အသင်းတော်၏ အသီးအပွင့်ဖြစ်ထွန်းမှုကို အရေအတွက်ပေါ်တွင် မမူတည်သင့်ကြောင်း ပုပ်ရဟန်း မင်း ကြီးမိန့်ကြား။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ဗာတီကန်၌ ကျင်းပပြီးစီးခဲ့သော အီတလီဆရာတော်ကြီးများ အဖွဲ့ ချုပ် (CEI) ၏ (၈၂) ကြိမ်မြောက် အထွေထွေညီလာခံသို့ တက်ရောက်လာကြသည့် ဆရာတော်ကြီး များ နှင့် တွေ့ဆုံစဉ် “အဓိကကျသောအရာကို အာရုံစိုက်ရန်” နှင့် ရှုပ်ထွေးလှသော ယနေ့ခေတ်ကမ္ဘာတွင် “လူ တို့ကို နိုးကြားစေသည့်” ဧဝံဂေလိတရားတော်ကို ဦးစားပေးလုပ်ငန်းအဖြစ် ဆက်လက်ထားရှိရန် တိုက် တွန်းနှိုးဆော်ခဲ့သည်။

ဆရာတော်ကြီးများအား မိန့်ကြားရာတွင် ပုပ်ရဟန်းမင်းကြီးက အောက်ပါအချက်များကို အလေးပေး ပြောကြားခဲ့သည် -�စစ်မှန်သော အမြင်ဖြင့် ကြည့်မြင်ခြင်း – လူတို့၏ဘဝတွင် မောပန်းနွမ်းနယ်မှု၊ စိတ် ဝမ်းကွဲပြားမှုနှင့် အထီးကျန်မှုများ ရှိနေသော်လည်း “ကောက်ပဲသီးနှံများမှာ မှည့်ဝင်းလျက်ရှိသည်” ဟူ သော ကျမ်းစာလာစကားအတိုင်း ဘုရားသခင် ပြင်ဆင်ပေးထားသည့် ရလဒ်များကို ရှင်ပြန် ထ မြောက်သော ခရစ်တော်၏မျက်စိဖြင့် ကြည့်မြင်တတ်ရမည်။ မြေမာနေသည်ဟု ညည်းညူခြင်း သို့မ ဟုတ် စာရင်းဇယား ကိန်းဂဏန်းများအပေါ်၌သာ အာရုံစိုက်နေခြင်းမျိုး မလုပ်ဆောင်သင့်ပေ။�

�ဧဝံဂေလိတရားတော်ကို ဗဟိုပြုခြင်း – သာသနာတော်၏ သမိုင်းတစ်လျှောက်လုံးတွင် ဒေသနာ ဟော ပြောခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်းနှင့် ပရဟိတလုပ်ငန်းများ၌ ခရစ်တော်နှင့် ရှင်သန်နိုးကြားစွာ တွေ့ဆုံ နိုင်ရေးကို အမြဲမပြတ် မေးခွန်းထုတ် ဆန်းစစ်နေရမည်။� �ယုံကြည်ခြင်းကို လက်ဆင့်ကမ်းခြင်း – စက္က ရမင်တူတရားများသည် ဘာသာတူအသိုင်းအဝိုင်းအတွင်း ယုံကြည်ခြင်းကို မွေးဖွားပေးသည့် “သား အိမ်” ကဲ့သို့ ဖြစ်သည်။ နှုတ်ကပတ်တော်ကို နာခံပြီး၊ ကိုယ်တော်မြတ်ကို ဗဟိုပြုကာ၊ ဆင်းရဲသားများကို မောင်နှမအရင်းကဲ့သို့ သဘောထားသည့် လူထုအသိုင်းအဝိုင်းများ၌သာ ယုံကြည်ခြင်းသည် ဆက် လက်ရှင်သန် တိုးတက်နိုင်သည်။� �စီနိုဒယ်လမ်းစဉ် (Synodal Journey) – ဤလမ်းစဉ်သည် လူတိုင်း မိမိတို့၏ ကွဲပြားသော ပါရမီအလိုက် သာသနာတော်တည်ဆောက်ရေးတွင် ပါဝင်ခွင့်ရရှိခြင်း ဖြစ်သည်။ ထို့ကြောင့် ပါဝင်ဆောင်ရွက်ခြင်းသည် ရွေးချယ်စရာမဟုတ်ဘဲ သာသနာတော်၏ မရှိမဖြစ် တာဝန် ဝတ္တ ရားဖြစ်သည်။�

အရေအတွက်သည် အဓိကမဟုတ်

ပုပ်ရဟန်းမင်းကြီးက ဘုရားသခင်သည် သာသနာတော်၏ အောင်မြင်ဖြစ်ထွန်းမှုကို လူဦးရေအရေ အတွက်၊ ထင်ပေါ်ကျော်ကြားမှု သို့မဟုတ် သြဇာအာဏာတို့ဖြင့် တိုင်းတာရန် တောင်းဆိုတော် မမူ ကြောင်း အလေးအနက် မိန့်ကြားခဲ့သည်။

ဆရာတော်ကြီးများအနေဖြင့် သာသနာပြုလုပ်ငန်းများ၊ မိသားစုများ ဆုံစည်းရာ မိမိနေရာဒေသရှိသာ သနာတော်များ ဖြစ်လာစေရေးနှင့် လူငယ်များ၏ မေးခွန်းများကို ကန့်သတ်ပိတ်ပင်ခြင်းမရှိဘဲ နားထောင်ပေးခြင်း စသည့် “အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးအချက်များ” ကိုသာ သတ္တိရှိရှိ အာရုံ စိုက်လုပ်ဆောင်သွားကြရန် တိုက်တွန်းရင်း ဆုတောင်းစကားဖြင့် နိဂုံးချုပ်ခဲ့သည်။

Fr. Peter Kyi Maung

Photo Credit to Vatican News

Website: rvamyanmar.org

https://www.youtube.com/@rvamyanmar8152

Original Link: https://www.vaticannews.va/…/pope-italian-bishops…

See less

rvamyanmar
rvamyanmar
Articles: 3948

Leave a Reply

Your email address will not be published. Required fields are marked *