
‘သေခြင်းတရားကို အရှိအတိုင်း လက်ခံရှုမြင်ကြပါ’

ပြာခံပွဲ ဗုဒ္ဓဟူးနေ့တွင် ပုပ်ရဟန်းမင်းကြီး၏ မိန့်ကြားချက် –
ဝါတွင်းကာလ စတင်ချိန်တွင် ပုပ်ရဟန်းမင်းကြီး လီယို (Pope Leo) က ပြာများသည် “မီးလောင် တောက်လောင်နေသော ကမ္ဘာကြီး၏ အလေးချိန်နှင့် စစ်ပွဲကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော မြို့ကြီးများ” ကို သတိရစေသည်ဟု မိန့်ကြားခဲ့သည်။
ရောမမြို့ရှိ စိန့်ဆာဘီးနား (Saint Sabina) ဘုရားကျောင်းတော်ကြီးတွင် ကျင်းပသော ပြာခံပွဲဗုဒ္ဓဟူးနေ့ မစ္ဆားတရားတော်ကို ဦးဆောင်ပူဇော်ရင်း ပုပ်ရဟန်းမင်းကြီး လီယိုသည် နောင်တရခြင်း၊ အဖွဲ့အစည်းနှင့် သေခြင်းတရားတို့အပေါ် ဆင်ခြင်သုံးသပ် ဟောကြားခဲ့ပါသည်။
ဘုရားကျောင်းသို့ လာရောက်သူများ၏ နဖူးပေါ်တွင် ခံယူရယူမည့် ပြာများသည် “မီးလောင် တောက် လောင်နေသော ကမ္ဘာကြီး၏ အလေးချိန်နှင့် စစ်ပွဲများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော မြို့ကြီးများ” ကို သတိရစေကြောင်း၊
ယနေ့ ကမ္ဘာ့အခြေအနေအရ ဤပြာခံယူသောဗုဒ္ဓဟူးနေ့တွင် “သေခြင်းတရားကို အရှိအတိုင်း လက်ခံရှု မြင်ကြရန်နှင့် သေခြင်းတရား၏ အမှတ်အသားများကို ကျွန်ုပ်တို့အတွင်း၌ သယ်ဆောင်ထားကြရန်” တောင်းဆိုနေကြောင်း
မိမိတကိုယ်တည်းသိသောအပြစ်များနှင့် လူအများသိသောအပြစ်များ
ပြာခံပွဲဗုဒ္ဓဟူးနေ့သည် ရှင်ပြန်ထမြောက်ရာပွဲတော် (Easter) မတိုင်မီ အစာရှောင်ခြင်းနှင့် ဆုတောင်း ခြင်းများ ပြုလုပ်ကြသည့် ရက်ပေါင်း (၄၀) ကြာ ဝါတွင်းကာလ၏ ပထမဆုံးနေ့ ဖြစ်သည်။
ဤအချိန်သည် “အသင်းတော် အစုအဖွဲ့အတွက် အင်အားကြီးမားသော အချိန်ကာလဖြစ်သည်” ယနေ့ ခေတ်တွင် စစ်မှန်သော အစုအဖွဲ့စိတ်ဓာတ်သည် ရှားပါးလာနေသော်လည်း ဝါတွင်းကာလသည် “မိမိတို့ ၏ အပြစ်များကို ဝန်ခံသိမှတ်ကြသော သက်သေခံ အသင်းတော်တစ်ရပ်” အဖြစ် လူများကို စုစည်း ပေးကြောင်း
ဤအပြစ်များသည် ပုဂ္ဂိုလ်ရေးရာနှင့် အများဆိုင်ရာ နှစ်မျိုးလုံးဖြစ်ကြောင်း၊ အပြစ်တရားသည် “ကျွန်ုပ် တို့၏ နှလုံးသားများကို နှိပ်စက်ပြီး ကျွန်ုပ်တို့အတွင်း၌ တည်ရှိနေ ကြောင်း ပုပ်ရဟန်းမင်းကြီး လီယိုက အလေးပေးပြောကြားခဲ့သည်။
သို့သော် တစ်ချိန်တည်းမှာပင် ထိုအပြစ်နှစ်မျိုးလုံးသည် ပိုမိုကျယ်ပြန့်သော “စီးပွားရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် ဘာသာရေးဆိုင်ရာ သဘောသဘာဝများပါဝင်သည့် အဖွဲ့အစည်းများ” အတွင်း၌လည်း ဖြစ်ပျက်နေပါသည်။
ဝါတွင်းကာလ ဆိုသည်မှာ နောင်တရခြင်းနှင့် ပြောင်းလဲခြင်းမှတစ်ဆင့် ဤအရာအားလုံးမှ “လွတ် မြောက်ရန် ရဲဝံ့ခြင်း” ဖြစ်သည်ဟု ပုပ်ရဟန်းမင်းကြီး လီယိုက ဖော်ပြခဲ့သည်။
ဝါတွင်းကာလ၏ ‘သာသနာပြုခြင်းဆိုင်ရာ အဓိပ္ပာယ်’
ယနေ့ခေတ် လောကီရေးရာ ဦးစားပေးသော ကာလတွင် ဤသတင်းစကားသည် လူငယ်များအတွက် အထူးဆွဲဆောင်မှု ရှိနေကြောင်း ပုပ်ရဟန်းမင်းကြီးက ဆိုသည်။
“အသင်းတော်နှင့် ကမ္ဘာကြီးတွင် ဖြစ်ပျက်နေသော မှားယွင်းမှုများအတွက် တာဝန်ခံမှု ရှိသင့်သည်” ဆို သောအချက်ကို လူငယ်များသည် အထူးရှင်းလင်းစွာ နားလည်သဘောပေါက်ကြကြောင်း သူက ထောက်ပြခဲ့သည်။
ထို့ကြောင့် ခရစ်ယာန်များသည် ဝါတွင်းကာလကို ပုဂ္ဂိုလ်ရေး ဝတ်ပြုကိုးကွယ်မှု သက်သက်အဖြစ် ရှုမြင်မည့်အစား “မိမိတို့၏ ဘဝကို အသစ်ပြုပြင်ရန် စစ်မှန်သော နည်းလမ်းများ” ကို ရှာဖွေနေကြသည့် “စိတ်နှလုံး ကောင်းရှိသူများ” ထံသို့ ဤကာလကို မိတ်ဆက်ပေးနိုင်မည့် နည်းလမ်းများကို ရှာဖွေသင့် ကြောင်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပါသည်။
Fr. Peter Kyi Maung

