
အားလုံးအတွက် နေရာရှိပြီး ငြိမ်းချမ်းရေးနှင့် ညီညွတ်ခြင်း၏ နိမိတ်လက္ခဏာဖြစ်သော သာသနာတော်
(ဘာသာတူများကို နှုတ်ဆက်နေသည့် ပုပ်ရဟန်းမင်းကြီး လီယို (@Vatican Media)
ကွဲပြားမှုများနှင့် တင်းမာမှုများ ပြည့်နှက်နေသော ကမ္ဘာကြီးတွင် သာသနာတော်သည် ခရစ်တော်အပေါ် ယုံကြည်ခြင်းနှင့် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာဖြင့် ဘာသာဝင်များကို စည်းလုံးစေကြောင်း၊ ထို့ကြောင့် လူသားအားလုံးထံသို့ ချဉ်းကပ်ကာ၊ ခရစ်တော်၌ တစ်လုံးတစ်ဝတည်းဖြစ်သော ဘုရားသခင်၏ လူမျိုး တော်ဖြစ်ရန် သာသနာပြုတာဝန်ရှိကြောင်း မတ်လ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့က စိန့်ပီတာရင်ပြင်၌ ပြုလုပ် သော လူထုတွေ့ဆုံခြင်းတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က မိန့်ကြားခဲ့ပါသည်။
“လူသားအားလုံး၏ အရှင်သခင်နှင့် ကယ်တင်ရှင်ဖြစ်သော ခရစ်တော်၌ တစ်လုံးတစ်ဝတည်းဖြစ်သော သာသနာတော်သည် မိမိဘာသာ အလုံပိတ်မနေဘဲ လူတိုင်းအတွက် ပွင့်လင်းကာ လူတိုင်းအတွက် တည် ရှိနေခြင်းဖြစ်သည်”
“အထူးသဖြင့် ပဋိပက္ခများနှင့် စစ်ပွဲများစွာ ကြုံတွေ့နေရသော ကျွန်ုပ်တို့ခေတ်တွင် အမျိုးသား၊ အမျိုး သမီးများ၊ မတူညီသော နိုင်ငံသားများ၊ ဘာသာစကားများနှင့် ယဉ်ကျေးမှုများစွာတို့သည် ယုံကြည်ခြင်း၌ အတူတကွ နေထိုင်ကြသည့် လူမျိုးတော်တစ်ရပ်အဖြစ် သာသနာတော်ကို သိရှိရခြင်းသည် ကြီးမား သော မျှော်လင့်ချက်နိမိတ်လက္ခဏာပင် ဖြစ်သည်”
“၎င်းသည် လူသားမျိုးနွယ်၏ နှလုံးသားအလယ်တွင် ထားရှိသော နိမိတ်လက္ခဏာတစ်ခု ဖြစ်ပြီး၊ အဖ ခမည်းတော်ဘုရားက ကိုယ်တော်၏ သားသမီးအားလုံးကို ခေါ်ယူနေသည့် ညီညွတ်ခြင်းနှင့် ငြိမ်းချမ်း ရေးကို သတိပေးနှိုးဆော်နေသော ပရောဖက်ပြုချက်တစ်ခုလည်း ဖြစ်သည်”
ခရစ်တော်သည် ကိုယ်တော်၏လူမျိုးတော်ကို စည်းလုံးစေတော်မူ၏
ဘုရားသခင်သည် “လူတိုင်းကို ကယ်တင်လိုသည်” ဖြစ်၍ သမိုင်းတစ်လျှောက်တွင် “စစ်မှန်သော လူမျိုး တော်ကို ရွေးချယ်ကာ သူတို့နှင့်အတူ ကိန်းဝပ်ခြင်း” အားဖြင့် ကယ်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ ကြောင်း၊ ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်သည် အာဗရန်ဟံကို ခေါ်ယူ၍ များပြားလှသော သားစဉ် မြေးဆက်များကို ကတိပေးခဲ့ကြောင်း၊ ထို့နောက် ထိုသားစဉ်မြေးဆက်များကို ကျွန်ဘဝမှ ကယ်ထုတ် ကာ သူတို့နှင့် ပဋိညာဉ်ပြုခဲ့ကြောင်း
“ဤလူမျိုးတော်၏ မည်သူမည်ဝါဖြစ်ခြင်း (Identity) ကို ဘုရားသခင်၏ လုပ်ဆောင်ချက်နှင့် ကိုယ် တော်အပေါ် ယုံကြည်ခြင်းတို့က သတ်မှတ်ပေးခြင်းဖြစ်သည်”
