တာဝန်ရှိသော ခရစ်ယာန်များသည် မိမိကိုယ်ကို ဆန်းစစ်ခြင်း ရှိပါသလား။

(File photo of Pope Leo XIV  (@Vatican Media) 

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က အနာဂတ် ဝိနည်းတော်ထိန်း (အာပတ်ဖြေခြင်း စက္ကရမင်တူ ပေးမည့် သူ) များနှင့် တွေ့ဆုံစဉ် စစ်ပွဲများအတွက် တာဝန်ရှိသော ခရစ်ယာန်များအနေဖြင့် မိမိကိုယ်ကို လေးလေး နက်နက် ပြန်လည်ဆန်းစစ်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် သောကြာနေ့က Apostolic Penitentiary မှ နှစ်စဉ်ကျင်းပပြု လုပ် သော (၃၆) ကြိမ်မြောက် Internal Forum သင်တန်းသို့ တက်ရောက်လာသူများကို လက်ခံတွေ့ဆုံခဲ့သည်။

ဤသင်တန်းသည် အပြစ်ဖြေခြင်း စက္ကရမင်တူး (အပြစ်ဖြေခြင်း) နှင့် ပတ်သက်သော ကိစ္စရပ် များ အတွက် ဘုန်းတော်ကြီးများနှင့် ရဟန်းလောင်းကိုရင်ကြီးများအား အထူးသင်တန်းများ ပေးလေ့ရှိပြီး ပုံမှန်အားဖြင့် ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံမှုဖြင့် သင်တန်းကို အဆုံးသတ်လေ့ရှိသည်။

၎င်း၏ အနာဂတ် ဝိနည်းတော်ထိန်းများထိမ်းသိမ်ရမည့်သူများသို့ မိန့်ကြားချက်တွင် ပုပ်ရဟန်းမင်းကြီး က အပြစ်ဝန်ခံခြင်း (Confession) သည် လူသားမျိုးနွယ်စုအတွင်း ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်မှုကို ဖြစ်ပေါ်စေနိုင်သော စွမ်းအားရှိကြောင်း၊ 

“လက်နက်ကိုင် ပဋိပက္ခများကြားမှာ ကြီးလေးတဲ့ တာဝန်ရှိနေတဲ့ အဲဒီခရစ်ယာန်တွေမှာ မိမိကိုယ်ကို လေးလေးနက်နက် ဆန်းစစ်ဖို့နဲ့ အပြစ်ဝန်ခံဖို့ နှိမ့်ချမှုနဲ့ သတ္တိ ရှိကြရဲ့လားလို့ တစ်ယောက်ယောက်က မေးကောင်းမေးနိုင်ပါတယ်” 

နောင်တစက္ကရမင်တူသည် ဘုရားသခင်နှင့် ပြန်လည်စည်းလုံးစေပြီး နောင်တရသူကို သန့်ရှင်းစင်ကြယ် စေသော ကျေးဇူးတော်များ ပေးသနားသောကြောင့် ၎င်းသည် “စည်းလုံးညီညွတ်မှု၏ ဓာတ်ခွဲခန်း” ကဲ့သို့ ဖြစ်သည်။ အပြစ်ဝန်ခံခြင်းသည် လူသားအချင်းချင်းနှင့် သာသနာတော်အတွင်း စည်းလုံးစွာ နေထိုင် တတ်စေရန် သင်ကြားပေးပြီး ကျွန်ုပ်တို့အတွင်းစိတ်၏ စည်းလုံးမှုကို ပြန်လည်တည်ဆောက်ပေးသည်။

“ဘုရားသခင်၊ အသင်းတော်နဲ့ မိမိကိုယ်တိုင်အတွင်း စည်းလုံးညီညွတ်မှု ရှိခြင်းဟာ လူမျိုးများအကြား ငြိမ်းချမ်းရေးအတွက် အခြေခံအချက် ဖြစ်ပါတယ်”။ “ပြန်လည်ရင်ကြားစေ့ထားသူ တစ်ဦးသာလျှင် လက်နက်မပါဘဲ (ငြိမ်းချမ်းစွာ) နေထိုင်နိုင်စွမ်း ရှိပါတယ်”ဟု ပုပ်ရဟန်းမင်းကြီး လီယိုက မိန့်ကြား ပါသည်။ 

မာနတည်းဟူသော လက်နက်များကို စွန့်ပယ်ပြီး ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို ခံယူကြသော ခရစ် ယာန်များသည် ၎င်းတို့၏ နေ့စဉ်ဘဝတွင် ပြန်လည်ရင်ကြားစေ့ရေးအတွက် ဆောင်ရွက်သူများ ဖြစ်လာ ကြသည်။

တစ်ချိန်တည်းမှာပင် ဘုရားသခင်နှင့် ပြန်လည်ရင်ကြားစေ့သူများသည် “အတောမသတ်နိုင်သော စားသုံးသူဝါဒ၏ မပြည့်စုံသော ကတိကဝတ်များ” နှင့် “အမှန်တရားနှင့် ကင်းကွာနေသော လွတ်လပ်မှု၏ စိတ်ပျက်ဖွယ် အတွေ့အကြုံများ” ကို ပိုမိုလွယ်ကူစွာ သတိပြုမိလာကြသည်။

ဘုရားသခင်၏ ကရုဏာတော်အားဖြင့် ခရစ်တော်သည် ကျွန်ုပ်တို့အတွင်းရှိ မပြည့်စုံမှုများကို သတိ ပြုမိစေပြီး၊ ခရစ်တော်ကိုယ်တိုင်သာလျှင် ကျွန်ုပ်တို့၏ နက်ရှိုင်းသော ဆန္ဒများကို အပြည့်အဝ ဖြည့် ဆည်းပေးနိုင်ကြောင်း သိရှိစေသည့် ဘဝဖြစ်တည်မှုဆိုင်ရာ မေးခွန်းများကို ပေါ်ထွက်လာစေသည်ဟု ဆိုသည်။

“ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို ကယ်တင်ဖို့ လူ့ဇာတိကို ခံယူခဲ့တယ်”၊ “ကိုယ်တော်ဟာ ကျွန်ုပ်တို့ရဲ့ ဘာသာရေးအသိတရား၊ အမှန်တရားနဲ့ မေတ္တာအတွက် မငြိမ်းသတ်နိုင်တဲ့ ဆန္ဒကို ပျိုးထောင် ပေးခြင်း အားဖြင့် ကျွန်ုပ်တို့ ရှင်သန်လှုပ်ရှားတည်ရှိနေတဲ့ ‘နက်နဲရာအရှင်’ ကို လက်ခံနိုင်ဖို့ ကူညီပေးပါတယ်”။

နောင်တစက္ကရမင်တူ၏ အရေးပါပုံကို ပြောကြားရာတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် အချိန် နှင့်အမျှ ပြောင်းလဲတိုးတက်လာခဲ့ပြီး ကက်သလစ်ဘာသာဝင်တိုင်း တစ်နှစ်လျှင် အနည်းဆုံး တစ် ကြိမ် အပြစ်ဝန်ခံရမည်ဟူသော အသင်းတော်၏ ရှေးကျသော ဓမ္မပညာဆိုင်ရာ အယူအဆကို ပြန်လည် သတိ ပေးခဲ့သည်။

သို့သော်လည်း လူအများအပြားသည် ဘုရားသခင်၏ လက်ဆောင်ကို ရယူရန် ယုံကြည်ခြင်းနှင့် ရိုးသား သော နှလုံးသားဖြင့် အပြစ်ဝန်ခံခြင်းအတွက်” အသင်းတော်၏ အတိုင်းအဆမရှိသော ကရုဏာတော် ရတနာ” ထံ ချဉ်းကပ်ရန် ပျက်ကွက်နေကြသည်ဟု  ပုပ်ရဟန်းမင်းကြီးက ဆိုသည်။

ပုပ်ရဟန်းမင်းကြီး လီယိုက လက်ရှိနှင့် အနာဂတ် ဘုန်းတော်ကြီးများအနေဖြင့် အပြစ်ဖြေခြင်း စက္ကရမင်တူးမှတစ်ဆင့် ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို ပေးအပ်ရန် သူတို့၏ ကြီးမားသော တာဝန်ကို အမြဲသတိပြုကြရန် တိုက်တွန်းခဲ့သည်။ 

သူတော်စင် စိန့်ဂျွန် မာရီ ဗီယာနီ (St. John Mary Vianney)၊ စိန့်လီယိုပိုး မန်ဒစ် (St. Leopold Mandić)၊ နှင့် မကြာသေးမီက စိန့်ပီအို (St. Pio of Pietrelcina) နှင့် ဘလက်စက် မီခေးလ် ဆိုပိုကို (Blessed Michał Sopoćko) တို့ကဲ့သို့ အပြစ်ဝန်ခံခြင်း နားထောင်ရင်း သူတော်စင်ဖြစ်သွားကြသည့် ဘုန်းတော်ကြီးများကို ထောက်ပြပြောကြားခဲ့သည်။

အပြစ်ဝန်ခံခြင်းသည် လူတစ်ဦးချင်းစီ၏ အတွင်းစိတ် စည်းလုံးမှုကို တည်ဆောက်သကဲ့သို့ သာသနာ တော်ကိုလည်း တည်ဆောက်ပေးပြီး၊ လူ့အဖွဲ့အစည်းနှင့် ကမ္ဘာကြီးတွင် ပါဝင်

ဆောင်ရွက်ရန် စွမ်းအင်သစ်များကို ပေးစွမ်းကြောင်း

နိဂုံးချုပ်အနေဖြင့် ပုပ်ရဟန်းမင်းကြီးက ဝိနည်းတော်ထိန်းကြောင်းသူများအား ဘုရားသခင်၏ ကရုဏာ တော်ကို ဦးစွာ ခံယူသူများဖြစ်သည့်အားလျော်စွာ မိမိတို့ကိုယ်တိုင်လည်း အပြစ်ဝန်ခံခြင်းကို “သစ္စာရှိစွာ အမြဲမပြတ်” ခံယူကြရန် ရဟန်းမင်းကြီးက တိုက်တွန်းခဲ့သည်။

Fr. Peter Kyi Maung

Photo Credit: Vatican News

Original Link: https://www.vaticannews.va/en/pope/news/2026-03/pope-leo-xiv-penitentiary-course-audience-confession-war.html

rvamyanmar
rvamyanmar
Articles: 3785

Leave a Reply

Your email address will not be published. Required fields are marked *