ဥရောပတွင် ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ပုပ်ရဟန်းမင်းကြီးရဲ့ တိုက်တွန်းချက်ကို ကာဒီနယ် ပါရိုလင် ထပ်ဆင့်ပြောကြား။

ပြင်သစ်နိုင်ငံ၊ စထရာ့စ်ဘတ်ဂ်မြို့မှာ ကျင်းပခဲ့တဲ့ ဥရောပပါလီမန် မျက်နှာစုံညီအစည်းအဝေးမှာ ဗာတီ ကန်နိုင်ငံတော်အတွင်းဝန် ကာဒီနယ် ပီယေတရို ပါရိုလင် (Cardinal Pietro Parolin) က ကမ္ဘာလုံး ဆိုင် ရာ တင်းမာမှုတွေ မြင့်တက်နေတဲ့ ယခုအချိန်အခါမျိုးမှာ ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်ဖို့ ပုပ်ရ ဟန်းမင်းကြီး လီယို (၁၄) ရဲ့ တိုက်တွန်းချက် သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။

ပထမဆုံးအကြိမ် ပေးအပ်တဲ့ “ဥရောပ ဂုဏ်ထူးဆောင်ဘွဲ့” ကာဒီနယ် ပါရိုလင်ဟာ ဥရောပသမဂ္ဂ (EU) ရဲ့ စည်းလုံးညီညွတ်မှုနဲ့ တန်ဖိုးတွေကို ကာကွယ်မြှင့်တင်ရာမှာ ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်ခဲ့ တဲ့အတွက် ပထမဆုံးအကြိမ် ပေးအပ်ချီးမြှင့်တဲ့ “ဥရောပ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်” (European Order of Merit) ကို လက်ခံရရှိခဲ့ပါတယ်။

ဒီဆုကို ကာဒီနယ်နဲ့အတူ ဂျာမနီအဓိပတိဟောင်း အန်ဂျလာ မာကဲလ်၊ ပိုလန်သမ္မတဟောင်း လက်ချ် ဝါလေဆာ တို့အပါအဝင် ထင်ရှားတဲ့ ခေါင်းဆောင် (၂၀) ဦးကို ချီးမြှင့်ခဲ့တာပါ။

ကာဒီနယ် ပါရိုလင်ရဲ့ အဓိက ပြောကြားချက်များ -
ငြိမ်းချမ်းရေးကို ပျိုးထောင်ပါ – “လူမျိုးစုတွေကြား သဟဇာတဖြစ်ခြင်းဟာ အစဉ်မပြတ် ပျိုးထောင်ပေးရမည့် ကတိကဝတ်တစ်ခု ဖြစ်ပြီး လက်တွေ့ကျတဲ့ ရွေးချယ်မှုတွေနဲ့ ငြိမ်းချမ်းရေးကို ကာကွယ်ရပါမယ်။”
လူသားဂုဏ်သိက္ခာကို တန်ဖိုးထားပါ – “ဥရော ပသမိုင်းရဲ့ အခြေခံတန်ဖိုးတွေထဲမှာ လူသားတို့ရဲ့ ဂုဏ်သိက္ခာဟာ ချိုးဖောက်လို့မရတဲ့အရာဖြစ်ပြီး လူ့ သက်တမ်းတစ်လျှောက်လုံးမှာ အမြဲတစေ ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။”
ငြိမ်းချမ်းရေး ဖန်တီးရှင်များ – ဗာတီကန်နိုင်ငံ ရဟန်းမင်းကြီးရုံးတော် (Holy See) အနေနဲ့ ဥရောပအဖွဲ့ အစည်းတွေ နဲ့အတူ လက်တွဲပြီး အားလုံးဟာ “ငြိမ်းချမ်းရေး ဖန်တီးရှင်များ” အဖြစ် ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိကြောင်း အတည်ပြုခဲ့ပါတယ်။


Fr. Peter Kyi Maung

Photo credit : Vatican News

Original link: https://www.vaticannews.va/en/vatican-city/news/2026-05/cardinal-parolin-order-merit-european-paraliament-peace.html

#VaticanNews #PopeLeoXIV #CardinalParolin #EuropeanUnion #OrderOfMerit #Peace #HumanDignity #ငြိမ်းချမ်းရေး

rvamyanmar
rvamyanmar
Articles: 3924

Leave a Reply

Your email address will not be published. Required fields are marked *