ပုပ်ရဟန်းမင်းကြီး လီယို (၁၄) အာဖရိက၊ စပိန်နှင့် မိုနာကိုနိုင်ငံများသို့ တမန်တော်ခရီးစဉ်များ ကြွရောက် မည်။

(၂၀၂၅ နှစ်ကုန်ပိုင်းက တူရကီနှင့် လက်ဘနွန်နိုင်ငံများသို့ သွားရောက်ခဲ့သည့် အီတလီနိုင်ငံပြင်ပ ပထမဆုံးသော သာသနာပြုခရီးစဉ် အစတွင် တွေ့ရသည့် ပုပ်ရဟန်းမင်းကြီး လီယို။ (@VATICAN MEDIA)။)

ဗာတီကန် သတင်းပြန်ကြားရေးဌာန (Holy See Press Office) က ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ ရှေ့လာမည့် တမန်တော် ခရီးစဉ်များကို ဗုဒ္ဓဟူးနေ့တွင် အတည်ပြုထုတ်ပြန်ကြေညာခဲ့ပါသည်။

၎င်းခရီးစဉ်များမှာ ဧပြီလအတွင်း အယ်လ်ဂျီးရီးယား၊ ကင်မရွန်း၊ အန်ဂိုလာနှင့် အီကွေတိုရီယယ် ဂီနီ နိုင်ငံများသို့ (၁၀) ရက်ကြာ အာဖရိကခရီးစဉ်၊ မတ်လကုန်တွင် မိုနာကိုနိုင်ငံသို့ တစ်ရက်ကြာခရီးစဉ် နှင့် ဇွန်လအတွင်း မက်ဒရစ်၊ ဘာစီလိုနာနှင့် ကနေရီကျွန်းစုများ အပါအဝင် စပိန်နိုင်ငံသို့ (၆) ရက်ကြာ ခရီးစဉ် တို့ ပါဝင်ပါသည်။

၂၀၂၅ ခုနှစ်ကုန်ပိုင်းက တူရကီနှင့် လက်ဘနွန်နိုင်ငံများသို့ အရေးပါသော ခရီးစဉ်များ သွားရောက် ခဲ့ပြီးနောက်၊ ယခုအခါ ပုပ်ရဟန်းမင်းကြီးသည် ကမ္ဘာတစ်ဝှမ်း ဘုရားဖူးခရီးစဉ်များကို ပြန်လည် စတင် နေပြီ ဖြစ်သည်။

အာဖရိက (Africa)

အရှည်ကြာဆုံးခရီးစဉ်ဖြစ်သည့် ဧပြီ ၁၃ ရက်မှ ၂၃ ရက်အထိ ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးသည် -�အယ်လ်ဂျီးရီးယားနိုင်ငံ: စိန့်သြဂတ်စတင်း (Saint Augustine) ၏ ခြေရာများကို လိုက်လံရင်း အယ်လ် ဂျီးယားစ်နှင့် အန်နာဘာမြို့များသို့ ၄င်း၊�ကင်မရွန်းနိုင်ငံ: ယာအွန်ဒေး၊ ဘာမန်ဒါနှင့် ဒူအာလာမြို့များသို့ ၄င်း။�အန်ဂိုလာနိုင်ငံ: လူအန်ဒါ၊ မူဆီမာနှင့် ဆော်ရီမိုမြို့များသို့ ကြွရောက်ကာ။�အီကွေတိုရီယယ် ဂီနီ: မာလာဘို၊ မွန်ဂိုမိုနှင့် ဘာတာမြို့များသို့ နောက်ဆုံးအဆင့်အနေဖြင့် သွားရောက်မည်ဖြစ။�ဤခရီး စဉ် သည် စိန့်ပီတာ၏ ဆက်ခံသူ ၏တမာန်တော် ခရီးစဉ် အဖြစ်၄င်

စိန့်သြဂတ်စတင်းကို ဂုဏ်ပြုသည့် ခရီးစဉ်ဖြစ်သလို၊ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ဆင်းရဲသားများနှင့် ၎င်းတို့ကို ပြုစုစောင့်ရှောက်နေသူများကို အထူးအလေးထားသည့် ခရီးစဉ်လည်း ဖြစ်သည်။

ထို့အပြင် ငြိမ်းချမ်းရေးကို အဓိကထားမည်ဖြစ်ပြီး၊ ကင်မရွန်းနိုင်ငံမြောက်ပိုင်းရှိ ပြည်တွင်းစစ်ဖြစ် ပွားနေသော ဒေသများသို့လည်း သွားရောက်ရန် ရှိပါသည်။

မိုနာကိုနိုင်ငံ (Principality of Monaco)

၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွက် ပထမဆုံးခရီးစဉ်အဖြစ် မတ်လ ၂၈ ရက်တွင် မိုနာကိုနိုင်ငံသို့ တစ် ရက်ကြာ လျှပ်တစ်ပြက်ခရီးစဉ် သွားရောက်မည်ဖြစ်သည်။ မိုနာကို အာဏာပိုင်များ၏ အကြိမ်ကြိမ် ဖိတ်ကြားချက်ကို ပုပ်ရဟန်းမင်းကြီးက လက်ခံခဲ့ခြင်း လဲဖြစ်သည်။

မိုနာကိုသည် ကက်သလစ်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ထားပြီး ခေတ်သစ်ကာ လအ တွင်း ပုပ်ရဟန်းမင်းကြီးတစ်ပါး ပထမဆုံးအကြိမ် လာရောက်သည့် ခရီးစဉ်အဖြစ် မှတ်တမ်းဝင် မည်ဖြစ်သည်။

စပိန် (Spain)

ဇွန်လ ၆ ရက်မှ ၁၂ ရက်အထိ စပိန်နိုင်ငံ၊ မက်ဒရစ်နှင့် ဘာစီလိုနာမြို့များသို့ ကြွရောက်မည်ဖြစ်သည်။ ဘာစီလိုနာရှိ ကျော်ကြားလှသော Sagrada Familia ဘုရားကျောင်း၏ အမြင့်ဆုံးမျှော်စင်သစ်ကို ဖွင့်လှစ်ပေးမည်ဖြစ်သည်။

ဤခရီးစဉ်သည် အဆိုပါဘုရားကျောင်းကို စတင်တည်ဆောက်ခဲ့သူ ဗိသုကာပညာရှင် အန်တိုနီ ဂေါဒီ (Antoni Gaudí) ကွယ်လွန်ခြင်း နှစ် (၁၀၀) ပြည့်နှင့်လည်း တိုက်ဆိုင်နေသည်။

ထို့နောက် ပုပ်ရဟန်းမင်းကြီးသည် ကနေရီကျွန်းစု (Canary Islands) ရှိ တီနီရစ်ဖ်နှင့် ဂရင်းကနေ ရီယားကျွန်းများသို့ ဆက်လက်ကြွရောက်မည်ဖြစ်သည်။

ကွဲပြားခြားနားပြီး အဓိပ္ပာယ်ရှိသော ခရီးစဉ်များ

ဤခရီးစဉ်သုံးခုမှတစ်ဆင့် ပုပ်ရဟန်းမင်းကြီးသည် ခရစ်ယာန်အနည်းစုသာရှိသော အယ်လ်ဂျီးရီးယား ကဲ့သို့ မွတ်စလင်နိုင်ငံများမှသည်၊ စိန်ခေါ်မှုများစွာရှိသော်လည်း ယုံကြည်ခြင်း အားကောင်းသည့် အာဖရိကနိုင်ငံများ၊ လောကီရေးရာဝါဒ လွှမ်းမိုးလာနေသည့် ဥရောပနိုင်ငံကြီး စပိန်နှင့် ဒုက္ခသည်များ စီးဆင်းရာ လမ်းကြောင်းဖြစ်သော ကနေရီကျွန်းစုများအထိ မတူကွဲပြားသည့် အခြေအနေများကို ကိုယ်တိုင်တွေ့ကြုံ လေ့လာသွားမည် ဖြစ်ကြောင်း။

Vatican သတင်းဌါနက ဖေါ်ပြထားပါသည်။

Translated by Fr. peter Kyi Maung

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar

Photo credit to Vatican News

https://www.vaticannews.va/en/pope/news/2026-02/pope-leo-to-visit-africa-spain-and-monaco.html

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *