ဉာဏ်ရည်တု (AI) ခေတ်ကြီးထဲမှာ လူသားဖြစ်တည်မှုကို ဘယ်လိုကာကွယ်မလဲ? ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ရဲ့ ပထမဆုံး စာချွန်တော် ထွက်ရှိတော့မည်။

ဉာဏ်ရည်တု (AI) နည်းပညာတွေ တဟုန်ထိုး တိုးတက်လာနေတဲ့ ဒီကနေ့ခေတ်ကာလမှာ လူသား ချင်း စာနာထောက်ထားမှုနဲ့ လူသားတို့ရဲ့ ဖြစ်တည်မှုကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ရဲ့ ပထမဆုံးသော စာချွန်တော် (Encyclical Letter) ဖြစ်တဲ့ “Magnifica humanitas” ကို လာမယ့် မေလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာတော့မှာ ဖြစ်ပါတယ်။

ထူးခြားတဲ့ သမိုင်းဝင်ရက်စွဲ ဒီစာချွန်တော်မှာ ပုပ်ရဟန်းမင်းကြီး လီယို (၁၃) ရဲ့ သမိုင်းဝင် “Rerum novarum” စာချွန်တော် ထုတ်ဝေခြင်း (၁၃၅) နှစ်ပြည့် အထိမ်းအမှတ်ဖြစ်တဲ့ မေလ ၁၅ ရက်စွဲနဲ့ ပုပ် ရဟန်းမင်းကြီးကိုယ်တိုင် လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။ လှပပြီး စနစ်ကျတဲ့ မိတ်ဆက်ပွဲ အခမ်းအနားကိုတော့ မေလ ၂၅ ရက် နံနက် ၁၁:၃၀ နာရီမှာ ဗာတီကန်ရှိ Synod Hall မှာ ကျင်းပသွားမှာပါ။

အခမ်းအနားမှာ ဘယ်သူတွေ ပါဝင်ဆွေးနွေးကြမလဲ?

ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင်တက်ရောက်မယ့်အပြင် ကမ္ဘာ့အဆင့်မီ ပညာရှင်တွေနဲ့ သာသနာပြု ခေါင်း ဆောင်တွေ စုံစုံလင်လင် ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ် -
ကာဒီနယ် ဗစ်တာ မန်နျူရယ် ဖာနန်ဒက်ဇ် (ယုံကြည်ခြင်းနှင့်ဆိုင်ရာ ရဟန်းမင်းကြီးရုံးတော်ဌာန အကြီးအကဲ)
ကာဒီနယ် မိုက်ကယ် ဇာနီ (လူသား တစ်ရပ်လုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဌာန အဓိပတိ)
ပါမောက္ခ အန်နာ ရိုးလန်းစ် (ယူကေ၊ ဒရမ် တက္ကသိုလ်မှ ဓမ္မပညာရှင်)
ခရစ္စတိုဖာ အိုလာ (အမေရိကန်၊ Anthropic AI ကုမ္ပဏီ ပူးတွဲတည်ထောင် သူနှင့် သုတေသနအဖွဲ့အကြီးအကဲ)
ပါမောက္ခ လီယိုကာဒီ လူရှွန်ဘို (ကယ်လီဖိုးနီးယား ဆန်တာကလာ ရာတက္ကသိုလ်မှ နိုင်ငံရေးဓမ္မပညာနှင့် ကက်သလစ်လူမှုရေးအတွေးအခေါ်ဆိုင်ရာ ပါမောက္ခ)


နိဂုံးချုပ်အနေနဲ့ နိုင်ငံတော်အတွင်းဝန် ကာဒီနယ် ပီယေတရို ပါရိုလင် က အမှာစကားပြော ကြားမှာဖြစ် ပြီး၊ အခမ်းအနားအပြီးမှာ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က မိန့်ခွန်းမြွက်ကြားကာ ကောင်းချီးပေး သွားမှာ ဖြစ်ပါတယ်။

AI နည်းပညာနဲ့ လူသားမျိုးနွယ်ရဲ့ အနာဂတ်အတွက် ဗာတီကန်ရဲ့ လမ်းညွှန်ချက်တွေကို စောင့်မျှော်ဖတ် ရှုလိုက်ကြပါစို့။

Fr. Peter Kyi Maung

Photo credit : Vatican News

Original link: https://www.vaticannews.va/en/pope/news/2026-05/pope-leo-xiv-first-encyclical-magnifica-humanitas.html

#VaticanNews #PopeLeoXIV #MagnificaHumanitas #ArtificialIntelligence #AI #CatholicSocialTeaching #Vatican #ဉာဏ်ရည်တု #စာချွန်တော်

rvamyanmar
rvamyanmar
Articles: 3924

Leave a Reply

Your email address will not be published. Required fields are marked *