ဒီနေ့မှာ ရေစီးကြောင်းထဲမှာ Boy Friend, Girl Friend ထားကြတဲ့ အကြောင်းကို နည်းနည်း တင်ပြပေးချင်ပါတယ်။

အခုတင်ပြပေးချင်တာက လက်ထပ်ပြီးသား အိမ်ထောင်ရှင် တချို့ Boy Friend, Girl Friend  ထားတာကို ပြောချင်တာပါ။

            Boy Friend, Girl Friend ထားတယ်ဆိုတဲ့ အဓိပ္ပါယ်က သူငယ်ချင်း ချစ်သူအဖြစ်နဲ့ တည်ရှိ တာပါ။ စိတ်တူကိုယ်တူ သူငယ်ချင်းပဲပေါ့။ ဒါပေမယ့် လက်ထက်ထိမ်းမြားပြီး အတူပေါင်းသင်းနေထိုင် တဲ့ အဆင့်ထိတော့ မဟုတ်ပါဘူး။

            လက်ထပ်ပြီးတဲ့ အိမ်ထောင်ရှင်ဆိုရင်တော့ မိမိအိမ်ထောင်ရဲ့ အသုံးစရိတ်တွေ Bills တွေ အတူတကွ သုံးစွဲကြပြီး ဘဝခရီးမှာ ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင်ရှိတာတွေအတူတူနေထိုင်ကြပေမယ့် Boy friend, Girl friend မှာတော့ ဒီလိုတွေရှိမနေဘူး။

            လက်ထပ်ပြီးသား အိမ်ထောင်ရှင်တစ်ယောက်ဆိုတ ဒီ Boy Friend, Girl Friend နဲ့က နှစ် ယောက်တည်း တွေ့ဆုံတာ no dating ဖြစ်ရမှာပါ။

            မိမိက လက်ထပ်ထိမ်းမြားပြီးတဲ့အတွက် အကြွင်းမဲ့ ကတိပေးပြီးတဲ့သူဖြစ်တဲ့အတွက် မသိ စိတ်ကနေ ကြောက်နေပြီး Boy Friend, Girl Friend အဖြစ်နဲ့ပဲ အတူရှိနေတဲ့သဘောကို ဆောင်နေ တာပါ။ တွဲတော့တွဲတယ် ဘာကိုမှ တာဝန်မယူတဲ့ သဘောပေါ့နော်။

            ဒီလိုကြောက်ရွံ့မှု၊ စိုးရွံ့မှုတွေက မိမိအိမ်ထောင်သာယာပျော်ရွှင်စေဖို့ အဟန့်အတားတွေ ဖြစ်စေပါတယ်။

            မိမိရဲ့အိမ်ထောင်အပေါ်မှာ  ဘယ်လောက်နက်ရှိုင်းစွာ Plan တွေချထားသလဲ၊ ဘဝတစ်ခု တည်ဆောက်ဖို့ အတူတကွ အိမ်မက်တွေ ဘယ်လိုရှိလဲ၊ ဘယ်လို အောင်မြင်တဲ့ အိမ်ထောင်တစ်ခု ဖြစ်အောင် တည်ဆောက်ကြမလဲဆိုတဲ့ အဆုံးစွန်ထိ ကန့်သတ်ချက်တွေရှိမှာပဲလေ။

            ဒါပေမဲ့ တစ်ဦးက Boy Friend/ Girl Friend ရှိနေတဲ့အခါ ဒီအမိုးအောက်မှာ မိမိရဲ့ အိမ်ထောင် တာဝန်တွေကို တာဝန်ယူမှု၊ တာဝန်ခံမှုတွေ အပြည့်အဝလုပ်ပေးနိုင်အုံးမလား၊ အခုသာ တဖက်က မသိသေးလို့ လုံခြုံနေတယ်လို့ ထင်နေရတာလေ။

            လက်ထက်ပြီးသား တံတိုင်းကြီးက Boy Friend / Girl Friend ဆိုတဲ့ ဇာတ်လမ်းက ကာယကံ ရှင်ကို အလိုအလျောက် စိုးရွံ့စေမှာ အမှန်ပါပဲ။

            ဒီ Boy Friend, Girl Friend ထားတဲ့ ဘဝမှာ တစ်ယောက်ရဲ့ လက်ကို တစ်ယောက်က အပြည့် အဝ ဆုတ်ကိုင်ထားလို့ မရနိုင်ပါဘူး။

            မိမိတို့က အိမ်ထောင်ပြုပြီးတဲ့ သူဆိုတော့ ဒီအိမ်ထောင်ခေါင်းစဉ်အောက်မှာ ဒီ Boy Friend, Girl Friend ဆိုတဲ့ ဘဝလို လုံခြုံစွာ တည်ဆောက်လို့ ရနိုင်ပါ့မလား။

            လက်ထပ်ထိမ်းမြားတာက မင်္ဂလာဆောင်ပွဲပဲ မဟုတ်ဖူး။ လက်ထက်ထိမ်းမြားတယ်ဆိုတာ တရားဝင် လက်ထပ်စာချုပ်ထဲမှာပဲ ရှိနေတာမဟုတ်ပါဘူး။

            ဘဝတစ်သက်တာအတွက် နှစ်ယောက် ကတိကဝတ်တွေ ပေးပြီး ဘယ်လိုပဲ လှိုင်းထန်နေပါ စေ၊ နေရောင်ခြည်က သာသာယာယာရှိနေပါစေ ဘဝလက်တွဲဖော်အဖြစ် နှစ်ယောက်သားကတိပေး ကျူးလွန်လိုက်ကြတာပါ။

            နှလုံးသားဆိုတာက လက်ထပ်ပြီးတဲ့သူဆီ တခြမ်း Boy Friend / Girl Friend ဆီမှာ တခြမ်း ဆီ ဖြစ်နေရင် နှလုံးသားက တခြမ်းစီ မလုပ်နိုင်တော့ဘူး။ ဒီတော့ မပျော်မရွှင်လာတော့ဘူး။

            မသင်္ကာမှုတွေက တဆက်တည်း လိုက်ပါလာမယ်။ ဒီတော့ ကြောက်ရွံ့မှုတွေကလည်း နောက်ဆက်တွဲပါလာမှာပါပဲ။   

            လက်ထက်ထိမ်းမြားတဲ့ဘဝကသာ ပျော်ရွှင်မှုတွေ အပြည့်နဲ့ သဘာဝစမ်းရည်လို စီးဆင်းတာ ပါ။

            သံသယရှိတဲ့ လယ်ကွင်းထဲကနေ သစ္စာစောင့်သိမှုဆိုတဲ့အရာကို မရိုက်သိမ်းနိုင်ပါဘူး။

            ဒါကြောင့် နှစ်များစွာနီးပါး အခုလို Boy Friend / Girl Friend ရှိနေရင် စာရင်းရှင်းပြီး ရပ်နား လိုက်တာ မကောင်းဘူးလား။

            မိမိအမှန်တကယ် ချစ်တဲ့သူတစ်ဦးနဲ့ပဲ တကယ်ချစ်တယ်လို့ ပြောလိုက်ပါ။ မိမိချစ်တဲ့ သူနဲ့ ပတ်ဝန်းကျင်ကို မိမိတို့က လက်ထပ်ထိမ်းမြားထားတဲ့သူတွေ အမှန်အကန်ချစ်တဲ့သူတွေပါဆိုတဲ့ တံဆိပ်ခပ်နှိပ်ပြလိုက်ပါ။

            အဲ့ဒီလိုသက်သေတွေနဲ့ နှစ်ဦးရဲ့ အိမ်မက်တွေကိုမျှဝေပါ၊ Plan တွေချပြီး အိမ်ထောင်ကို သာယာအောင် တည်ဆောက်လိုက်ပါ။ ဒီနေ့ပဲ ရာနှုန်းပြည့် စတင်လိုက်ပါ။ Boy Friend / Girl Friend ဇာတ်လမ်းကိုလည်း ဒီနေ့ပဲ ရပ်နားလိုက်ပါ။ ဒီနေ့ခေတ်ရဲ့ ရေစီးကြောင်းထဲ မျောပါမသွားပါနဲ့ဆိုတာ တင်ပြရင်း ဒီနေ့အတွက် ရပ်နားလိုက်ပါတယ်။     

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *