
«သက်တမ်းတစ်လျှောက် တန်ဖိုးထားအပ်သောနေ့» အတွက် ပုပ် ရဟန်းမင်းကြီး၏ သဝဏ်လွှာ။

၂၀၂၆ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် ကျရောက်သည့် «သက်တမ်းတစ်လျှောက် တန်ဖိုးထားအပ်သောနေ့» (Day for Life)အတွက် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) ၏ သဝဏ်လွှာအကျဉ်းချုပ်မှာ
• ဝမ်းနည်းပူဆွေးနေရသူများအား နှစ်သိမ့်ခြင်းနှင့် ပံ့ပိုးကူညီခြင်း။ ။ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် သားသမီး (အထူးသဖြင့် ရင်ခွင်ပိုက်အရွယ် ကလေးငယ်များ) ဆုံးရှုံးလိုက်ရသဖြင့် ဝမ်း နည်းပူဆွေးနေကြရသော မိဘများအတွက် ဆုတောင်းပေးလျက်ရှိကြောင်းနှင့် စိတ်ပိုင်းဆိုင် ရာ အရ အမြဲနီးကပ်စွာ ရှိနေကြောင်း မိန့်ကြားခဲ့သည်။ ယင်းသို့ ကြေကွဲဝမ်းနည်းနေရသည့် မိသားစု များအနေဖြင့် ခရစ်ယာန်အသိုင်းအဝိုင်း၊ ဆုတောင်းခြင်းနှင့် စက္ကရမင်တူ (ပွဲတော်များ) မှတစ် ဆင့် လိုအပ်သော အားပေးကူညီမှုများကို ရရှိနိုင်ကြပါစေကြောင်း ထည့်သွင်းမြွက်ကြားခဲ့သည်။
• လူ့သိက္ခာ၏ အဓိကအနှစ်သာရ။ ။ ဗာတီကန်နိုင်ငံခြားရေးဝန်ကြီး ကာဒီနယ် ပီယေတရို ပါရိုလင် (Cardinal Pietro Parolin) မှတစ်ဆင့် ဂိုဏ်းချုပ်ဆရာတော် ဂျွန် ရှာရင်တန် (Archbishop John Sherrington) ထံ ပေးပို့သော ဤသဝဏ်လွှာတွင် ယခုနှစ်အတွက် ရွေးချယ်ထားသည့် “မိခင်ဝမ်း ကြာတိုက်အတွင်းရှိ ကလေးငယ်တစ်ဦး၏ ပြည့်စုံလှသော လူသားဆန်မှု” ဆိုသည့် ဆောင်ပုဒ်ကို ချီးကျူးဂုဏ်ပြုထားသည်။
• အသက်အိုးအိမ်၏ မြင့်မြတ်မှု။ ။ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ မကြာသေးမီက ထုတ်ပြန် ခဲ့သော Magnifica humanitas စာချွန်တော်ကို ကိုးကား၍ ပုပ်ရဟန်းမင်းကြီးက လူသားတိုင်း သည် ဘုရားသခင်၏ အလိုတော်ကြောင့် ဖန်ဆင်းခံရပြီး ချစ်ခြင်းမေတ္တာတော်ကို ခံရသူများ ဖြစ် သည့်အတွက် သန္ဓေတည်သည့် အချိန်မှစ၍ “အတိုင်းအဆမဲ့ မြင့်မြတ်သော ဂုဏ်သိက္ခာ” ရှိပြီး သားဖြစ်ကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။
• ကျေးဇူးတင်စကားနှင့် ကောင်းချီးပေးခြင်း။ ။ ပုပ်ရဟန်းမင်းကြီးသည် ဤ «သက်တမ်း တစ် လျှောက် တန်ဖိုးထားအပ်သောနေ့» အစီအစဉ်မှတစ်ဆင့် လူသားတို့၏ ဂုဏ်သိက္ခာကို မြှင့်တင် ရန်နှင့် ကာကွယ်စောင့်ရှောက်ရန် ကြိုးပမ်းနေကြသူ အားလုံးကို ကျေးဇူးတင်စကား ပြောကြား ခဲ့ပြီး တက်ရောက်သူအားလုံးအပေါ်သို့ သာသနာပိုင်၏ တမန်တော်မြတ် ကောင်းချီးမင်္ဂလာ (Apostolic Blessing) ကို ပေးသနားခဲ့သည်။
«သက်တမ်းတစ်လျှောက် တန်ဖိုးထားအပ်သောနေ့» (Day for Life) အကြောင်း။ ။ အင်္ဂလန်၊ ဝေလ၊ စကော့တလန်နှင့် အိုင်ယာလန်နိုင်ငံတို့ရှိ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့မှ နှစ်စဉ်ကျင်းပသော ဤနေ့ထူးသည် လူသားတိုင်း၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန်နှင့် ဘဝတစ်လျှောက်လုံးတွင် ခက်ခဲသော အခြေအနေများနှင့် ရင်ဆိုင်နေရသူများကို ကူညီပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ပါသည်။
Fr. Peter Kyi Maung
Photo credit : Vatican News
Website: rvamyanmar.org
/ @rvamyanmar8152
#rvamyanmar#Tripledialogue See less
https://www.vaticannews.va/…/pope-leo-message-day-for…
See less

