သောကြာနေ့ကြီး(Good Friday) တွင် ကောက်ခံရရှိသောအလှူငွေများကို သန့်ရှင်းသောမြေ (Holy Land) ကိုပို့ဆောင်ရန် နှိုးဆော်ချက်။

(“အနောက်ဘက်ကမ်း (West Bank) တိုက်ခိုက်မှုတစ်ခုအပြီး ပျက်စီးဆုံးရှုံးမှု မြင်ကွင်း။”)

တနင်္လာနေ့တွင်၊ အရှေ့တိုင်းအသင်းတော်များဆိုင်ရာ ဝန်ကြီးဌာန (Dicastery for Eastern Churches) ၏ ဝန်ကြီးချုပ်ဖြစ်သူ ကာဒီနယ် ကလော်ဒီယို ဂူဂျာရော့တီ (Cardinal Claudio Gugerotti) သည် သန့်ရှင်း သောမြေ (Holy Land) အတွက် ပြုလုပ်သည့် သောကြာနေ့ကြီး အလှူငွေကောက်ခံမှုတွင် ပါဝင်နှိုး ဆော် ကြရန် တိုက်တွန်းသည့် စာတစ်စောင်ကို ကမ္ဘာတစ်ဝှမ်းရှိ ဆရာတော်ကြီးများထံသို့ ပေးပို့ခဲ့ပါသည်။”

ရင်းစာတွင် ကာဒီနယ်က ကမ္ဘာတစ်ဝှမ်းရှိ ကက်သလစ်ဘာသာဝင်များအား နှစ်စဉ်ပြုလုပ်မြဲဖြစ်သော “သောကြာနေ့ကြီး ကောက်ခံသော အလှူငွေ” (Good Friday Collection) တွင် တတ်နိုင်သမျှ ပါဝင် လှူဒါန်း ကြရန် တိုက်တွန်းထားပါသည်။

ဤအလှူငွေများသည် ယေဇူးခရစ်တော် သက်တော်ထင်ရှားရှိခဲ့သော သန့်ရှင်းသောနေရာများကို ထိန်း သိမ်းစောင့်ရှောက်ရန်နှင့် ဒေသခံအသင်းတော်၏ သာသနာပြုလုပ်ငန်းများကို ပံ့ပိုးရန်အတွက် “Holy Land” (သန့်ရှင်းသောမြေ) ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံသို့ ပေးပို့သွားမည်ဖြစ်သည်။

အလှူငွေ၏ အဓိပ္ပာယ်နှင့် အလေးထားမှု

ငွေကြေးလှူဒါန်းခြင်းသည် အပေါ်ယံကြည့်လျှင် သေးငယ်သည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် အလွန်အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်း ကာဒီနယ်က ဆိုသည်။ တစ်စုံတစ်ရာ မလုပ် ဆောင်ဘဲ နေခြင်းသည် ကမ္ဘာပျက်စီးနေမှုကို ဘေးကနေ ကြည့်နေရုံသာမက ပျက်စီးအောင် အားပေးရာ ရောက်နိုင်ကြောင်း သတိပေးထားသည်။

အလှူငွေကောက်ခံသည့်အချိန်သည် ခရစ်တော် အသေခံတော်မူသည့်သောကြာနေ့ကြီး ဖြစ်သဖြင့် လူ သားမျိုးနွယ်အပေါ် ထားရှိသော ဘုရားသခင်၏ အစီအမံနှင့် ဆက်စပ်နေကြောင်၊ သေးငယ်သော ခရစ် ယာန်အသိုက်အဝန်းများ၏ “နေ့စဉ်ရုန်းကန်မှုများ” ကို လူအများသိရှိနိုင်ရန် ပုံရိပ်များနှင့် ခေတ်မီဆက် သွယ်ရေးနည်းလမ်းများကို အသုံးပြုရန် ဆရာတော်များကို တိုက်တွန်းခဲ့သည်။

ဤအလှူငွေသည် ငြိမ်းချမ်းရေးအတွက် ပုပ်ရဟန်းမင်းကြီး၏ တောင်းဆိုချက်ကို တိုက်ရိုက် တုံ့ပြန် ခြင်း ဖြစ်သည်။

ဤအလှူငွေသည် သမုဒ္ဒရာထဲက ရေတစ်စက်ကဲ့သို့ ထင်ရသော်လည်း ထိုရေစက်များ မရှိလျှင် သမုဒ္ဒရာ သည် သဲကန္တာရ ဖြစ်သွားလိမ့်မည်ဟု ဆိုသည်။

တစ်ဦးချင်းစီ၏ သေးငယ်သော လှူဒါန်းမှုများသည် သန့်ရှင်းသောမြေ (Holy Land)အတွက် လူမှုရေးနှင့် ဝိညာဉ်ရေးရာ အခြေအနေများကို ရှင်သန်စေရန် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းဖြစ်သည်။

Fr. Peter Kyi Maung

Photo Credit: Vatican News

Original Link: https://www.vaticannews.va/en/vatican-city/news/2026-03/cardinal-gugerotti-eastern-churches-holy-land-collection-appeal.html

rvamyanmar
rvamyanmar
Articles: 3791

Leave a Reply

Your email address will not be published. Required fields are marked *