
သတင်းအချက်အလက်သည် ဝါဒဖြန့်ချီရေးကိရိယာ မဖြစ်စေရ။

(ပုပ်ရဟန်းမင်းကြီး လီယို (၁၄) အီတလီအစိုးရပိုင် RAI သတင်းဌာန၏ TG2 သတင်းအစီအစဉ်မှ ဂျာနယ်လစ်များနှင့် တွေ့ဆုံစဉ် (@Vatican Media)
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) အီတလီအစိုးရပိုင် RAI သတင်းဌာန၏ TG2 သတင်းအစီအစဉ်မှ ဂျာနယ် လစ်များနှင့် တွေ့ဆုံစဉ် အောက်ပါအတိုင်း မိန့်ကြားခဲ့ပါသည်။
• အာဏာရှင်၏ အသံချဲ့စက် မဖြစ်စေရေး။ အထူးသဖြင့် စစ်မီးတောက်နေသည့် ကာလများတွင် သတင်းမီဒီယာများသည် အာဏာရှိသူများ၏ “အသံချဲ့စက်” (Megaphone) သဖွယ် ဝါဒဖြန့် ချီ သည့်ကိရိယာ မဖြစ်သွားစေရန် သတိပြုရမည်။
• လူသားဆန်သော ရှုထောင့်။ စစ်ပွဲကို ဗီဒီယိုဂိမ်းတစ်ခုကဲ့သို့ မရှုမြင်ဘဲ၊ ဒုက္ခခံစားနေရသည့် ပြည် သူများနှင့် သားကောင်ဖြစ်ရသူများ၏ မျက်လုံးဖြင့် ကြည့်ရှုကာ လူသားဆန်သော ရှုထောင့် မှ တင်ပြရန် လိုအပ်သည်။
• သတင်းမှန် စိစစ်ရေး။ သတင်းအချက်အလက်များကို မှန်ကန်မှုရှိမရှိ စိစစ်ခြင်းသည် ဂျာနယ် လစ်များအတွက် မရှိမဖြစ်လိုအပ်သော၊ အရေးကြီးသော တာဝန်ဖြစ်သည်။
နည်းပညာသည် ဝေဖန်ပိုင်းခြားနိုင်စွမ်းကို အစားမထိုးနိုင်
• လူသားဗဟိုပြုစံနှုန်း။ နည်းပညာများ မည်မျှပင် တိုးတက်ပြောင်းလဲလာပါစေ၊ လူသားတို့၏ တီ ထွင်ဖန်တီးနိုင်စွမ်း၊ ဝေဖန်ပိုင်းခြားနိုင်စွမ်းနှင့် လွတ်လပ်စွာ တွေးခေါ်နိုင်မှုတို့ကို မည်သည့်နည်း ပညာကမျှ အစားမထိုးနိုင်ပါ။
• AI နှင့် ဆက်သွယ်ရေး။ AI (ဉာဏ်ရည်တု) ခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်ရာတွင် ဆက်သွယ် ရေး လုပ်ငန်းများကို နည်းပညာစံနှုန်းထက် “လူသားဗဟိုပြု စံနှုန်း” (Human paradigm) ဖြင့် ထိန်း ကျောင်းရန် လိုအပ်သည်။
သဘောထားကွဲလွဲမှုများကြားတွင် ပွင့်လင်းမြင်သာမှုရှိရန်
• အမြင်ကျဉ်းမြောင်းမှုကို ကျော်လွှားခြင်း: မိမိ၏ အမြင်ကိုသာ အတည်ပြုပေးမည့် အရာများကို ရှာဖွေနားထောင်လိုသော သွေးဆောင်မှုကို တွန်းလှန်ပြီး၊ အခြားသူများ၏ အသံနှင့် အမြင်များကို နားထောင်နိုင်သည့် “ပွင့်လင်းသော စိတ်ထား” ရှိရမည်။
• မတူကွဲပြားမှု၏ တန်ဖိုး: သဘောထားကွဲလွဲမှုများနှင့် အယူအဆပိုင်း ပိတ်ဆို့မှုများ များပြား နေသည့် ယနေ့ခေတ်တွင်၊ မတူညီသော ယဉ်ကျေးမှုနှင့် အမြင်များ အတူယှဉ်တွဲ တည်ရှိနေ ခြင်း သည် ဆက်သွယ်ရေးလောကအတွက် အားသာချက်နှင့် ကြွယ်ဝမှုတစ်ရပ် ဖြစ်သည်။
Fr. Peter Kyi Maung
Photo Credit: Vatican News
Website: rvamyanmar.org
/ @rvamyanmar8152
Original Link: https://www.vaticannews.va/…/pope-leo-xiv-journalists…


