သာသနာ့အကျိုးဆောင်အဖွဲ့နှင့် ဘဏ္ဍာရေးကော်မတီတို့ တွေ့ဆုံဆွေးနွေးခြင်းအစည်းအဝေးကျင်းပ။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ မန္တလေးမြို့ပေါ်ရှိ သာသနာစီရင်စု (၆)ခုမှ သာသနာ့အကျိုး ဆောင်အဖွဲ့ များနှင့် ဘဏ္ဍာရေးကော်မတီအဖွဲ့တို့၏ပထမဆုံးအကြိမ် တွေဆုံဆွေးနွေးခြင်း အစည်း အဝေးကို ဂိုဏ်းချုပ်ဆရာတော်ကြီး မာကု ဦးတင်ဝင်း၏ လမ်းညွန်မှုဖြင့် (ဖေဖော်ဝါရီလ ၁၆ မှ ၁၇၊ ၂၀၂၆) ရက်နေ့ထိ နှစ်ရက်တာ ကာသီ ဒြယ် ရွှေနှလုံးတော်ဘုရားကျောင်း၌ ဘုန်းတော်ကြီး Fr. John Soe Tin မှဦးဆောင်ပြီး ကျင်းပခဲ့ပါ သည်။

ခုလိုတွေဆုံဆွေးနွေးခြင်းသည် သာသနာတော်အတွက် အလွန်အရေးကြီးကြောင့် ဒီလိုဆွေးနွေးခြင်း အားဖြင့် နည်းလမ်းကောင်း၊ ပုံစံကောင်း တွေရရှိလာမှာဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပါတယ်။ ဒီမန္တလေးမြို့ပေါ်ပြီးရင် အခြားဒေသများဖြစ်သော ပြင်ဦးလွင်၊ ကျောက်ဆည်၊ တောင် တွင်းကြီး စသည့်ဒေသများတွင်လည်း လုပ်ဖို့အစီအစဉ်ရှိတဲ့အကြောင်း အဖွင့်အမှာစကား ပြောကြားရာ မှာ ဆရာတော်ကြီးမာကု ဦးတင်ဝင်းမှ ပြောကြားခဲ့ပါသည်။

ခုလိုအစည်းအဝေးပြုလုပ်ရခြင်းနဲ့ပတ်သက်ပြီး ဦးဆောင်ကျင်းပသူ ဘုန်းတော်ကြီး Fr. John Soe Tin ကိုမေးကြည့်ရာ

သာသနာ့အကျိုးဆောင်အဖွဲ့နှင့် ဘဏ္ဍာရေးကော်မတီတို့ဟာ သာသနာအုပ်စုတိုင်းမှာ မဖြစ်မနေ ရှိနေရ မည့် အဖွဲ့အစည်းများဖြစ်ပါတယ်။ အဲ့ကြောင့်ဒီမန္တလေးဂိုဏ်းချုပ်သာသနာမှာ ရှိတဲ့ ဒီအဖွဲ့အစည်းတွေ အနေနေ့ လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်တွေကို ကောင်းမွန် စွာသိရှိလိုက်နာဆောင်ရွက်ဖို့အတွက် ဒီလိုအစည်းအဝေးကို ခေါ်ယူပြီးရှင်းပြခြင်းဖြစ်ပါတယ်။

အရင်ကတော့ သာသနာစီရင်စုတစ်ခုခြင်း အနေနဲ့ပဲသွားပြီး ဖွဲ့စည်းပေးတယ် ရှင်းပြပေးတယ် အခုလို စုပေါင်းပြီးလုပ်ဆောင်တာကတော့ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဒီအစည်းအဝေးနှစ်ရက်တာမှာ အဓိက ခေါင်းစဉ် သုံးခုဖြင့်ဆွေးနွေးတိုင်ပြင်ကြပါတယ် ပထမရက်မှာ နှုတ်ကပါဌ်တော် ချီးမွမ်းကိုး ကွယ်ခြင်းကော်မတီ၊ ဂရုဏာကော်မတီတို့ရဲ့လုပ်ငန်းတာဝန်တွေ ကိုရှင်းပြပြီး အစည်းအဝေးလာတက် သော သူများအား အဖွဲ့ ၅ ဖွဲ့ခွဲပြီး ဆွေးနွေးတိုင်ပြင်ပြီး တစ်ဖွဲ့ချင်းပြန်လည်တင်ပြဆွေးနွေးတာတွေလုပ် ဆောင်ပါတယ်။

ဒုတိုယနေ့မှာတော့ ဘဏ္ဍာရေးကော်မတီရဲ့ဖွဲ့စည်းပုံ၊ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ငန်းဆောင်ရွက်မှု ပုံစံ များနဲ့ပတ်သက်ပြီးရှင်းပြတယ်။ ဒီအပေါ်ဘယ်လိုအမြင်ရှိတာတွေကိုလည်း ဘဏ္ဍာရေးရှာဖွေခြင်း၊ ထိန်း သိမ်းခြင်း၊ အသုံးပြုခြင်း စသည့်တို့ကို အဖွဲ့လိုက် ပြန်လည်ဆွေးနွေးပြီး တစ်ဖွဲ့ချင်းစီရဲ့ အမြင်တွေ ပြန် လည်သုံးသပ်တင်ပြတာတွေ လုပ်ခဲ့ပါတယ်။

