ငြိမ်းချမ်းရေးသည် အရေးတကြီး လိုအပ်နေပြီး တာဝန်သိသော ဆုံးဖြတ်ချက်များ ချမှတ်ရန် လိုအပ်။

Angelus ဆုတောင်းခြင်းအပြီးတွင် ပုပ်ရဟန်းမင်းကြီးသည် လက်နက်များ အသံတိတ်ရန်နှင့် ဗုံးကြဲတို က်ခိုက်မှုများ ရပ်တန့်ရန် သူ၏ တောင်းဆိုချက်ကို ပြင်းထန်စွာ ထပ်လောင်း ပြောကြားခဲ့ပါသည်။

ယူကရိန်းကို ဆန့်ကျင်သည့် စစ်ပွဲစတင်ခဲ့သည့် ၄ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ပုပ်ရဟန်းမင်းကြီးက “ချက်ချင်း အပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင်ကြပါ၊ ငြိမ်းချမ်းရေး လမ်းစပေါ်ပေါက်စေရန် ဆွေးနွေး ညှိနှိုင်းမှုများကို အားကောင်းအောင် လုပ်ဆောင်ကြပါ” ဟု မိန့်ကြားခဲ့သည်။

ငြိမ်းချမ်းရေးကို ဆိုင်းငံ့ထား၍ မရကြောင်း – “စစ်ပွဲတိုင်းသည် အားလုံးသော လူသားမျိုးနွယ် စုကြီး အပေါ် သက်ရောက်စေသည့် ဒဏ်ရာတစ်ရပ်ပင် ဖြစ်သည်။ ၎င်းသည် သေဆုံးမှု၊ ပျက်စီးဆုံးရှုံးမှုနှင့် မျိုး ဆက်များအထိ အမာရွတ်ထင်ကျန်စေမည့် နာကျင်မှုများကိုသာ ချန်ရစ်ခဲ့သည်။”

“လက်နက်များ အသံတိတ်ပါစေ၊ ဗုံးကြဲမှုများ ရပ်တန့်ပါစေ၊ ချက်ချင်း အပစ်အခတ်ရပ်စဲရေးကို လုပ် ဆောင်ပါစေ၊ ငြိမ်းချမ်းရေးဆီသို့ ဦးတည်နိုင်ရန် ဆွေးနွေးညှိနှိုင်းမှုများကို အားကောင်းစေပါစေ။”

“တစ်ကမ္ဘာလုံး၏ ရှေ့မှောက်တွင် ဖြစ်ပွားနေသော” စစ်ပွဲများကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် ဆင်းရဲဒုက္ခ များ ကို ကြုံတွေ့နေရသည့် ပြည်သူများအတွက် အလွန် စိတ်မကောင်းဖြစ်ခဲ့ရကြောင်း

ဆက်လက်ပြီးရဟန်းမင်းကြီးက-

“သားကောင်တွေ အများကြီး၊ ဘဝတွေနဲ့ မိသားစုတွေ အများကြီး ပျက်စီးခဲ့ရပြီ၊ ကြီးမားတဲ့ ဖျက်ဆီး မှုတွေ၊ ပြောမပြနိုင်တဲ့ ဆင်းရဲဒုက္ခတွေ! စစ်ပွဲတိုင်းဟာ တကယ်တော့ လူသားမျိုးနွယ်စုတစ်ခုလုံးကို ထိခိုက်စေတဲ့ ဒဏ်ရာတစ်ခုပါ။ ငြိမ်းချမ်းရေးကို ဆိုင်းငံ့ထားလို့ မရတော့ပါဘူး။ ဒါဟာ ကျွန်ုပ်တို့ရဲ့ နှလုံးသားထဲမှာ နေရာယူရမယ့် အရေးတကြီး လိုအပ်ချက်ဖြစ်ပြီး တာဝန်သိတဲ့ ဆုံးဖြတ်ချက်တွေအဖြစ် ပြောင်းလဲဖော်ဆောင်ရမှာ ဖြစ်ပါတယ်။”

ဆုတောင်းခြင်း၌ စည်းလုံးခြင်း

ပုပ်ရဟန်းမင်းကြီး က “ယူကရိန်းပြည်သူများအတွက်လည်းကောင်း၊ စစ်ပွဲနှင့် ကမ္ဘာ တစ်ဝှမ်းရှိ ပဋိပက္ခ များကြောင့် ဒုက္ခရောက်နေသူများ အားလုံးအတွက်လည်းကောင်း၊ ကျွန်ုပ်တို့ မျှော်လင့်တောင့် တနေ သော ငြိမ်းချမ်းရေး လက်ဆောင်ကို ရရှိနိုင်ရန် ဆုတောင်းခြင်း၌ အတူတကွ ပူးပေါင်းကြပါ” တိုက် တွန်းခဲ့ပါသည်။

Fr. Peter Kyi Maung

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *