

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ရိုင်းပင်းကူညီမှုရှိရန် လိုအပ်ကြောင်း ပုပ်ရဟန်းမင်းကြီး လီ ယို အလေးပေးပြောကြား။

(အန်ဂျေလူစ်မေတ္တာရွတ်ဆိုခြင်းတွင် မြင်တွေရသောစိန့်ပီတာရင်ပြင်)
တနင်္ဂနွေနေ့ အန်ဂျေလူစ်မေတ္တာရွတ်ဆိုခြင်းအတွက် စိန့်ပီတာရင်ပြင် (Saint Peter’s Square) တွင် စုဝေး နေကြသော ဘုရားဖူး ဧည့်သည် ၁၅,၀၀၀ ခန့်အပြင်၊ အိမ်မှနေ၍ ကြည့်ရှုနေကြသော ထောင်ပေါင်း များစွာသော သူများကို မိန့်ကြားရာတွင် ယနေ့ မတ်လ ၈ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များနေ့ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ပြောကြားခဲ့ကာ၊ ခရစ်ယာန်ဘာ သာဝင်များ အတွက် ဧဝံဂေလိတရားတော် (Gospel) ပေါ်တွင် အခြေခံထားသည့် အမျိုးသားနှင့် အမျိုးသမီး များ အကြား တန်းတူညီမျှသော ဂုဏ်သိက္ခာကို အသိအမှတ်ပြုရန် အသစ်တဖန် ကတိကဝတ်ပြုကြဖို့ ပုပ်ရဟန်းမင်းကြီး လီယိုက တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။
အမျိုးသမီးအများအပြားသည် ငယ်စဉ်ကတည်းက ခွဲခြားဆက်ဆံခံနေရပြီး ပုံစံမျိုးစုံဖြင့် အကြမ်းဖက် မှုများကို ခံနေရဆဲဖြစ်သည့် အချက်အပေါ် ၎င်းက ပြစ်တင်ရှုတ်ချခဲ့ပြီး “ထိုအမျိုးသမီးများအတွက် ကျွန်ုပ်၏ ရိုင်းပင်းကူညီမှုနှင့် ဆုတောင်းမေတ္တာများ အထူးတလည် ရှိနေပါသည်” ဟု မိန့်ကြားခဲ့သည်။
ပုပ်ရဟန်းမင်းကြီး လီယိုသည် ယနေ့ထုတ်ဝေသည့် မတ်လထုတ် Piazza San Pietro မဂ္ဂဇင်းတွင်လည်း ဤအကြောင်းအရာကို ထည့်သွင်းပြောကြားခဲ့သည်။ ထိုမဂ္ဂဇင်းတွင် အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုနှင့် ပတ်သက်၍ စာဖတ်သူတစ်ဦး၏ မေးခွန်းကို ဖြေကြားရာ၌ လူငယ်များအကြား “လေးစားမှု ရှိသော ယဉ်ကျေးမှု” ကို မြှင့်တင်ရန်အတွက် ကျောင်းများနှင့် သာသနာတော်အကြား မဟာမိတ်ပြု ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို နှစ်စဉ် မတ်လ ၈ ရက်နေ့တွင် ကျင်းပလေ့ရှိပြီး၊ ကျား၊ မ တန်းတူညီမျှမှုအတွက် လုပ်ဆောင်ရန် တိုက်တွန်းရင်း အမျိုးသမီးများ၏ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေး မှုနှင့် နိုင်ငံရေးဆိုင်ရာ အောင်မြင်မှုများကို အသိအမှတ်ပြုသောနေ့ဖြစ်သည်။ ၎င်းသည် ၂၀ ရာစုအစော ပိုင်းတွင် စတင်ပေါ်ပေါက်ခဲ့ပြီး အမျိုးသမီးအခွင့်အရေးများ တိုးတက်လာစေရန်အတွက် စည်းရုံးလှုံ့ ဆော်ခြင်း၊ အောင်ပွဲခံခြင်းနှင့် ရန်ပုံငွေရှာဖွေခြင်းဆိုင်ရာနေ့တစ်နေ့ ဖြစ်လာခဲ့သည်။
Fr. Peter Kyi Maung
Photo Credit : Vatican News


