
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) စပိန်နိုင်ငံ တမာန်တော်ခရီးစဉ်အတွင်း ငြိမ်းချမ်းရေး၊ ကုစားခြင်းနှင့် ဘု ရားသခင်၏ကရုဏာတော်ကို တိုက်တွန်းနှိုးဆော်။
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) စပိန်နိုင်ငံ တမာန်တော်ခရီးစဉ်ဇွန်လ ၁၀ သတင်းများကို စုစည်းတင် ဆက် ပေးလိုက်ပါသည်။
စပိန်နိုင်ငံသို့ ကြွရောက်တော်မူသည့် သာသနာပြုခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ကက်တလိုးနီးယား (Catalonia) ဒေသ၏ အထင်ကရ ဘာသာရေးနှင့် လူမှုရေးအဖွဲ့အစည်းများထံသို့ သွားရောက်ခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး၊ စိတ်နှလုံးကုစားခြင်းနှင့် ဘုရားသခင်၏ အကန့်အသတ်မဲ့ မေတ္တာ တော်တို့နှင့်ပတ်သက်၍ လေးနက်သော သတင်းစကားများကို မိန့်ကြားခဲ့သည်။
ဆာဂရာဒါ ဖာမီလီယာ (Sagrada Família) ကျောင်းတော်ကြီး၌ ငြိမ်းချမ်းရေးအတွက် တောင်းဆိုခြင်း ဗိသုကာပညာရှင် အန်တိုနီ ဂေါဒီ (Antoni Gaudí) ကွယ်လွန်ခြင်း နှစ်တစ်ရာပြည့်အထိမ်းအမှတ်အဖြစ် ဘာစီလိုနာမြို့ရှိ ကျော်ကြားလှသော ဆာဂရာဒါ ဖာမီလီယာ ဘာဆီလီကာ ကျောင်းတော်ကြီး၌ မစ္ဆားတရားတော်ကို ဦးဆောင်ပူဇော်စဉ်၊ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က မပြီးပြတ်သေးသည့် ဤဗိသုကာလက်ရာကြီးသည် ခရစ်ယာန်တို့၏ ဘဝခရီးလမ်း (ဘုရားသခင်၏လမ်းပြမှုဖြင့် အစဉ်တ စိုက် တည်ဆောက်နေရဆဲခရီး) ကို ဖော်ညွှန်းနေသည်ဟု မိန့်ကြားခဲ့သည်။
ကျောင်းတော်ကြီး၏ မြင့်မားလှသော မျှော်စင်များအောက်တွင် ရဟန်းမင်းကြီးက ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် အရေးတကြီး တောင်းဆိုခဲ့ပြီး၊ ကျောက်တုံးများကို ပုံဖော်သကဲ့သို့ ယုံကြည်ခြင်းသည်လည်း လူသားတို့၏ အပြုအမူများကို ပုံဖော်ပေးရမည်ဟု အလေးအနက် မိန့်ကြားခဲ့သည်။ ၎င်းက ယုံကြည် ခြင်းနှင့် အကြမ်းဖက်မှုသည် အတူတကွ တည်ရှိ၍မရနိုင်ကြောင်း ထောက်ပြကာ၊ စစ်ပွဲကို အားပေးနေ သရွေ့ ယေဇူးသခင်ကို အမှန်တကယ် ယုံကြည်သည်ဟု မဆိုနိုင်ကြောင်းနှင့် နိုင်ငံအသီးသီးအနေဖြင့် ငြိမ်းချမ်းရေးအတွက် မမောမပန်း ကြိုးပမ်းကြရန် တိုက်တွန်းခဲ့သည်။
