
မဒါဂတ်စကာကျွန်းတွင် ဆိုးရွားစွာတိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းသင့်ပြည်သူများအတွက် ပုပ်ရ ဟန်းမင်းကြီး ဆုတောင်းပေး။

အန်ဂျလပ်စ် (Angelus) မေတ္တာဆိုပြီးနောက်၊ ပုပ်ရဟန်းမင်းကြီး လီယိုသည် လူပေါင်း ၁၆,၀၀၀ ခန့် အိုး မဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် မဒါဂတ်စကာနိုင်ငံရှိ ဆက်တိုက်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံစား နေရသူများအတွက် ၎င်း၏ ကိုယ်ချင်းစာတရားကို ဖော်ပြခဲ့သည်။
အချိန်တိုအတွင်း ဆိုင်ကလုန်းမုန်တိုင်း နှစ်ကြိမ်တိုင်တိုက်ခတ်မှုကြောင့် ဒုက္ခရောက်နေကြသော မဒါ ဂတ်စကာပြည်သူများအတွက် စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့သည်။ “သေဆုံးခဲ့ရသူတွေ၊ သူတို့ရဲ့ မိသား စုဝင်တွေနဲ့ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့ခဲ့ရသူ အားလုံးအတွက် ကျွန်ုပ်ဆုတောင်း ပေး နေပါတယ်” ဟု ကိုယ်တော်က မိန့်ကြားခဲ့သည်။
ယခုနှစ် အနောက်တောင်အိန္ဒိယသမုဒ္ဒရာ၏ မုန်တိုင်းရာသီမှာ အလွန်ပြင်းထန်လှပြီး၊ ဆိုင်ကလုန်း မုန် တိုင်း ‘ဂီဇာနီ’ (Gezani) နှင့် ‘ဖီတီးယား’ (Fytia) တို့ တိုက်ခတ်ပြီးနောက် မဒါဂတ်စကာနိုင်ငံသည် နိုင်ငံ တော်အရေးပေါ်အခြေအနေ ကြေညာထားကာ နိုင်ငံတကာအကူအညီများကို တောင်းခံထားရသည်။
ဂီဇာနီမုန်တိုင်းသည် ဖေဖော်ဝါရီ ၁၀ ရက်တွင် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ပြီး လူပေါင်း ၂၇၀,၀၀၀ ခန့်ကို ထိခိုက်စေကာ ထောင်ပေါင်းများစွာမှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ အနည်းဆုံး လူပေါင်း ၄၀ ခန့် သေဆုံးခဲ့ကြောင်း အာဏာပိုင်များက အစီရင်ခံထားသည်။ ကုလသမဂ္ဂနှင့် အခြားမိတ် ဖက်အဖွဲ့အစည်း များနှင့် ပူးပေါင်းကာ နိုင်ငံ၏ အရင်းအမြစ်များကို ရှာဖွေကယ်ဆယ်ရေး၊ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးရေး၊ ခိုလှုံရာနေရာနှင့် စားနပ်ရိက္ခာ အကူအညီပေးရေးတို့တွင် အသုံးချလျက်ရှိသည်။
ဘာသာပြန်- Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

