“ကျန်းမာရေးသည် လူနည်းစုအတွက်သာ ခံစားခွင့်ရှိသော သီးသန့်ဇိမ်ခံပစ္စည်း မဖြစ်သင့်ပါ”

(“အီတလီနိုင်ငံရှိ ဆင်းရဲနွမ်းပါးပြီး ဘေးဖယ်ခံထားရသူတစ်ဦး၏ မှတ်တမ်းဓာတ်ပုံ”)

ငြိမ်းချမ်းရေးအတွက် ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်

ပုပ်ရဟန်းမင်းကြီးက လူတိုင်းအကျုံးဝင်မည့် ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage) သည် နည်းပညာဆိုင်ရာ ပန်းတိုင်တစ်ခုသာမက တရားမျှတသော လူ့အဖွဲ့အစည်းများအတွက် “ကိုယ် ကျင့်တရားဆိုင်ရာ မဖြစ်မနေ လုပ်ဆောင်ရမည့် တာဝန်” ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။ ကျန်းမာရေးစောင့်ရှောက်မှုတွင် မညီမျှမှုများ ရှိနေခြင်းသည် လူမှုရေးမတရားမှုများကို ဖြစ်ပေါ်စေပြီး ၎င်းမှတစ်ဆင့် ပဋိပက္ခများအထိ ဦးတည်သွားနိုင်ကြောင်း သတိပေးခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ဥရောပ ဆရာတော်များကောင်စီတို့ ပူးပေါင်းပြုလုပ်သည့် ညီလာခံ တွင် ပုပ်ရဟန်းမင်းကြီးက နောက်ဆုံးထုတ်ပြန်ထားသော ကျန်းမာရေးအစီရင်ခံစာပါ အချက်အလက် များကို ကိုးကား၍ ဥရောပနိုင်ငံများတွင် မညီမျှမှုများ ပိုမိုများပြားလာနေခြင်းကို ထောက်ပြခဲ့သည်။ အထူးသဖြင့် အောက်ပါအချက်များကို အရေးတကြီး အာရုံစိုက်ရန် တိုက်တွန်းခဲ့သည်-
ဆင်းရဲနွမ်း ပါးသူများနှင့် လူမှုအသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခံထားရသူများ ကြုံတွေ့နေရသည့် အခက်အခဲများ နှင့်
အထူးသဖြင့် လူငယ်များ ကြားတွင် ဖြစ်ပွားနေသော စိတ်ကျန်းမာရေး ပြဿနာများ တို့ဖြစ်သည်။ 


တည်ငြိမ်မှုအတွက် အခြေခံလိုအပ်ချက်ဖြစ်သော ကျန်းမာရေး

“ကျန်းမာရေးသည် လူနည်းစုအတွက်သာ ခံစားခွင့်ရှိသော သီးသန့်ဇိမ်ခံပစ္စည်း မဖြစ်သင့်ပါ” ဟု ပုပ် ရဟန်းမင်းကြီးက ဆိုသည်။ ကျန်းမာရေးသည် လူမှုရေးငြိမ်းချမ်းမှု (Social Peace) အတွက် မရှိမဖြစ် လိုအပ်သော အခြေခံအချက်ဖြစ်သည်။ အားနည်းသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို အာမခံ ပေးခြင်းဖြင့် လူသားတို့၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်ရုံသာမက ပြည်တွင်းမငြိမ်မသက်မှုများကို ဖြစ် စေသော မတရားမှုများကိုလည်း တားဆီးပေးနိုင်သည်။

ဥပေက္ခာပြုခြင်း ယဉ်ကျေးမှု” ကို ကျော်လွှားခြင်း

ခေတ်သစ်လူ့အဖွဲ့အစည်းတွင် အခြားသူများ၏ ဆင်းရဲဒုက္ခနှင့် အကြမ်းဖက်မှုများအပေါ် “လေးပင် ထုံ ထိုင်းနေခြင်း” ကို ပုပ်ရဟန်းမင်းကြီးက သတိပေးခဲ့သည်။ ၎င်း၏ အဆိုအရ-
ဥပေက္ခာပြုခြင်း (မသိကျိုးကျွံပြုခြင်း) သည် တရားမျှတသော လူ့အဖွဲ့အစည်း တည်ဆောက်ရေးအတွက် အတား အဆီး တစ်ခု ဖြစ်သည်။
လူသားဆန်သော လူ့အဖွဲ့အစည်း ဖြစ်စေရန် ဘေးဖယ်ခံထားရသူများနှင့် “အပယ် ခံများ” ဆီသို့ အမြဲအာရုံစိုက်နေရမည်။
အခြားသူများကို ပြုစုစောင့်ရှောက်ခြင်းသည် မိမိတို့ကိုယ် တိုင်၏ ဘဝကို အဓိပ္ပာယ်အရှိဆုံး ရှင်သန်ခြင်းပင် ဖြစ်သည်။


ဆာမာရီတန်” စိတ်ဓာတ်

နိဂုံးချုပ်အနေဖြင့် ပုပ်ရဟန်းမင်းကြီးသည် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကျန်းမာရေး မညီမျှမှုများကို တိုက်ဖျက်ရန် အသင်းတော်၏ ကတိကဝတ်ကို ထပ်လောင်း ပြောကြားခဲ့သည်။ ခရစ် ယာန်ဘာသာဝင်များအနေဖြင့် ဒုက္ခရောက်နေသူများကို ကူညီဖေးမသည့် “ဆာမာရီတန်” (Samaritan) စိတ်ဓာတ် (သတ္တိရှိခြင်း၊ ကူညီထောက်ပံ့ခြင်းနှင့် နွေးထွေးစွာ ကြိုဆိုခြင်း) ကို လက်တွေ့ဘဝတွင် ကျင့်သုံးကြရန် တိုက်တွန်းခဲ့သည်။

Fr. Peter Kyi Maung

Photo Credit to: Vatican News

Original link: https://www.vaticannews.va/en/pope/news/2026-03/pope-leo-xiv-healthcare-for-all-injustice-church-samaritan.html

rvamyanmar
rvamyanmar
Articles: 3796

Leave a Reply

Your email address will not be published. Required fields are marked *