ရောမမြို့ပြင်ရှိ စိန်ပေါလ် ဘာစီးလီကာ ဘုရားကျောင်းတော်ကြီး တွင် မြန်မာပြည်မှ ဆရာတော်ကြီးများ အတူတကွ မစ္ဆားတရားပူဇော်။

ရောမမြို့ပြင်ရှိ စိန့်ပေါလ် ဘာစီးလီကာ ဘုရားကျောင်းကြီး (The Basilica of Saint Paul Outside the Walls) ရောမမြို့ပြင်ရှိ စိန့်ပေါလ် ဘာစီးလီကာ ဘုရားကျောင်းကြီး (အီတလီဘာသာဖြင့်: Basilica Papale di San Paolo fuori le Mura) သည် ရောမမြို့ရှိ ပုပ်ရဟန်းမင်းကြီး သတ်မှတ်ထားသော အဓိက ဘာစီးလီကာ (Papal Basilica) ဘုရားကျောင်းကြီး လေးခုအနက် တစ်ခုဖြစ်သည်။

ဤဘုရားကျောင်းကြီးကို “မြို့ရိုးအပြင်ဘက်” (Outside the walls) ဟု ခေါ်ဆိုရခြင်းမှာ – ရှေးခေတ် ကာလက ရောမမြို့ကို ဝန်းရံကာကွယ်ထားသည့် အော်ရီလီယံ (Aurelian) မြို့ရိုးဟောင်း၏ အပြင်ဘက်၊ တမန်တော်စိန့်ပေါလ် (Apostle Paul) ကို သင်္ဂြိုဟ်ခဲ့သည့် ဂူဗိမာန်နေရာပေါ်တွင် မူလဘုရားကျောင်းကို တည်ဆောက်ခဲ့ခြင်းကြောင့် ဖြစ်သည်။

Website: rvamyanmar.org

https://www.youtube.com/@rvamyanmar8152

#rvamyanmar

See less

rvamyanmar
rvamyanmar
Articles: 3970

Leave a Reply

Your email address will not be published. Required fields are marked *