိုင်းတွင် “အလှည့်အပြောင်းကာလ” သို့ ရောက်ရှိနေ ပြီဖြစ် ကြောင်း အလေးပေးပြောကြားခဲ့သည်။ “သိပ္ပံနဲ့ နည်းပညာတိုးတက်မှုတွေဟာ ကျန်းမာရေး စောင့် ရှောက်မှု၊ ပညာရေး၊ ပြည်သူ့ကျန်းမာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုတို့အတွက် ထူးခြားတဲ့အခွင့်အလမ်းတွေကို ပေးစွမ်းပါတယ်။ ဒါပေမဲ့ အဲဒီတိုးတက်မှုတွေဟာ ကျင့်ဝတ်သိက္ခာ၊ တာဝန်ယူမှုနဲ့ လူသားတို့ရဲ့ ဂုဏ်သိက္ခာကို လေးစားမှုတွေနဲ့ ကင်းကွာသွားမယ်ဆိုရင်တော့ ကြီးစိုးခြယ်လှယ်မှု၊ အပယ်ခံရမှုနဲ့ ဖျက်ဆီးမှုတွေအတွက် လက်နက် တစ်ခု ဖြစ်လာနိုင်ပါတယ်။”
“ဒီနေ့ တင်ပြတဲ့ ကြေညာစာတမ်းက လူသားမျိုးနွယ်ရဲ့ ရှင်သန်ရပ်တည်ရေးကို ဆုံးဖြတ်ပေးမယ့် ဆုံး ဖြတ်ချက်တွေရဲ့ ဗဟိုချက်မှာ ဘယ်စက်ပစ္စည်း၊ ဘယ်အယ်လ်ဂိုရီသမ် (algorithm) နဲ့ ဘယ်အလို အလျောက်စနစ်ကိုမှ မထားရှိနိုင်ဘူးဆိုတာကို အလွန်ရှင်းရှင်းလင်းလင်း သတိပေးထားပါတယ်။”
၎င်းက ဆက်လက်၍ “အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်း၊ ငြိမ်းချမ်းရေးနဲ့ စစ်ပွဲ၊ လူသားတွေနဲ့ နောင်လာ နောက်သား မျိုးဆက်တွေရဲ့ အနာဂတ်ဆိုင်ရာ ဆုံးဖြတ်ချက်တွေဟာ လူသားတွေရဲ့ အပြည့်အဝ၊ တာဝန်ယူမှုရှိပြီး အဓိပ္ပာယ်ရှိတဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေရပါမယ်” ဟု ပြောကြားခဲ့သည်။
AI သည် လူသားများကို တည်ဆောက်ရန် သို့မဟုတ် ဖျက်ဆီးရန် လှုံ့ဆော်နိုင်သည်
တစ်ချိန်တည်းမှာပင် Pontifical Academy for Life ၏ အဓိပတိဖြစ်သူ ဖာသာ အင်ဒရီယာ ချူချီ (Father Andrea Ciucci) က လူသားတို့၏ တီထွင်ဖန်တီးနိုင်စွမ်းအပေါ် သုံးသပ်ပြောကြားခဲ့သည်။ ၎င်းက တစ်ဖက်တွင် လူသားများသည် အံ့မခန်းဖွယ်ရာ လက်ရာမွန်များကို ဖန်တီးနိုင်စွမ်းရှိသော်လည်း၊ အခြား တစ်ဖက်တွင် လူသားတို့၏ တီထွင်ဖန်တီးနိုင်စွမ်းသည် ကြီးမားသော ပျက်စီးဆုံးရှုံးမှု များကို လည်း ဖြစ်ပေါ်စေနိုင်သည်ဟု သတိပြုမိကြောင်း ပြောကြားခဲ့သည်။
သူက AI နှင့် နျူကလီးယားစွမ်းအင်တို့သည်လည်း ခြွင်းချက်မဟုတ်ကြောင်း ပြောကြားရင်း၊ “AI ဟာ လူသားတွေကို တည်ဆောက်ဖို့ ဒါမှမဟုတ် ဖျက်ဆီးဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်” ဟု ဆိုသည်။
ကာဒီနယ် ဆေးလ်ဗာနို မာရီယာ တိုမာစီ (Cardinal Silvano Maria Tomasi) နှင့် ကိုလံဘီယာတက္ကသိုလ်မှ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ပါမောက္ခ မာရီယာ ရက်ဆာ (Maria Ressa) တို့ကလည်း လက်နက် ပြိုင်ဆိုင်မှု များနှင့် မကြုံစဖူး အန္တရာယ်ကြီးမားလှသော ယခုကဲ့သို့ အချိန်ကာလတွင် ကိုယ် ကျင့်တရားဆိုင်ရာ သံလိုက်အိမ်မြှောင်တစ်ခု လိုအပ်ကြောင်း ပြင်းထန်သော စကားလုံးများဖြင့် တက်ရောက်လာသူများကို မိန့်ခွန်းပြောကြားခဲ့သည်။
ကျွန်ုပ်တို့၏ ရှင်သန်ရပ်တည်ရေးသည် စိုးရိမ်စရာဖြစ်နေသည်
ကာလီဖိုးနီးယားတက္ကသိုလ်မှ ရူပဗေဒဆိုင်ရာ နိုဗယ်ဆုရှင်နှင့် သီအိုရီရူပဗေဒဆိုင်ရာ ပါမောက္ခဖြစ်သူ ပါမောက္ခ ဒေးဗစ် ဂရော့စ် (David Gross) က နျူကလီးယားလက်နက်အန္တရာယ်အပေါ် သူ၏အကဲ ဖြတ်ချက်သည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကထက် အဆမတန် ပိုမိုမြင့်မားနေကြောင်း ပြောကြားခဲ့သည်။
လက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ်များ ပျောက်ကွယ်သွားပြီး ယခုအခါ ကိုးနိုင်ငံသည် နျူကလီး ယားအင်အားကြီးနိုင်ငံများ ဖြစ်လာခဲ့ကြသည့်အပေါ် ၎င်းက ဝမ်းနည်းပူပန်ကြောင်း ဖော်ပြခဲ့သည်။ “ကျွန်တော်တို့ဟာ အရှိန်အဟုန်ပြင်းတဲ့ လက်နက်ပြိုင်ဆိုင်မှုကြီးရဲ့ အလယ်ဗဟိုကို ရောက်နေပါပြီ။” ကမ္ဘာ့ပြည်သူများအနေဖြင့် ဤခြိမ်းခြောက်မှုများသည် ၎င်းတို့၏ကိုယ်ပိုင်ဘဝများသာမက ၎င်းတို့၏ သားသမီး မြေးမြစ်များ၏ ဘဝများကိုပါ မည်သို့ထိခိုက်နိုင်သည်ကို ဆက်လက်၍ မသိကျိုးကျွံ မပြုနိုင် ကြတော့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကြေညာစာတမ်းကို ရည်ညွှန်း၍ ပါမောက္ခ ဂရော့စ်က ယင်း၏ အကြံပြုချက်များသည် ရိုးရှင်းပြီး ကျွန်ုပ်တို့ ယခင်ကလည်း ကြားဖူးပြီးသားဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
၎င်းက “နျူကလီးယားနိုင်ငံတွေအနေနဲ့ စစ်ပွဲ၊ နျူကလီးယားစစ်ပွဲနဲ့ ပျက်သုဉ်းမှုအန္တရာယ်တွေကို လျှော့ ချပေးမယ့် မူဝါဒတွေကို မြှင့်တင်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု အလေးပေးပြော ကြားခဲ့သည်။
တက်ရောက်လာသူများအနေဖြင့် ပုပ်ရဟန်းမင်းကြီး၊ အသင်းတော်နှင့် ကိုယ်ကျင့်တရား အသိစိတ်ရှိသူ တိုင်း၏ စကားများကို အတုယူ၍ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“မင်းတို့ရဲ့ လူသားဆန်မှုကိုပဲ မှတ်သားထားပြီး ကျန်တာတွေကို မေ့ပစ်လိုက်ပါ” ဟု နိုဗယ်ဆုရှင်က ထပ်လောင်းပြောကြားခဲ့ပြီး၊ ကျွန်ုပ်တို့နှင့် နောင်လာနောက်သား မျိုးဆက်သစ်များ၏ ရှင်သန်ရပ်တည် ရေးသည် အမှန်တကယ် စိုးရိမ်စရာဖြစ်နေကြောင်း သတိပေးခဲ့သည်။
ငြိမ်းချမ်းရေးသံတမန် ရှာရွန် စတုန်း (Sharon Stone) ကလည်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့ရာတွင် ဘုံအကျိုးစီးပွားနှင့် လူသားတိုင်း၏ ဂုဏ်သိက္ခာကို လေးစားမှုဟူသော ရည်မှန်းချက်အောက်တွင် စည်း လုံးညီညွတ်ကြရန်၊ စက်ပစ္စည်းများ၏ စွမ်းဆောင်ရည် မြင့်မားလာသည်နှင့်အမျှ ယင်းတို့ကို ဖန်တီး သူများ၏ ကိုယ်ကျင့်တရားဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများသည်လည်း မြင့်မားလာရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “လူသားရဲ့ ဂုဏ်သိက္ခာဆိုတာ အယ်လ်ဂိုရီသမ် တစ်ခုမဟုတ်ပါဘူး” ဟု သူမက ပြောကြားခဲ့သည်။
Fr. Peter Kyi Maung
Photo Credit: Vatican News
Website: rvamyanmar.org
https://www.youtube.com/@rvamyanmar8152
https://www.vaticannews.va/…/global-nobel-laureates…
See less



