
ဒီနေ့မှာတော့ မိမိချစ်တဲ့သူ၊ ချစ်သူကို ပိုကောင်းမွန်တဲ့ အချစ်တွေ ဖန်တီးတည်ဆောက်ကြ မယ်။
ဒီနေ့မှာ ပိုမိုကောင်းမွန်တဲ့ ၁၅၀၀ အခန်းတွေ တည်ဆောက်ကြရအောင်ပါဆိုတဲ့ အကြောင်း မျှဝေပေးသွားချင်ပါတယ်။
ကျွန်မတို့လူသားတိုင်း ၁၅၀၀ အချစ်ကို လိုချင်ကြတယ်။ ရှာဖွေကြတယ်။ ကိုယ်ချစ်တဲ့သူနဲ့ အတူ ရာသက်ပန် ပေါင်းဖက်ချင်ကြတယ်။
ဒီနေ့မှာတော့ မိမိချစ်တဲ့သူ၊ ချစ်သူကို ပိုကောင်းမွန်တဲ့ အချစ်တွေ ဖန်တီးတည်ဆောက်ကြ မယ်။ ဒါဆိုရင် ဘယ်လိုဖန်တည်းကြမလဲ။
ဖတ်ဖူးတဲ့ စာအုပ်စာပေတွေမှာကတော့ မိမိက ပိုကောင်းမွန်တဲ့အချစ်ကိုရှာဖွေလို့တော့ မရနိုင်ပါဘူးတဲ့။
မိမိကိုယ်တိုင် တည်ဆောက်ယူမှ သာ၍ ပိုကောင်းတဲ့ ချစ်ခြင်းမေတ္တာကို ရနိုင်မှာယ လို့ ရေးသားထားတာ တွေ့ရပါတယ်။
ဟိုမှာ ဒီမှာ ရနိုင်မလား ရှာလည်း အပိုပါပဲ မိမိကိုယ်တိုင်က အချစ်နဲ့ ပတ်သက်လို့ အချစ်ကို ဘယ်လိုတည်ဆောက်တတ်တဲ့ အခြေအနေမှာ ရှိသလဲဆိုတာက မူတည်နေပါတယ်။
Real love ရဖို့ အချစစ်စစ်အချစ်မှန် ရဖို့ အချစ်ကိုကြီးထွားအောင် ပိုကောင်းအောင် မိမိ ကိုယ်တိုင် တည်ဆောက်ရမှာပါ။
ဒီနေ့ Online ပေါ်မှာ ချစ်သူစုံတွဲပုံလှလှတွေတင်ကြတယ်။ မိမိတို့ ဘယ်လောက် ချစ်ကြ တယ်ဆိုတဲ့သဘော ပြသကြတယ်။ အမှန်တကယ်ချစ်လို့ ရင်ထဲကရှိတဲ့ အချိန်တွေကို အဲ့ဒီရုပ်ပုံလှလှ တွေနဲ့ တင်ကြတာလား။ အများသူငါ အားကျဖို့ သက်သက်ပဲလား။ တချို့စုံတွဲတွေကျတော့လည်း (၂)နှစ် (၃)နှစ်လောက်နဲ့ အဲ့ဒီလိုပုံတွေတင်ပေမယ့် ကွဲကွာသွားကြတာတွေလည်းရှိတာပါပဲ။
ဘယ် love story မှာမဆို ရှုတ်ထွေးပွေလီတဲ့ အကြောင်းအရာတွေ ရှိစမြဲပါ။ ဒါကြောင့် မြတ်ပင်လေးပဲဖြစ်ဖြစ်၊ ပန်းပင်လေးပဲဖြစ်ဖြစ် ရှင်သန်ကြီးထွားစေချင်ရင် ပုံမှန်ရေလောင်းပေးရမှာပဲ ပေါ့။
စိတ်ကူးယဉ် ဒဏ္ဍာရီဇာတ်လမ်းတွေကသာ ပြီးပြည့်စုံတဲ့ ချစ်ခြင်းမေတ္တာတွေ ရှိကြတာပါ။ တကယ့်လက်တွေ့နဲ့ကတော့ တခြားစီပါပဲ။
စုံတွဲတစ်တွဲကို ကြည့်လိုက်ရင် အပေါ်ယံ အပြင်ပန်းမှာတော့ သူတို့ချစ်လိုက်ကြတာလို့ မြင်မှာပါပဲ။ သူတို့လည်း အမြဲတမ်းမဟုတ်ပေမဲ့ ရန်ဖြစ်ကြတာပဲ၊ အဲ့ဒီလို အပေါ်ယံမြင်နေရတာက သူတို့ တစ်ယောက်နဲ့တစ်ယောက် မလိုမုန်းတီးမှုကို ကျော်လွှားပြီး ကျက်သရေရှိတဲ့ Love story ဖြစ်ဖို့ အသိဉာဏ်ရှိရှိနဲ့ ရွေးချယ်တည်ဆောက်ခဲ့ကြလို့ပါပဲ။
