“ဂါဇာက ပြည်သူတွေကို ကူညီကြပါ၊ စစ်ပွဲတွေမှာ AI အသုံးပြုမှုကို သတိထားကြပါ”။

ကက်စတယ် ဂန်ဒေါလ်ဖို (Castel Gandolfo) စံအိမ်ပြင်ပမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပုပ်ရ ဟန်းမင်းကြီး လီယို (Pope Leo) က ကမ္ဘာကြီးကို အရေးကြီးတဲ့ သတင်းစကားအချို့ ပါးလိုက်ပါတယ်။

အဓိကအချက် (၃) ချက်ကို ကောက်နုတ်တင်ပြပေးလိုက်ရရင်-

ဂါဇာအတွက် လူသားချင်းစာနာမှု အကူအညီများ အရေးပေါ်လိုအပ်နေ

ဂါဇာရှိ အရပ်သားပြည်သူများ ခံစားနေရဆဲ ဒုက္ခဝေဒနာများအတွက် များစွာစိတ်မကောင်း ဖြစ်ရ ကြောင်းနဲ့ အကူအညီတွေ အခုထိ ကောင်းကောင်းမရရှိသေးတဲ့အပေါ် စိုးရိမ်ကြောင်း မိန့်ကြားခဲ့ ပါ တယ်။ “ဒါဟာ ဖိတ်ခေါ်ချက်တင်မဟုတ်ဘဲ အာဏာပိုင်အားလုံး ဂါဇာပြည်သူတွေကို ကူညီပေးဖို့နဲ့ ပြန်လည်ထူထောင်ရေးတွေလုပ်ဖို့ တကယ့်ကို တောင်းဆိုပန်ကြားချက်ဖြစ်ပါတယ်” လို့ ဆိုပါတယ်။ ဒါ့အပြင် ဘယ်ဘက်ကပဲဖြစ်ဖြစ် အကြမ်းဖက်မှုဟာ အဖြေမဟုတ်ဘဲ လူတိုင်းရဲ့ လူ့အခွင့်အရေးကို လေးစားပြီး ဆွေးနွေးပွဲလမ်းကြောင်းကနေပဲ ဖြေရှင်းရမယ်လို့ အလေးအနက် ပြောကြားခဲ့ပါတယ်။

လက်နက်ဖြုတ်သိမ်းထားသော AI” ကို ဖော်ဆောင်ရေး

ယနေ့ခေတ် (လက်ဘနွန်အပါအဝင်) စစ်ပွဲတွေမှာ လူ့အသက်တွေကို ထည့်မတွက်ဘဲ အဆင့်မြင့် နည်း ပညာ (AI) တွေကို အသုံးပြုပြီး တိုက်ခိုက်နေကြတာကို ပုပ်ရဟန်းမင်းကြီးက သတိပေးလိုက်ပါတယ်။ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ လူ့အသက်ရဲ့တန်ဖိုးကို ပစ်ပယ်ထားတဲ့ နည်းပညာမျိုးမဖြစ်စေဘဲ၊ စစ်မက် ရေးရာတွေမှာ AI ကို အသုံးမပြုတဲ့ “လက်နက်ဖြုတ်သိမ်းထားတဲ့ ဉာဏ်ရည်တု” (Disarmed AI) ဖြစ်လာ ဖို့ လိုအပ်ကြောင်း တောင်းဆိုခဲ့ပါတယ်။

နည်းပညာကုမ္ပဏီ Anthropic နှင့် ဗာတီကန်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု

အနာဂတ် AI နည်းပညာတွေဟာ လူသားမျိုးနွယ်အတွက် ကောင်းကျိုးပြုဖို့ ဘာသာရေးနဲ့ နည်းပညာ ကဏ္ဍ ဘယ်လိုပူးပေါင်းမလဲ? ပုပ်ရဟန်းမင်းကြီးရဲ့ သာသနာပြုစာချွန်လွှာအပြီးမှာတော့ ဗာတီကန်ရဲ့ ဘက်စုံလူသားဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးဝန်ကြီးဌာနဟာ နာမည်ကြီး AI ကုမ္ပဏီတစ်ခုဖြစ်တဲ့ Anthropic နဲ့ စတင်တွေ့ဆုံဆွေးနွေးပြီး ပူးတွဲလုပ်ဆောင်မှုတွေ ရှိနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြော ကြား ခဲ့ပါတယ်။

“အကြမ်းဖက်မှုက ဘယ်ဘက်ကပဲလာလာ အထောက်အကူမပြုပါဘူး။ မုန်းတီးမှုတွေကိုပဲ ပိုတိုးပွား စေတာပါ။ ကျွန်ုပ်တို့ တွေ့ဆုံဆွေးနွေးမှုတွေဆီ ပြန်သွားရပါမယ်။” — ပုပ်ရဟန်းမင်းကြီး လီယို

#VaticanNews #PopeLeo #HumanRights #ArtificialIntelligence #PeaceDialogue

Fr. Peter Kyi Maung

Photo Credit: Vatican News Original Link: https://www.vaticannews.va/en/pope/news/2026-05/pope-leo-castel-gandolfo-gaza-aid-respect-for-human-rights.html

rvamyanmar
rvamyanmar
Articles: 3943

Leave a Reply

Your email address will not be published. Required fields are marked *