ယေဇူးရွှေနှလုံးတော်ဘုရားကျောင်းပွဲနေ့ကျင်းပ။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ မန္တလေးမြို့ပေါ်၈၂လမ်း ၂၅x၂၆ကြား ဆရာတော်ကျောင်းတိုက် တည်ရှိရာ ကာသီ ဒြယ် ရွှေနှလုံးတော်ဘုရားကျောင်းပွဲမစ္ဆားတရားတော်ကို(၁၄.၆.၂၀၂၆)နေ့ နံနက် ၇:ဝဝ နာရီအချိန်၌ Fr. Nicholas Pyone Cho မှဦးဆောင်ပူဇော်ပေးခဲ့ပါသည်။

ကျောင်းပွဲတော်သို့ မြို့ပေါ်ရှိသာသနာစီရင်စုအသီးသီးမှာ ဘုန်းတော်ကြီးများ၊ သီလရှင်များနှင့် ဘာသာ ဝင်များလာရောက်ပါဝင်ခဲ့ကြပါသည်။ ဤရွှေနှလုံးတော်ကျောင်းပွဲကို ယခင်နှစ်များတွင် သဘာဝဘေး ဒဏ် နှင့်အခြားသေားအချေအနေအမျိုးမျိုးကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိသော်လည်း ယခု နှစ်တွင် ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Aloysius Nay Myo Swe မှဦးဆောင်းပြီးပြန်လည်းကျင်းပ နိုင် ခဲ့ခြင်း ဖြစ်ပါသည်။

မစ္ဆားတရားအတွင်း ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Aloysius Nay Myo Swe မှဩဝါဒတရားမြွက်ကြား ရာမှာ

“ လူ့ရဲ့နှလုံးသားထဲမှာ ခ့စားချက်တွေမြစ်ဖျားခံရာ ဂေဟာတစ်ခုလို အများကြီးပြည့်နက်နေတယ် ကျွန်ုပ် တို့ရဲ့နှလုံးသားထဲမှာ ချစ်ခြင်းမုန်းခြင်းတွေ၊ ပျော်ရွှင်ဝမ်းမြောက်ခြင်းတွေ၊ လွမ်းဆွတ်ခြင်းတွေ၊ရင်ခုန် ခြင်းတွေစသည်ဖြင့် အစုံရှိနေတယ်။ ချစ်လို့ရသလိုမုန်းလို့လည်းရတယ်၊ ခွင့်လွတ်လို့ရသလို ရန်ငြိုးတွေ မနာလိုမှုတွေ စတဲ့အရာအားလုံးနဲ့ပြည့်နေတဲ့ အရာသည် ကျွန်ုပ်တို့ရဲ့နှလုံးသားဖြစ်ပါတယ်။

ဒါပေမဲ့ဘုရားရဲ့နှလုံးသားထဲမှာရှိတဲ့တစ်ခုတည်းသော အရာသည် မေတ္တာတရားပဲဖြစ်ပါတယ်။ ဒါဟာ လူ့ရဲ့ နှ လုံးသားနဲ့ဘုရားရဲ့နှလုံးသားကွာခြားခြင်းပဲ ကျွန်ုပ်တို့ရဲ့နှလုံးသားထဲမှာအကုန်ရှိတယ် ဘုရားရဲ့နှ လုံးသားထဲမှာတော့ မေတ္တာတရားတစ်ခုတည်းပဲရှိပါတယ်။ ဒါကြောင့်ဒီနေ့ဒီပွဲကို ကျင်းပကြရခြင်းရဲ့ ရည်ရွယ်ချက်က ဘုရားရဲ့မေတ္တာကို သိရှိပြီး ဘုရားကိုချီးမွမ်းထောပနာပြုဖို့ နှင့် နောင်တတရားနှင့် ဘုရား ရဲ့အချစ်တွေကို ပြန်လည်တုန်းပြန် ဘုရားချစ်သလို ကျွန်ုပ်တို့လည်းဘုရားကို ပြန်ချစ်နိုင်ဖို့ ဖြစ် ပါတယ်။

