ယေဇူးခရစ်တော်သည် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာ ငတ်မွတ်မှုကို ပြေပျောက်စေသည်။

ဝါတွင်းကာလ တတိယမြောက် တနင်္ဂနွေနေ့တွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ရေတွင်းနားတွင် သခင်ခရစ်တော်နှင့် ဆုံတွေခဲ့သည့် ဆာမာရိတန် အမျိုးသမီး၏ အကြောင်း ဧဝံဂေလိကျမ်းကို ထောက် ရှုခဲ့ပြီး၊ ယေဇူးခရစ်တော်သည် လူသားတို့၏ ဝိညာဉ်ရေးရာ ငတ်မွတ်မှုကို မည်သို့တုံ့ပြန်ကြောင်းနှင့် ယုံ ကြည်သူများကို ဂရုတစိုက်ရှိသော အမှုတော်ဆောင်ခြင်း၊ စစ်မှန်သော တပည့်တော်ဖြစ်ခြင်းနှင့် ဝိညာဉ် ရေးရာ ပြုပြင်ပြောင်းလဲခြင်းတို့အတွက် မည်သို့ခေါ်ယူထားကြောင်းကို မီးမောင်းထိုးပြခဲ့ကာ

“ယေဇူးခရစ်တော်နှင့် တွေ့ဆုံခြင်းသည် လူသားတိုင်း၏ နက်ရှိုင်းသော စိတ်အတွင်း၌ ထာဝရအသက် သို့ စီးထွက်စေမည့် စမ်းရေတွင်းကို လှုံ့ဆော်ပေးသည်” ဟု မိန့်ကြားခဲ့ပါသည်။

အသက်စမ်းရေတွင်းအဖြစ် ယေဇူးခရစ်တော်နှင့် တွေ့ဆုံခြင်း

ဝါတွင်းကာလသည် ဘုရားသခင်၏ ကျေးဇူးတော်ကို တွေ့ကြုံခံစားခြင်းမှ တားဆီးနေသော အတား အဆီးများမှ “ကျွန်ုပ်တို့၏ နှလုံးသားများကို လွတ်မြောက်စေရန်” ထူးခြားသော အခွင့်အရေးဖြစ် ကြောင်း၊

ထို့ပြင် နယ်သာလန် ဂျူးစာရေးဆရာမ Etty Hillesum ၏ စကားကိုလည်း ကိုးကားခဲ့ရာ၊ ဘုရားသခင် သည် ကျောက်ခဲနှင့် သဲများအောက်တွင် မြုပ်နေသည်ဟု ထင်ရသည့်တိုင်အောင် “ကိုယ်တော်ကို ပြန် လည်တူးဖော်ရမည်” ဟု ရေးသားခဲ့သည်။

သတိရှိခြင်းနှင့် အမှုတော်ဆောင်ခြင်းဆိုင်ရာ ခေါ်ယူမှု

ဆာမာရိတန် အမျိုးသမီးနှင့် ယေဇူးခရစ်တော် စကားပြောဆိုမှုအပေါ် တပည့်တော်များ၏ အံ့အား သင့် မှုနှင့် ကိုယ်တော်၏ သာသနာလုပ်ငန်းကို လက်ခံရန် တွန့်ဆုတ်မှုတို့ကိုထောက်ရှု့ကာရဟန်းမင်းကြီး က

“မိမိပတ်ဝန်းကျင်ကို ကြည့်ရှုကြလော့၊ စပါးရိတ်သိမ်းရန် လယ်ကွင်းများ မည်သို့မှည့်ဝင်းနေသည်ကို ကြည့်ကြလော့” ဟု ကိုယ်တော်က မိန့်ကြားခဲ့ကြောင်း၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချက်ချင်း မမြင်နိုင်သည့် နေရာများတွင်ပင် ရှာဖွေတွေ့ရှိရန် လိုအပ်ကြောင်း၊ ယေဇူးခရစ်တော်၏ ဂရုစိုက်မှု၊ ရိုသေ လေးစားမှုနှင့် သူတစ်ပါးကို ဝေဖန်စီရင်ခြင်း မရှိမှုတို့သည် ခရစ်ယာန်များအတွက် စံနမူနာပင်ဖြစ် ကြောင်း ထောက်ပြခဲ့သည်။

ဧဝံဂေလိတရား ဟောပြောသူ အမျိုးသမီးများ

ပထမဆုံးသော သမ္မာတရားဟောပြောသူ အမျိုးသမီးများစွာထဲမှ ဆာမာရိတန် အမျိုးသမီး၏ အခန်း ကဏ္ဍကိုလည်း ပုပ်ရဟန်းမင်းကြီးက ဆင်ခြင်သုံးသပ်ခဲ့ကာ

သူမ၏ သက်သေခံချက်သည် သူမ၏ လူ့အဖွဲ့အစည်းကို ယုံကြည်ခြင်းဆီသို့ ပို့ဆောင်ပေးခဲ့သည်။ “ကျွန်ုပ်တို့ တွေ့ဆုံရသော ပုဂ္ဂိုလ်ကို ဂရုစိုက်ပေးရန်အတွက် အချိန်ကို မေ့လျော့နေရခြင်းသည် မည်မျှပင် လှပသနည်း”၊

ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးအတွက် တောင်းဆိုချက် သတင်းစကားကို နိဂုံးချုပ်ရာတွင် ပုပ်ရဟန်း မင်းကြီး လီယို (၁၄) က “သမ္မာတရားနှင့် တရားမျှတမှုကို ဆာငတ်နေသူများ” အတွက် အမှုတော် ဆောင်ရာတွင် သာသနာတော်၏ မိခင် မယ်တော်မာရီယား၏ ကြားဝင်တောင်းလျှောက်မှုကို ရယူကြရန် တိုက်တွန်းခဲ့ကာ ၊ အမှုတော်ဆောင်ခြင်းသည် ကွဲပြားမှုများကို ကျော်လွှားရမည်ဖြစ်ပြီး “ငါတို့” နှင့် “သူတို့” ဟူသော ခွဲခြားတွေးခေါ်မှုများကို သတိပေးခဲ့ပြီး။ “ဘုရားသခင်ကို ကိုးကွယ်သူများသည် ဝိညာဉ်ရေးတရားနှင့် သစ္စာတရားဖြင့် ကိုးကွယ်သော ငြိမ်းချမ်းရေးကို ဖော်ဆောင်သူ အမျိုးသား၊ အမျိုး သမီးများ ဖြစ်ကြသည်” ဟု မွက်ကြားခဲ့ပါသည်။

Translated by Fr. Peter Kyi Maung

Photo Credit: Vatican news

Photo Caption: Pope Leo XIV at Angelus

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar

Original Link: https://www.vaticannews.va/en/pope/news/2026-03/pope-angelus-3rd-sunday-lent-samaritan-woman-spiritual-renewal.html

rvamyanmar
rvamyanmar
Articles: 3764

Leave a Reply

Your email address will not be published. Required fields are marked *