လက်တွဲဖော်တွေဆိုတာ အပြစ်အနာအဆာ ကိုယ်စီရှိကြစမြဲပါ။ မိမိကိုယ်မိမိ ပြန်တွေးကြည့် လိုက်ပါ။ မိမိရဲ့ စိတ်ကူးအတွေးတွေနောက်ကို မလိုက်ပါနဲ့ မိမိရဲ့ ပျိးခင်း၊ ပန်းခြံမှာ ရေလောင်းပေါင်း သင်လုပ်နိုင်မှသာ အပွင့်၊ အသီးကို ရမှာပါ။ အဲ့ဒီလို ကြည့်နူးဖွယ်ရာ မြင်တွေ့နိုင်ဖို့ဆိုတာ မိမိ တည်ဆောက်တဲ့ ကမ္ဘာငယ်လေးမှာလည်း ပိုကောင်းအောင် တည်ဆောက်နိုင်မှ အချစ်အသီး၊ အချစ် အပွင့်တွေ ရရှိမှာပါ။ ကောင်းမွန်တဲ့ အချစ်ဇာတ်လမ်း တစ်ခုဖြစ်လို့ အသေးအမွှားလေးကအစ မယိမ်း မယိုင် မြဲမြံစွာနဲ့ ပုံမှန်တည်ဆောက်ယူရတာပါ။
အချစ်ဆိုတာ ဆန်းကြယ်ပါတယ်။ တစ်ခါတစ်လေမှာလည်း ဝေးကွာသွားတတ်တာမို့ ချစ်သူချင်း ပြန် date လုပ်မယ်။ ရယ်မောဖွယ်၊ ပျော်ရွှင်ဖယ် စကားတွေပြောကြမယ်။ မိမိရင်ထဲ မကျေနပ်တာ ရှိခဲ့ရင်လည်း ပွင့်ပွင့်လင်းလင်းပြောပြီး ပြန်ခွင့်လွှတ်ပေးလိုက်မယ်။ ကိုယ့်ချစ်သူနဲ့ ပြန်လက်တွဲမယ်။ ပြီးတော့ ချစ်ခြင်းမေတ္တာ နက်နက်ရှိုင်းရှိုင်းရှိနေဖို့ နေ့စဉ်ကြင်နာမှုတွေ နူးညံ့သိမ့် မွေမှုတွေနဲ့ ဆက်ဆံပေးမယ် မိမိကိုယ်တိုင် ရည်ရွယ်ချက်ထားပြီး ကိုယ်တိုင်ကြိုးစားတည်ဆောက် ယူမယ်။
အပြင်ပမ်းမြင်ရတဲ့ စုံတွဲတွေကို အားကျပြီး နှိုင်းယှဉ်ကြည့်နေမယ်ဆိုရင် မိမိအခုလက်ရှိ ချစ်ခြင်းမေတ္တာတွေ ပျော်ရွှင်မှုတွေ ငြိမ်းချမ်းမှုတွေ အလိုအလျောက် ပျောက်ကွယ်သွားမှာ သေချာ ပါတယ်။
မိမိမြင်ရတဲ့ စုံတွဲတွေမှာလည်း ငြင်းပယ်မှုတွေ ရှိခဲ့တာကို မိမိ မသိလို့ပဲ ဖြစ်မှာပါ။
မိမိလက်တွဲဖော်နဲ့က အချစ်ဇာတ်လမ်းကရှိနေပြီးသား။ ဒါကြောင့် သစ်ပင်တစ်ပင်ရဲ့ အမြစ် ကို ကာကွယ်စောင့်ရှောက်ရေလောင်းပေါင်းသင်မှ အပင်က ကြီးထွားမှာဖြစ်သလို အမြစ်ကိုတော့ ဆွဲမထုတ်လိုက်ပါနဲ့။ အချစ်မှာလည်း ထိုနည်းအတိုင်းပါပဲ။
မိမိလက်တွဲဖော်ကို မိမိစိတ်အလိုမကျရှိလင့်ကစား တဖန်ပြန်ပြီး ရွေးချယ်လိုက်ပါ။ ကြင်ကြင် နာနာနဲ့ ပြန်ပြီး ဆက်ဆံလိုက်ပါ။ မိမိရဲ့ မေတ္တာကို ပေါ်လွင်အောင် ပြလိုက်ပါ။ နေ့စဉ် မေတ္တာအရင်း အနှီးတွေ မြှုပ်နှံလိုက်ပါ။
ကြီးကျယ်မြင့်မြတ်တဲ့ စုံတွဲတစ်တွဲ ရဖို့ဆိုတာ ‘‘ငါကတော့ Lucky ကောင်းတာပဲ’’လို့ မထင်လိုက်ပါနဲ့။
အဲ့ဒီလို မြင်တွေ့ရတဲ့ အိမ်ထောင်မှာ ခွင့်လွှတ်မှုတွေ၊ ညက်ညောမှုတွေ ၊ ကျက်သရေရှိမှုတွေ နားလည်မှုတွေ အမှားအမှန်ကို သိတတ်တဲ့ အသိတရားတွေ ကိုယ်စီရှိနေလို့ပဲ ဖြစ်ပါတယ်။
ဒါဆိုရင် ချစ်ခြင်းမေတ္တာတွေ တည်တံ့နေဖို့ ခုနတင်ပြတဲ့ အကြောင်းအရာတွေကျော်သွားလို့ မရပါဘူး။ မိမိသက်ဆုံးတိုင် ချစ်မယ်လို့ ကတိပေးထားတဲ့သူကို အဲ့ဒီလို မေတ္တာတွေပြန်ပြီး ပြနိုင်ရန် ဖြင့် ဒီစုံတွဲကတော့ Lucky ကောင်းလိုက်တာ။ အားကျလိုက်တာလို့ အများက မြင်တွေ့မှာပါပဲ ဆိုတာ တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။