“သူတို့သည် အခြားသော လူမျိုးများအတွက် အလင်းရောင်ဖြစ်လာရန်၊ လူသားအားလုံးကို ဆွဲဆောင် မည့် မီးပြတိုက်ကဲ့သို့ ဖြစ်လာရန် ခေါ်ယူခြင်းခံရသူများ ဖြစ်သည်”
ခရစ်တော်၌ တစ်လုံးတစ်ဝတည်းဖြစ်သော ဘုရားသခင်၏ လူမျိုးတော် နှင့် ပတ်သက်၍ ပုပ်ရဟန်း မင်းကြီးက ယနေ့ခေတ် သာသနာတော်၏ စစ်မှန်သော မည်သူမည်ဝါဖြစ်ခြင်းကို အောက်ပါအတိုင်း အခိုင်အမာ မိန့်ကြားခဲ့သည်။
· ခရစ်တော်၏ ခန္ဓာတော်မှ ဖြစ်တည်လာခြင်းဖြစ်ပြီး မိမိတို့ကိုယ်တိုင် ခရစ်တော်၏ ခန္ဓာတော် ဖြစ်ကြသော ဘုရားသခင်၏ လူမျိုးတော်ဖြစ်သည်။
· ဘာသာစကား၊ ယဉ်ကျေးမှု သို့မဟုတ် လူမျိုးစု (Ethnicity) တို့ကြောင့် စည်းလုံးနေခြင်း မျိုး မဟုတ်ဘဲ ယေဇူးခရစ်တော်ကြောင့်သာ ကမ္ဘာအရပ်ရပ်မှ လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားခြင်း ဖြစ် သည်။
· ဂုဏ်ပုဒ် သို့မဟုတ် ဘွဲ့ထူးများကြောင့် မဟုတ်ဘဲ ခရစ်တော်၌ ဘုရားသခင်၏ သားသမီးများ ဖြစ်ရသည့် ဆုကျေးဇူးကြောင့်သာ ဂုဏ်ယူကြခြင်းဖြစ်သည်။
“သာသနာတော်အတွင်း မည်သည့် တာဝန် သို့မဟုတ် လုပ်ဆောင်ချက်ထက်မဆို အမှန်တကယ် အရေးကြီးသည်မှာ ခရစ်တော်နှင့် တစ်သားတည်းဖြစ်ရန်နှင့် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ကိုယ်တော်၏ သားသမီးများ ဖြစ်နေရန်သာဖြစ်သည်”
သာသနာတော်သည် တစ်ခုတည်းဖြစ်သော်လည်း လူတိုင်းပါဝင်သည်
သာသနာတော်၏ သာသနာပြုတာဝန်မှာ ဧဝံဂေလိတရားတော်ကို လူတိုင်းထံ ပျံ့နှံ့စေရန်ဖြစ်ကြောင်း ဧဝံဂေလိတရားတော်ကို မကြားရသေးသူများသည်ပင်လျှင် တစ်နည်းနည်းဖြင့် ဘုရားသခင်၏ လူမျိုး တော်ထံ ဦးတည်နေကြသူများ ဖြစ်ကြသည်။
“သာသနာတော်သည် တစ်ခုတည်းဖြစ်သော်လည်း လူတိုင်းပါဝင်သည်”
ပြင်သစ် (Jesuit) ဘုန်းတော်ကြီး ဟင်နရီ ဒီ လူဘက် (Henri de Lubac) ၏ စကားကို ကိုးကား ၍ “တစ်ခုတည်းသော ကယ်တင်ခြင်းသင်္ဘော (Ark of Salvation) သည် လူသားတို့၏ မတူကွဲပြား မှုအားလုံးကို ၎င်း၏ ကျယ်ဝန်းသော အခန်းဆောင်အတွင်း ကြိုဆိုလက်ခံရမည်” ဟု ပုပ်ရဟန်းမင်း ကြီး က နိဂုံးချုပ် မိန့်ကြားခဲ့သည်။
Fr. Peter Kyi Maung
Photo Credit: Vatican News
Photo Caption: ဘာသာတူများကို နှုတ်ဆက်နေသည့် ပုပ်ရဟန်းမင်းကြီး လီယို (@Vatican Media)
Pope Leo greeting the faithful (@Vatican Media)
Original Link: https://www.vaticannews.va/en/pope/news/2026-03/pope-general-audience-lumen-gentium-second-vatican-council.html