မွန်ဆာရတ် (Montserrat) အာရုံခံကျောင်းတော်၌ “မြှုပ်ကွယ်နေသော အကြမ်းဖက်မှု” ကို ရှုတ်ချခြင်း ဘုရားဖူးခရီးစဉ်အတွင်း ရဟန်းမင်းကြီးသည် သမိုင်းဝင် မွန်ဆာရတ်တောင်ပေါ် ဘုန်းတော်ကြီး ကျောင်း သို့လည်း ကြွရောက်ခဲ့သည်။ “မယ်တော်ဆင်းထုတော်အမည်း” (Black Madonna) ရုပ်တုတော်ရှေ့တွင် မယ်တော်သီချင်းကို ဦးဆောင်ရွတ်ဆိုပြီးနောက်၊ နေ့စဉ်ဘဝတွင် အတင်းအဖျင်းပြောခြင်း၊ ဂုဏ်သိက္ခာ ချခြင်း၊ အရှက်ခွဲ၍ ဝေဖန်ခြင်းနှင့် စောစီးစွာ ဆုံးဖြတ်ချက်ချခြင်းများမှတစ်ဆင့် ပြသနေသည့် “မြှုပ် ကွယ်နေသော အကြမ်းဖက်မှု” များကို သတိပေးခဲ့သည်။
လူတို့သည် မိမိတို့၏ ကိုယ်ရေးကိုယ်တာ ဒဏ်ရာများနှင့် ကြောက်ရွံ့မှုများကို ဖုံးကွယ်ရန် ဤနှုတ်မှု ရေး ရာ အကြမ်းဖက်မှုများကို ခုခံကာကွယ်ရေး ချပ်ဝတ်တန်ဆာအဖြစ် အသုံးပြုလေ့ရှိကြောင်း ရှင်းလင်း မိန့်ကြားခဲ့သည်။ ခရစ်တော်၏ ပုံသက်သေကို စံနမူနာယူလျက် ဘာသာတူများအနေဖြင့် မိမိတို့၏ ချပ် ဝတ်တန်ဆာများကို ချထားကြပြီး၊ အကြမ်းဖက်မှုများကို ပျယ်ပျယ်သွားစေနိုင်သော “လက်နက်မဲ့ မေတ္တာစွမ်းအား” ကို လက်ခံကြရန် တိုက်တွန်းခဲ့သည်။ ထို့ပြင် အခြားနိုင်ငံများမှ ရွှေ့ပြောင်းအခြေချသူ များကို “မိသားစုတစ်ခုတည်း” အဖြစ် နွေးထွေးစွာ ကြိုဆိုပေါင်းစည်းပေးခဲ့သည့် ကက်တလန်ပြည်သူ များ၏ ဧည့်ဝတ်ကျေပွန်မှုကိုလည်း အထူးကျေးဇူးတင်ကြောင်း မိန့်ကြားခဲ့သည်။
ဘရိုင်ယန် ၁ (Brians 1) အကျဉ်းထောင်သို့ မျှော်လင့်ချက်နှင့် ကရုဏာတော် သတင်းစကား ပါးခြင်း လူ့ အဖွဲ့အစည်း၏ အပယ်ခံများထံသို့ နှစ်သိမ့်မှု သတင်းစကား ပါးလိုသောကြောင့် ပုပ်ရဟန်းမင်းကြီးသည် ဘရိုင်ယန် ၁ အကျဉ်းထောင်သို့ သွားရောက်ကာ အကျဉ်းကျခံနေရသူများနှင့် တွေ့ဆုံခဲ့သည်။ ရဟန်း မင်းကြီးက လူတစ်ဦး၏ အတိတ်က အမှားများသည် ထိုသူ၏ ဖြစ်တည်မှုအစစ်အမှန်ကို သတ်မှတ်၍ မရကြောင်း၊ ဘုရားသခင်၏ ကရုဏာတော်သည် ကြီးမားလှကြောင်း အမှတ်ရစေခဲ့သည်။ “ကျွန်ုပ်တို့ကို ဘုရားသခင် မျက်နှာလွှဲသွားစေမယ့် ဘယ်လိုအခြေအနေမျိုးမှ မရှိပါဘူး” ဟု မိန့်ကြားကာ၊ မည်မျှပင် ဝန်ထုပ်ဝန်ပိုး သို့မဟုတ် နောင်တများ ရှိနေပါစေ ဘုရားသခင်၏ မေတ္တာတော်သည် အမြဲတည်ရှိ နေ ကြောင်း အကျဉ်းသားများအား နှစ်သိမ့်ပေးခဲ့သည်။ ၎င်းတို့အနေဖြင့် စိုးရိမ်ပူပန်မှုနှင့် ဝမ်းနည်းမှုများကို အရှုံးမပေးဘဲ အနာဂတ်ကို မျှော်ကြည့်ကြရန် တိုက်တွန်းခဲ့ပြီး၊ ဘုရားသခင်သည် လူသားတို့အား နောင်တရရန်၊ ပြုပြင်ရန်နှင့် အသစ်က ပြန်လည်စတင်ရန်အတွက် ကရုဏာတော်ကို အမြဲပေးသနား တော်မူကြောင်း အားပေးမိန့်ကြားခဲ့ပါသည်။
Fr. Peter Kyi Maung
Photo Credit: Vatican News
https://www.youtube.com/@rvamyanmar8152
Website: rvamyanmar.org
See less


