မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (CBCM) ၏ ဒုတိယအကြိမ်မြောက် အထွေထွေညီ လာခံ(၂၀၂၆ခုနှစ်၊မေလ၂၂-၂၃နှင့်၂၅ရက်)မှတာဝန်ခန့်အပ်ချက်များ။

၁။ ဆရာတော် ဟင်နရီအိခ်လိန်း (Bishop Henry Eikhlein) အား ကက်သလစ် ရဟန်းတော်များဆိုင်ရာ ဆရာတော်ကြီးများကော်မရှင် (Episcopal Commission for Clergy) ၏ ဥက္ကဋ္ဌဆရာတော် အသစ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ပါသည်။

၂။ မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ (Archdiocese of Mandalay) မှ ဖာသာ အိုင်ဗန်ရှိုင်းကိုကို (Fr. Ivan Shine Ko Ko) အား ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ ဆရာတော်ကြီးများကော်မရှင် (Episcopal Commission for Liturgy) ၏ အတွင်းရေးမှူးအဖြစ် ခန့်အပ် တာဝန်ပေးလိုက်ပါသည်။

၃။ ဗန်းမော်သာသနာ (Diocese of Banmaw) မှ ဖာသာ ဖရန်စစ်အောင်ဆိုင်းနော် (Fr. Francis Aung Seng Naw) အား အသင်းတော်သမိုင်းဘာသာရပ် (Church History) ဆိုင်ရာ ပါမောက္ခအဖြစ် ခန့်အပ်တာဝန် ပေးလိုက်ပါသည်။

၄။ ဖာသာ ရောဘတ်ကျော်သူ, MSP (Fr. Robert Kyaw Thu, MSP) အား သာသနာပြုလုပ် ငန်းဆိုင်ရာ ပညာရပ် (Missiology) ၏ ဧည့်ပါမောက္ခအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ပါသည်။

Website: rvamyanmar.org

https://www.youtube.com/@rvamyanmar8152

See less

rvamyanmar
rvamyanmar
Articles: 3950

Leave a Reply

Your email address will not be published. Required fields are marked *