တစ်ခါတလေ ကျွန်ုပ်တို့က ဘုရားကို လိုသုံး သုံးတတ်ကြတယ် ဒုက္ခတွေ အခက်အခဲတွေကြုံလာမှ ဘုရားကိုသတိရကြတယ်။ အရာအားလုံးအဆင်ပြေနေတဲ့အချိန် ဘုရားကို သတိရမှန်း၊ချစ်ရမှန်း၊ ကျေး ဇူးတင်ရမှန်း မသိပဲ ဘုရားရဲ့ မေတ္တာတွေကို လစ်လျူရှုထားတတ်ကြတယ်။ ဒုက္ခရောက်တဲ့အချိန် လောက်မှပဲဘုရားကိုသတိရကြတယ်။ ဘုရားကလူတွေကိုချစ်လွန်းလို့အများကြီးပေးဆပ်ခဲ့တယ် ဒါပေ မဲ့လူတွေက ပြန်မချစ်တဲ့အချိန်မှာ ဘုရားရဲ့နှလုံးတော်ဘယ်လောက်နာကျင်ရမလဲ ကျွန်ုပ်တို့ ပြန်လည် ထောက်ရှုဖို့လိုပါတယ်။

ဒီကနေ့ရွှေနှလုံးတော်ပွဲကျင်းပတဲ့အချိန်မှာ ကျွန်ုပ်တို့အတွက် ဝိညာဉ်ခွန်အားဘာတွေယူကြမလဲ။ လက် တွေ့ကျင့်ကြံခြင်းဖြင့် ကျွန်ုပ်တို့ရဲ့နှလုံးသားတွေ ပြောင်းလဲကြရမယ်။ ဒီမှာဘုရားကျောင်းလာတက် ကြ တယ် ပြန်သွားတဲ့အချိန်ဘာလုပ်မလဲ အခုချိန်ထိ ကျွန်ုပ်တို့ နှလုံးသားထဲမှာ အပြည့်ရှိနေတဲ့ ခွင့်မလွတ် ရန်ညိုးရန်စတွေ ဒေါသတွေ မနာလိုမှုတွေ ဒီလိုအရာတွေကို မိမိနှလုံးသားထဲမှ ရှင်းထုတ်ပြီး အားလုံး ကိုပြောင်းလဲပစ်ရမယ်။ ကျွန်ုပ်တို့ အပစ်တစ်ခါလုပ်တိုင်းလုပ်တိုင်း ဘုရားရဲ့ နှလုံးကို လှံနဲ့ထိုးတာနဲ့ အတူ တူပဲ ဒါဆို ဒဏ်ရာတွေနဲ့ပြည့် နေတဲ့ ဘုရားနှလုံးသားကို ကူညီကုဖို့ဆိုရင် ကျွန်ုပ်တို့ အယောက်စီတိုင်း အပြစ်မလုပ်မိအောင်နေထိုင်ခြင်းပဲဖြစ်ပါတယ်။

မစ္ဆားတရားဦးဆောင်ပူဇော်ပေးခဲ့သည့် ဘုန်းတော်ကြီး Fr. Nicholas Pyone Cho မှလည်း

ဒီနေ့ကျွန်ုပ်တို့ ကျင့်ပနေကြတဲ့ယေဇူးရွှေနှလုံးတော်ပွဲကို ထာဝရဘုရားသခင်က တစ်ချိန်တုန်းက  ကျောက်နှလုံးသားကိုဘုရားရှင်အစပြုခဲ့တယ်။ နောင်မှာတော့ဘုရားရှင်က လူ့ရဲ့နှလုံးသား၊ လူ့ရဲ့သဘော သဘာဝ၊ လူ့ရဲ့အစိတ်အပိုင်းတွေ၊ လူ့ရဲ့ဝိညာဉ်စသည်ဖြင့် ဘုရားရှင်ပြင်ဆင်ပြီးတော့မှ ကျောက်နှလုံး သားကနေ လူသားရဲ့နှလုံးသား လူသားရဲ့အစိတ်အပိုင်းတွေနဲ့အစပြုပြီး ဒီနေ့မှာ ကျွန်ုပ်တို့အားလုံးသည် လည်း သခင်ယေဇူးဘုရားရဲ့နှလုံးတော် တစ်နည်းအားဖြင့် ရွေနှလုံးတော်ပွဲနေ့ကို ကျင်းပခြင်း ဘုရား သခင်ကိုယုံကြည်ကိုးကွယ်ခြင်းအားဖြင့် ဝတ်ပြုကိုးကွယ်ခြင်းများ ဆက်လက်ကျင်းပနေခြင်း ဖြစ်ပါ သည်။

ဒါကြောင့်မို့ ဒီနေ့ယေဇူးရွှေနှလုံးတော်ပွဲနေ့မှာ ဘုရားရှင်ရဲ့ချစ်ခြင်းကို ကျွန်ုပ်တို့ဆီမှာတောက်လောင် ခြင်း ချစ်ခြင်းမီးလျံကို ကူစက်လောင်ကျွမ်းသွားစေခြင်းအားဖြင့် မိမိပတ်ဝန်းကျင်မှာလည်း ဘုရားရဲ့ မေတ္တာ ဘုရားရဲ့ အချစ်တွေကိုတစ်ဦးထံမှ နောက်တစ်ဦးဆီသို့ ရောက်ရှိအောင် ဝေမျှသွားကြရမည် ဖြစ်ပါသည်။ဟု ပြောကြားခဲ့သည်။

ဆက်လက်ပြီးကျောင်းထိုင်ဘုန်းတော်ကြီးမှ ကျေးဇူးတင်စကားပြောကြားရာမှာ

ဒီပွဲဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှကူညီပေးကြသော အလှူရှင်တွေ၊ ဆုတောင်းမေတ္တာအားဖြင့် လည်းကောင်း၊ ငွေကြေးအားဖြင့်လည်းကောင်း၊ လုပ်အားဒါနအားဖြင့်လည်းကောင်း ကူညီထောက်ပံ့ ပေးကြတဲ့အလှူရှင်အားလုံးတွေကိုလည်း ကျေးဇူးတင်ပါသည်။

ကျွန်ုပ်တို့လွန်ခဲ့သောတစ်ချို့နှစ်တွေမှာ ခေတ်အခြေအနေနှင့် သဘာဝဘေးဒဏ်တွေကြောင့် ဒီပွဲတော်ကို ကျောင်းထိုင်ဘုန်းတော်ကြီးတစ်ပါးတည်းမစ္ဆားတရားပူဇော်တာလောက်ပဲလုပ်ခဲ့ကြပါတယ်။ ဒီနှစ်မှာ တော့ဘုရားရဲ့ကျေးဇူးတော်ကြောင့် ဘာသာဝင်တွေနဲ့ သိုက်သိုက်ဝန်းဝန်းနှင့် ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါ တယ်။ သာသနာစီရင်စုအသီးသီးကလည်း လိုအပ်သည်များကို လာရောက်ကူညီပေးတဲ့ အတွက် အားလုံး ကိုကျေးဇူးတင်ပါတယ်။ နောက်နောင်တွေမှာလည်း ဘယ်လိုပွဲပဲရှိရှိ သူကျောင်း ကိုယ့်ကျောင်း ဟူ၍မခွဲခြားပဲ ခုလို တစ်ယောက်နဲ့တစ်ယောက် တစ်ကျောင်းနဲ့တစ်ကျောင်း အားဖြည့်ကူညီရင်း ဆက် လက်ပြီးတော့ သာသနာတော်တိုးတက်ရေးအတွက် ပါဝင်ဆက်ကပ်ကြဖို့ရန်အတွက်လည်း အားလုံး ကို အားပေးတိုက်တွန်းအပ်ပါသည်။

rvamyanmar
rvamyanmar
Articles: 4002

Leave a Reply

Your email address will not be published. Required fields are marked *