အရွယ်မရောက်သေးသူများကို အကာအကွယ်ပေးခြင်းသည် သာသနာတော်၏ အသက်သွေး ကြော အတွက် မရှိမဖြစ်လိုအပ်သည်။

(ပုပ်ရဟန်းမင်းကြီး လီယို (၁၄) အရွယ်မရောက်သေးသူများအား အကာအကွယ် ပေးရေးဆိုင်ရာ ပုပ်ရဟန်းမင်းကြီး၏ ကော်မရှင် အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် (@Vatican Media)

ဗာတီကန်တွင် တနင်္လာနေ့က ပြုလုပ်သော အရွယ်မရောက်သေးသူများအား အကာအကွယ် ပေးရေး ဆိုင်ရာ ပုပ်ရဟန်းမင်းကြီး၏ ကော်မရှင် (Pontifical Commission for the Protection of Minors) သို့ မိန့်ကြားရာတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က အောက်ပါအတိုင်း မိန်ကြားခဲ့ပါသည်၊

အရွယ်မရောက်သေးသူများကို အကာအကွယ်ပေးခြင်းသည် သာသနာတော်၏ အသက်သွေး ကြော အတွက် မရှိမဖြစ်လိုအပ်သည်

  • ဂရုစိုက်စောင့်ရှောက်မှု ယဉ်ကျေးမှု: အလွဲသုံးစားမှု ကာကွယ်ရေးသည် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ရုံသာမက သာသနာတော်တစ်ရပ်လုံးတွင် “ဂရုစိုက်စောင့်ရှောက်မှု ယဉ်ကျေးမှု” တစ်ရပ်အဖြစ် ယုံကြည်ခြင်း၏ ဖော်ပြချက် ဖြစ်လာစေရန် ပျိုးထောင်ရမည်။
  • မရှိမဖြစ် တာဝန်: ဤလုပ်ငန်းသည် ပင်ပန်းခက်ခဲသော်လည်း သာသနာတော်၏ အသက်သွေး ကြောအတွက် မရှိမဖြစ် လိုအပ်သည်။

ရွေးချယ်စရာမဟုတ်သော တာဝန်

  • အဓိကတာဝန်: အလွဲသုံးစားမှု တားဆီးကာကွယ်ရေးသည် သာသနာတော်၏ ရွေးချယ်စရာ တာဝန်မဟုတ်ဘဲ “အဓိက တာဝန်” (Constitutive dimension) ဖြစ်သည်။
  • နောင်တရခြင်း လမ်းစဉ်: ထိခိုက်ခံစားရသူများနှင့် လွတ်မြောက်ရှင်သန်လာသူများ၏ နာကျင် ဖွယ် အတွေ့အကြုံများကို နားထောင်ခြင်းဖြင့် အမှန်တရားကို ဖော်ထုတ်ပြီး ပြုပြင်ပြောင်းလဲမှု လမ်းစဉ်ကို လျှောက်လှမ်းရမည်။

ပွင့်လင်းမြင်သာသော ကိရိယာများ

  • နှစ်ပတ်လည် အစီရင်ခံစာ: ဤအစီရင်ခံစာသည် အမှန်တရား၊ တာဝန်ယူမှုနှင့် မျှော်လင့်ချက်တို့ ကို ဖော်ပြသည့် အရေးကြီးသော ကိရိယာဖြစ်သည်။
  • တာဝန်မလွှဲအပ်ရေး: အကာအကွယ်ပေးရေး တာဝန်ကို ဆရာတော်ကြီးများနှင့် အသင်းဂိုဏ်း အကြီးအကဲများက သူတစ်ပါးထံ လွှဲအပ်ခြင်း မပြုဘဲ ကိုယ်တိုင် တာဝန်ယူဆောင်ရွက်ရမည်။

လက်တွေ့ကျသော ဖော်ပြချက်များ

  • ဒေသဆိုင်ရာ ပံ့ပိုးမှု: ခံစားရသူများကို ကူညီခြင်းအား အသိုက်အဝန်းတိုင်းတွင် လက်တွေ့ကျကျ ဆောင်ရွက်ရမည်။ ကော်မရှင်အနေဖြင့် အရင်းအမြစ် နည်းပါးသော ဒေသဆိုင်ရာ အသင်းတော် များကို ကူညီပံ့ပိုးပေးရမည်။
  • အလေးထားရမည့် နယ်ပယ်များ: ထိခိုက်လွယ်သူများ (Vulnerability) ဆိုင်ရာ သဘော တရား နှင့် ဒစ်ဂျစ်တယ် နည်းပညာသုံး အလွဲသုံးစားမှုများကို အထူးအလေးပေး လေ့လာရန် လိုအပ်သည်။

တစ်ကမ္ဘာလုံးဆိုင်ရာ လမ်းညွှန်ချက်မူဘောင်

  • ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှု: တစ်ကမ္ဘာလုံးဆိုင်ရာ လမ်းညွှန်ချက်မူဘောင် (Universal Guidelines Framework) ဖော်ဆောင်ခြင်းသည် သာသနာတော်၏ စည်းလုံးညီညွတ်မှုနှင့် တာဝန်ခွဲဝေယူမှု၏ ပြယုဂ်ဖြစ်သည်။
  • အရွယ်မရောက်သေးသူများကို ကာကွယ်ခြင်းသည် သီးခြားကဏ္ဍတစ်ခု မဟုတ်ဘဲ သာသနာ တော်၏ အုပ်ချုပ်မှု၊ ပြုစုပျိုးထောင်မှုနှင့် သိုးထိန်း(ဘုန်းတော်ကြီး)တို့၏ဂရုစိုက်မှု ကဏ္ဍတိုင်း တွင် ပျံ့နှံ့စီးဝင်နေရမည့် အခြေခံအချက်ဖြစ်သည်။

Fr. Peter Kyi Maung

Photo Credit: Vatican News

Original Link: https://www.vaticannews.va/en/pope/news/2026-03/pope-leo-xiv-pontifical-commission-for-the-protection-of-minors.html

rvamyanmar
rvamyanmar
Articles: 3788

Leave a Reply

Your email address will not be published. Required fields are marked *