
စစ်ကြောင့် ဘုန်းတော်ကြီးတစ်ပါး နှင့် သေဆုံးရသူများအတွက် ပုပ်ရဟန်းမင်းကြီးလီယို (၁၄) မှ ဝမ်း နည်းစကားဆိုကာ ငြိမ်းချမ်းရေးအတွက် တိုက်တွန်းနှိုးဆော်ခြင်း။

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူများစွာ သေဆုံးခဲ့ရသည့်အတွက် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က တိုက်ခိုက်မှုများ ရပ်တန့်ရန် လှိုက် လှိုက် လှဲလှဲ မေတ္တာရပ်ခံခဲ့ပါသည်။
ပုပ်ရဟန်းမင်းကြီးသည် စစ်ကြောင့်သားကောင်ဖြစ်ခဲ့ရသူအားလုံး၊ အထူးသဖြင့် ကလေးငယ်များနှင့် အခြားသူများကို ကူညီရန် မိမိတို့၏အသက်ကို စွန့်စားခဲ့ကြသူများအတွက် “နက်နက်ရှိုင်းရှိုင်း ဝမ်း နည်းရကြောင်း” ဖော်ပြခဲ့သည်။
Fr. Pierre El-Rahi ၏ စွန့်လွှတ်အနစ်နာခံမှု – လက်ဘနွန်နိုင်ငံ၊ Qlayaa မြို့မှ အသက် ၅၀ အရွယ် Maronite ဘုန်းတော်ကြီး Fr. Pierre El-Rahi သည် ၎င်း၏ ဘာသာဝင်များ၏ နေအိမ် တိုက်ခိုက် ခံရမှုကို ကူညီရန် သွားရောက်စဉ် တင့်ကားဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။
ခရစ်ယာန်ကျေးရွာများတွင် စိုးရိမ်ထိတ်လန့်မှု မြင့်တက်လာခြင်း – ယခင်က ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်များ ထုတ်ပြန်ခဲ့သော်လည်း ဒေသခံအများအပြားမှာ နေအိမ်များတွင် ဆက် လက် နေထိုင်ခဲ့ကြသည်။ ဘုန်းတော်ကြီး El-Rahi သေဆုံးမှုနှင့် ဘာသာရေး ခေါင်းဆောင် များ၏ နေ အိမ်များကို တိုက်ရိုက်တိုက်ခိုက်မှုများကြောင့် စိုးရိမ်ထိတ်လန့်မှုများနှင့် နေရပ်စွန့်ခွာမှုများ ပိုမိုများ ပြားလာခဲ့သည်။
စစ်ပွဲများကြောင့် လက်ဘနွန်တောင်ပိုင်းမှ လူပေါင်း ၃ သိန်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုကို ပြသသည့်အနေဖြင့် Tyre မြို့ရှိ Franciscan ဘုန်း တော် ကြီး ကျောင်းတွင် နေရပ်စွန့်ခွာလာရသည့် မူစလင်ဘာသာဝင် ၂၀၀ ခန့်ကို လက်ခံစောင့်ရှောက် ပေးထား သည်။
လက်နက်များသည် ငြိမ်းချမ်းရေးကို မဖန်တီးနိုင်ဘဲ “အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် အမုန်း တရားများကိုသာ ဖြစ်ပေါ်စေသည်” ဟု ကက်သလစ်သာသနာတော်က အခိုင်အမာဆိုကာ လူသား ဂုဏ်သိက္ခာရှိစွာ နေထိုင်ခွင့်ရရန် တောင်းဆိုခဲ့ပါသည်။
ဗာတီကန်၏ ထုတ်ပြန်ချက်တွင် အကြမ်းဖက်မှုများကို အမြန်ဆုံး အဆုံးသတ်ရန် အရေးတကြီး လို အပ်နေကြောင်း အလေးပေးဖော်ပြထားသည်။
Fr. Peter Kyi Maung
photo Credit. Vatican News
Photo caption : File photo of Pope Leo XIV (@Vatican Media)



