
တရုတ်ကက်သလစ်ဘာသာဝင်မိသားစုများ၏ နှစ်သစ်ကူးကျေးဇူးတင်မစ္ဆားတရားပူဇော်ခြင်း။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်းရှိ တရုတ်ကက်သလစ်ဘာသာဝင် မိသားစုများ၏ နှစ် သစ်ကူး ကျေးဇူးတင်မစ္ဆားတရားတော်မြတ်ကို စိန့်ဂျိုးဇက်ဘုရားရှိခိုးကျောင်း(လဖုန်း) ၌ (၁၇.၂.၂၀၂၆) နေ့ နံနက် ၆း၁၅ အချိန်တွင် ဆရာတော်ကြီး မာကုဦးတင်ဝင်းမှ ဦးဆောင်ပူဇော်ပေးခဲ့ပါသည်။
“ဒီနေ့တရုတ်နှစ်သစ်ကူးနေ့မှာ တရုတ်တိုင်းသူပြည်သားတွေနဲ့ တရုတ်မျိုးနွယ်ဆက်တွေ အတွက် မိမိတို့ လုပ်သမျှ၊ မိမိတို့ရည်မှန်းသမျှ၊ မိမိတို့ကြံစည်သမျှတွေကို ဘုရားရဲ့ကျေးဇူးတော် ဘုရားရဲ့လက်တော် နဲ့ဆောင်မပြီး အောင်မြင်ကြပါစေ။ နောင်နှစ်ပေါင်းများစွာ လည်းမိသားစုတွေ စုံစုံလင်လင်နဲ့ နှစ်သစ် ကူးပွဲဆင်နွှဲနိုင်ကြပါစေလို့ ဆရာတော်ဆုတောင်းပေးပါတယ်ဟု” မစ္ဆားတရားအတွင်းတရုတ်ကက်သ လစ်မိသားစုများအတွက် ဆရာတော်ကြီးမာကု ဦးတင်ဝင်းမှ ဆုတောင်းပေးခဲ့ပါသည်။
နှစ်သစ်ကူးကျေးဇူးတင်မစ္ဆားပူဇော်ခြင်းပြန်လည်ကျင်းပခြင်းနဲ့ပတ်သက်ပြီး တရုတ်ကက်သလစ်ဘာ သာဝင်မိစားစုများ၏ ဝိညာဉ်လမ်းညွန် Fr. Patrick Soe Htun မှလည်း
“ကျွန်ုပ်တို့တရုတ်နှစ်သစ်ကူးကျေးဇူးတင် မစ္ဆားတရားကို နောက်ဆုံးပူဇော်ခဲ့တာဟာ ၂၀၂၀ ခုနှစ်မှာ ဖြစ်ပါတယ်။ ကြားထဲမှာ လေး၊ ငါး နှစ်မကျင်းပနိုင်ခဲ့ဘူး။ ဒီနေ့မှာ ပြန်လည်ပြီးဘုရားသခင်ကို ကျေးဇူးတင်ခွင့်ရတဲ့အတွက် ပထမဆုံးဘုရားသခင်ကို ကျေးဇူးတင်တယ် စိစဉ်တဲ့သူပါဝင်တဲ့သူ အားလုံး ကိုလည်းကျေးဇူးတင်ပါတယ်။ Mandalay Catholic Chinese (MCCC) ရဲ့ဥက္ကဌနှင့် အီစီအဖွဲ့ များကိုကိုလည်း အထူးကျေးဇူးတင်ပါတယ်။
ဒီနှစ်မှာတော့ အချိန်လေးနည်းနည်းကပ်သွားတဲ့အတွက် လိုအပ်ချက်တွေတော့ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့ ဆရာတော်ဘုရား ကျွန်ုပ်တို့ကို ခွန်အားပေးခဲ့သလိုပဲ ယုံကြည်ခြင်းက အရေးကြီးတယ် ဒီယုံကြည် ခြင်း နဲ့ပဲ ကျွန်ုပ်တို့ရှေ့ဆက်ကြရတာဖြစ်တယ်။ ဒီယုံကြည်ချက်နဲ့ကြိုးစားတဲ့အတွက် ဒီနေ့ပွဲ လေးကို ကျွန်ုပ် တို့ကျင်းပနိုင်ခဲ့ပါတယ်။
နောက်နှစ်တွေကြရင်တော့ကျွန်ုပ်တို့အချိန်ပိုယူပြီးမှ အားလုံးပါဝင်ပြီးပိုမို စည်စည်ကားကားဖြစ်အောင် လို့ကြိုးစားပါမယ်။ နောက်ပြီးလမုန့်ပွဲတော်ကိုလည်း ပြန်လည်ကျင်းပနိုင်အောင်လုပ်ရမယ် တရုတ် ကက်သလစ်ဘာသာတူများအနေနဲ့လည်း စိတ်အားထက်သန်စွာ ပါဝင်ကြဖို့အထူးတိုက်တွန်းနှိုးဆော် ပါ တယ်” ဟု ပြောကြားခဲ့ပါသည်။
ပီတာ ဦးကြင်စိန်( အကျိုးဆောင်အဖွဲ့ ဥက္ကဌ)
အခုလိုကျွန်ုပ်တို့ဒီတရုတ်ကက်သလစ်ဘာသာဝင် မိသားစုများ၏ နှစ်သစ်ကူးကျေးဇူးတင်မစ္ဆားတရား ကိုပြန်လည်ကျင်းပနိုင်တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ကျွန်ုပ်တို့လွန်ခဲ့သော ၁၅ နှစ်ကျော်လောက် ကတည်းက ဒီ(MCCC) အသင်းအဖွဲ့အစည်းကို ဖွဲ့စည်းပြီး နှစ်စဉ်ကျင်းပလာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကြား လေး၊ငါး နှစ်တော့မကျင့်ပနိုင်ခဲ့ပါဘူး။
ကျွန်ုပ်တို့ဒီတရုတ်မိသားစု အသင်းအဖွဲ့ထဲမှာ ပုံမှန်ဝိညာဉ်လမ်းညွန်ဘုန်းကြီးတစ်ပါးရှိရင်တော့ ပိုအဆင် ပြေသလို လစဉ်လည်းအရင်ကလို ကျွန်ုပ်တို့ တရုတ်မိသားစုတွေ အတူတကွ မစ္ဆားတရားပူဇော်တာ တွေ ဝတ်ပြုဆုတောင်းတာတွေလုပ်နိုင်မယ်။
အခုကျွန်ုပ်တို့ရဲ့ ဝိညာဉ်လမ်းညွန်း ဘုန်းဘုန်း Fr. Patrick Soe Htun ကလည်း ရန်ကုန်မှာ တာဝန်ကျ တယ်ဆိုတော့ လတိုင်းပြန်လာဖို့က အဆင်မပြေဘူးလေး။ နောက်ကြရင်တော့ အရင်လို တစ်လတစ်ခါ မစ္ဆားတရားပူဇော်တာတွေ လုပ််လာနိုင်မယ်လို့ ယုံကြည်ပါတယ်။” ဟုပြောသည်။
မစ္ဆားတရားသို့ တရုတ်ကက်သလစ်ဘာသာဝင်များ၏ ဝိညာဉ်လမ်းညွန် ဘုန်းတော်ကြီး Fr. Patrick Soe Htun နှင့်အတူ မန္တလေးမြို့တွင်းရှိ တရုတ်ကက်သလစ်ဘာသာဝင်များအတူတကွပါဝင်ပူဇော်ခဲ့ပါသည်။