ဒီလိုပြုလုပ်ခြင်းအားဖြင့် သာသနာ့ အကျိုးဆောင်တွေရော၊ ဘဏ္ဍာရေးကော်မတီတွေရော သူတို့လုပ် ဆောင်နေတဲ့အလုပ်ရဲ့ ရည်ရွယ်ချက် စည်းမျဉ်းစည်းကမ်းတွေကို မှန်မှန်ကန်ကန် နားလည် သဘော ပေါက်ပြီး လက်တွေ့လုပ်ဆောင်နိုင်မည်ဆိုရင် သာသနာအုပ်စုတိုင်းမှာ ပိုပြီးတော့ စနစ်ကျလာမယ်၊ တိုး တက်အောင်မြင်လာမယ်လို့ ယုံကြည်ပါတယ်ဟု” ပြောကြားခဲ့ပါသည်။

 အစည်းအဝေးတက်ရောက်လာသူတစ်ချို့မှလည်း သူတို့အမြင်ကို ခုလိုပြောပါသည်။

Andrews Kyaw Kyaw Naing( ဘဏ္ဍာရေးမှူး၊ စိန့်ဂျွန်းစီရင်စု)

ဒီလိုအစည်းအဝေးလုပ်ခြင်းအားဖြင့် ကျွန်ုပ်တို့ လုပ်ဆောင်နေတဲ့ အလုပ်တွေပိုပြီး နည်းလမ်းမှန်မှန်နဲ့ လုပ်ဆောင်လာနိုင်မယ်။ တစ်ယောက်ချင်းဆီကလည်း အကြံညာဏ်တွေရမယ် ဒီအကြံညာဏ်တွေနဲ့ ကိုယ့်ရဲ့သာသနာစီရင်စုမှာ ပိုမိုတိုးတက်အောင် လုပ်ဆောင်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။

Francis Xavier ကိုနိုနို( PFC ဒုဥက္ကဌ၊ ရွှေနှလုံးတော်စီရင်စု)

ဒီနှစ်ရက်တာ PPC/ PFC အစည်းအဝေးက ဝေမျှပေးတဲ့အတိုင်း စနစ်တကျလုပ်ဆောင်သွားမယ် ဆိုရင် သာသနာအတွက် ဘာသာရေး၊လူမှုရေး၊ စီးပွားရေး ဒီအပိုင်းတွေမှာ တိုးတက်လာမယ်လို့ ယုံကြည်ပါ တယ်။ ဒီအစည်းအဝေးမှာဆွေးနွေးတင်ပြခဲ့တဲ့ မတူညီတဲ့အကြံညာဏ်တွေကို အသုံးပြုပြီးတော့ သာ သနာစီရင်စုတိုင်းမှာဆောင်ရွက်မယ်ဆိုရင် အသင်းတော်ကနေ ချမှတ်ထားသော ရည်ရွယ်ချက်တွေကို ရာနှုန်းပြည့်မဟုတ်ရင်တောင်အတိုင်းအတာတစ်ခုထိ ရောက်နိုင်မယ်လို့မျှော်လင့်ပါတယ်။

Paulina Nan- Mu Aye( ဘဏ္ဍာရေးမှူး၊ စိန့်ဇေးဗီးယားစီရင်စု)

PPC/ PFC ရဲ့လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားတွေကို လမ်းညွန်ပေးတဲ့ အရာဖြစ်တဲ့အတွက် ဒီအစည်း အဝေး လာတက်ခြင်းအားဖြင့် ကိုယ့်ရဲ့တာဝန်ကို သိပြီးတော့ သာသနာအတွက် ပိုမိုကောင်းမွန် တဲ့လုပ် ဆောင်ချက်တွေကို လုပ်ဆောင်နိုင်မယ်လို့ထင်တယ်။

Mary Victoria Daw Li Joseph (ဘဏ္ဍာရေးကော်မတီ အတွင်းရေးမှူး၊ စိန့်ဂျိုးဇက်)

ဒီအစည်းအဝေးကနေ ကောင်းမွန်တဲ့ လမ်းညွန်မှုတွေရလာမယ်လို့မျှော်လင့်ပါတယ် ပြီးတော့ဒီလိုတွေ့ ဆုံခြင်းအားဖြင့် အားနည်းချက် အာသာချက်တွေကို ဖလှယ်နိုင်ပြီး အားနည်းတဲ့အပိုင်းကိုပိုမိုတိုးတက် အောင်ဘယ်လိုလုပ်ရမယ်။ အားသာတဲ့အပိုင်းကိုလည်း ပိုကောင်းအောင်ဘယ်လိုဆက်လုပ်ရမယ် ဆိုတဲ့ အသိပညာအသစ်တွေ ရရှိပါတယ်။

Genevieve Cho Cho Win( ဘဏ္ဍာရေးမှူး၊ စိန့်မိုင်ကယ် (သံဝင်း) )

ဒီအစည်းအဝေးကနေ အတွေးသစ် အမြင်သစ် လုပ်ဆောင်မှုအသစ်တွေကို လေ့လာသိရှိရတယ် တစ်ချို့ ကဏ္ဍတွေက မလုပ်ဆောင်ဖြစ်လို့ မှေးမှိန်ပျောက်ကွယ်ဆဲဆဲဖြစ်နေတဲ့ အရာတွေကို ပြန်လည် အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်းပြန်သတိရလာတယ်။ ခုလိုတွေ့ဆုံဆွေးနွေးခြင်းကို အနည်းဆုံး တစ်နှစ်မှာတစ်ခါ ပုံမှန်တွေ့ဆုံနိုင်ရင်ပိုကောင်းမယ်မယ်လို့ ထင်တယ်။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *