ဘုရားသခင်သည် ကျွန်ုပ်တို့ကို မည်သည့်အခါမျှ စွန့်ပစ်မည်မဟုတ်။

မင်္ဂလာတရားတော်များအပြီး ယေဇူးခရစ်တော်၏ မိန့်မြွက်ချက်များကို ပြန်လည်ဆင်ခြင်ရင်း၊ သခင် ခရစ်တော်နှင့် တွေ့ဆုံခြင်းသည် နေ့စဉ်ဘဝထဲသို့ စစ်မှန်သော ပျော်ရွှင်မှု၊ အနှစ်သာရနှင့် အလင်း ရောင် တို့ကို ဆောင်ကြဉ်းပေးကြောင်း ကျွန်ုပ်တို့ စိတ်အားငယ်နေချိန်တွင်ပင် ခမည်းတော်ဘုရားသခင်သည် “ကျွန်ုပ်တို့၏ အမည်နာမများနှင့် တစ်ဦးချင်းစီ၏ ထူးခြားမှုများကို ဂရုစိုက်တော်မူသည်” ဟု  ပုပ်ရ ဟန်း မင်းကြီး လီယို (၁၄) က မိန့်ကြားခဲ့ပါသည်။ 

စိန့်ပီတာရင်ပြင်ရှိ လူအုပ်ကြီးအား အန်ဂျေလူး (Angelus) မေတ္တာဆိုစဉ်အတွင်း ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ဧဝံဂေလိကျမ်းစာတွင် ကိုယ်တော်သည် မင်္ဂလာတရားတော် ရှစ်ပါးကို စာရင်းပြုရုံသာမက၊ “ထိုတရားတော်များကို လက်တွေ့ကျင့်သုံးသူများကြောင့် ကမ္ဘာမြေသည် ယခင်နှင့်မတူတော့ဘဲ လောက ကြီးသည်လည်း မှောင်မိုက်ထဲတွင် ရှိမနေတော့ကြောင်း”

စစ်မှန်သော ဝမ်းမြောက်ခြင်းသည် ဘဝ၏ မှောင်မိုက်သော အစိတ်အပိုင်းများအတွက် အနှစ်သာရနှင့် အလင်းကို ပေးစွမ်းနိုင်ကြောင်း 

ဤဝမ်းမြောက်ခြင်းသည် လူနေမှုဘဝပုံစံ၊ ကမ္ဘာမြေပေါ်တွင် နေထိုင်ပုံနှင့် အတူတကွ ရှင်သန်ပုံတို့မှ မြစ်ဖျားခံလာပြီး၊ ၎င်းမှာ ကျွန်ုပ်တို့ အလိုရှိအပ်၊ ရွေးချယ်အပ်သည့် အရာဖြစ်သည်

ဤဘဝသစ်သည် ယေရှုခရစ်တော်နှင့် ကိုယ်တော်၏ နှုတ်ကပတ်တော်များ၊ အပြုအမူများတွင် ထင်ဟပ် နေသည်။

စိတ်နှလုံးနှိမ့်ချသူ၊ နူးညံ့သိမ်မွေ့သူ၊ ဖြူစင်သူနှင့် တရားမျှတမှုကို တောင့်တသူဖြစ်သော ယေဇူးသခင်နှင့် တွေ့ဆုံပြီးနောက်တွင် လူတစ်ဦးသည် ပေါ့ပျက်ပျက်နှင့် ငြီးငွေ့ဖွယ်ကောင်းသော ဘဝဟောင်းသို့ ပြန်မသွားနိုင်တော့ပေ။ “အသွင်ကူးပြောင်းမှုနှင့် ပြန်လည်သင့်မြတ်ခြင်း၏ အစွမ်းသတ္တိများဖြစ်သော ကရုဏာနှင့် ငြိမ်းချမ်းမှု” တို့သည် ဤတွေ့ဆုံမှုတွင် ပွင့်လန်းလာခြင်းဖြစ်သည်။

မှောင်မိုက်ထဲမှ အလင်းရောင်

ပရောဖက် ဟေရှာယကျမ်းကို ကိုးကား၍ ပုပ်ရဟန်းမင်းကြီး လီယိုက မတရားမှုများကို ကျော်လွှား နိုင်မည့် လက်တွေ့ကျသော နည်းလမ်းများကို ဖော်ပြခဲ့သည် – “ဆာလောင်နေသူများကို အစာကျွေးခြင်း၊ ဆင်းရဲသားများနှင့် အိုးမဲ့အိမ်မဲ့များကို မိမိတို့အိမ်သို့ ခေါ်ယူခြင်း၊ အဝတ်မရှိသူများကို အဝတ်ဆင် ပေးခြင်း၊ မိမိတို့၏ အိမ်နီးချင်းများနှင့် မိသားစုဝင်များကို လျစ်လျူမရှုခြင်း” တို့ဖြစ်သည်။

ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် “သင်၏အလင်းသည် မိုးသောက်အလင်းကဲ့သို့ ထွက်ပေါ်လာလိမ့်မည်။ သင်၏ အနာရောဂါသည်လည်း အလျင်အမြန် ပျောက်ကင်းလိမ့်မည်” (၅၈:၈) ဟု ပရောဖက်က ဆိုထားသည်။ ရဟန်းမင်းကြီးက ဤစကားစု၏ အဓိပ္ပာယ် နှစ်ရပ်ကို ထောက်ပြခဲ့သည်။ တစ်ဖက်တွင် နေမင်းကဲ့သို့ မှောင်မိုက်ကို ပယ်ဖျောက်ပေးသည့် ဖုံးကွယ်ထား၍မရသော အလင်းရောင်ရှိနေပြီး၊ အခြား တစ်ဖက်တွင်မူ တစ်ချိန်က ပူလောင်ခဲ့သော ဒဏ်ရာသည် ပျောက်ကင်းသွားခြင်းပင် ဖြစ်သည်။

ကိုယ်တော်သည် ကျွန်ုပ်တို့၏ အမည်များကို သိတော်မူ၏

“အနှစ်သာရများ ဆုံးရှုံးပြီး ဝမ်းမြောက်မှုကို လက်လွှတ်လိုက်ရခြင်းသည် နာကျင်စရာကောင်းလှသည့်” ဒဏ်ရာမျိုး မိမိနှလုံးသားတွင် ရှိနေနိုင်သည်” ဟု ဆိုသည်။ ဧဝံဂေလိကျမ်းတွင် ယေဇူးသခင်က သူ့အား နားထောင်နေသူများကို အရှုံးမပေးရန် သတိပေးထားသည်။ အနှစ်သာရ ပျောက်ဆုံးသွားသော ဆား သည် “အဘယ်အသုံးမျှမကျတော့ဘဲ အပြင်သို့ စွန့်ပစ်ခြင်းနှင့် နင်းခြေခြင်းကိုသာ ခံရတော့မည်” ဟု ကိုယ်တော် မိန့်ကြားခဲ့သည်။

“မိမိကိုယ်ကိုယ် တန်ဖိုးမရှိသူများ သို့မဟုတ် ကျိုးပဲ့နေသူများဟု ခံစားနေရသနည်း။ သူတို့၏ အလင်း ရောင်သည် ဖုံးကွယ်ခံထားရသကဲ့သို့ပင် ဖြစ်နေသည်” သို့သော် သခင်ခရစ်တော်က မျှော်လင့် ချက် စကားကို ဆိုထားသည်မှာ- ဘုရားသခင်သည် ကျွန်ုပ်တို့ကို မည်သည့်အခါမျှ စွန့်ပစ်မည်မဟုတ်ပေ။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ အမည်များကို သိပြီး ကျွန်ုပ်တို့ တစ်ဦးချင်းစီ၏ ထူးခြားမှုကို ဂရုစိုက်သည်။ “မည်မျှပင် နက်ရှိုင်းသော ဒဏ်ရာဖြစ်ပါစေ၊ မင်္ဂလာတရားတော်များကို လက်ခံပြီး ဧဝံဂေလိ လမ်းစဉ် ပေါ်သို့ ပြန်လည်လျှောက်လှမ်းခြင်းဖြင့် ပျောက်ကင်းသွားလိမ့်မည်” ဟု ပုပ်ရဟန်းမင်းကြီးက အလေး အနက် မိန့်ကြားခဲ့သည်။

ကျွန်ုပ်တို့၏ ဝမ်းမြောက်မှုကို ပြန်လည်ထွန်းညှိခြင်း

အခြားသူများအပေါ် ပွင့်လင်းစွာ ဆက်ဆံခြင်းနှင့် ဂရုစိုက်ခြင်းဟူသော လက်တွေ့ကျသော လုပ်ဆောင် ချက်များသည် ဘဝထဲတွင် ဝမ်းမြောက်မှုကို ပြန်လည်ထွန်းညှိပေးလိမ့်မည်။ သို့သော် “ထိုကဲ့သို့ ရိုးရှင်း သော လုပ်ရပ်များသည် ကျွန်ုပ်တို့ကို လောကနှင့် ဆန့်ကျင်ဘက် ဖြစ်စေနိုင်သည်” 

ယေဇူးခရစ်တော်သည် တောကန္တာရထဲတွင် စုံစမ်းခြင်း ခံခဲ့ရစဥ်က၊ ကိုယ်တော်သည် “ကိုယ်တော်၏ စစ်မှန်သော အနှစ်သာရကို ဆုံးရှုံးစေမည့် လမ်းစဉ်များကို ငြင်းပယ်ခဲ့သည်၊ ထိုအနှစ်သာရမှာ တနင်္ဂနွေ နေ့တိုင်း မုန့်တော်ကို ဖဲ့ခြင်း၌ ကျွန်ုပ်တို့ တွေ့ရှိရသော စတေးထားသည့် ဘဝနှင့် တိတ်ဆိတ်သော မေတ္တာ တရားပင် ဖြစ်သည်”။

နိဂုံးချုပ်အနေဖြင့် ပုပ်ရဟန်းမင်းကြီး လီယိုက လူတိုင်းကို “ယေဇူးခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းအားဖြင့် ခွန်အားယူရန်နှင့် အလင်းရရှိခြင်းအားဖြင့်ကျွန်ုပ်တို့သည် တောင်ပေါ်ရှိ မြို့တစ်မြို့ ကဲ့သို့ ဖြစ်လာမည်၊ ထိုမြို့သည် မြင်သာရုံသာမက ဖိတ်ခေါ်မှုနှင့် ကြိုဆိုမှုတို့ ရှိနေမည်။ ၎င်းမှာ လူတိုင်း၏ စိတ်နှလုံးအတွင်း၌ နေထိုင်ရန်နှင့် ငြိမ်းချမ်းမှု ရှာဖွေရန် တောင့်တနေကြသော ဘုရားသခင်၏ မြို့တော် ပင်ဖြစ်သည်” ဟု ရှင်းလင်းမိန့်ကြားခဲ့သည်။

ရင်ပြင်တွင် ရောက်ရှိနေသူတိုင်းအား “ကိုယ်တော်၏ တပည့်များအဖြစ် အမြဲရှိနေနိုင်စေရန်” ကောင်း ကင်တံခါးဖြစ်သော အမိမယ်တော်ထံတွင် ဆုတောင်းမေတ္တာ ရပ်ခံကြရန် တိုက်တွန်းရင်း မိန့်ခွန်းကို အဆုံးသတ်ခဲ့သည်။

Fr. Peter Kyi Maung

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *