စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ကတ်သလစ်ဘုန်းတော်ကြီးများထံ ပေးပို့သော ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ သဝဏ်လွှာ။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်မှ (၁၀) ရက်အတွင်း ကျင်းပသော Convivium အစည်းအဝေးသို့ ပေးပို့သည့် ပုပ်ရဟန်းမင်းကြီး၏ သဝဏ်လွှာသည် ယနေ့ခေတ် လောကီဆန်သော လူ့အဖွဲ့ အစည်း အတွင်း ခရစ်ယာန်သာသနာပြုလုပ်ငန်းများအတွက် လမ်းညွှန်ချက်တစ်ခု ဖြစ်ပါသည်။

၁။ သန့်ရှင်းစင်ကြယ်ခြင်းသို့ ခေါ်ယူခြင်း

သဝဏ်လွှာ၏ အဓိကအချက်မှာ “ကိုယ်တော်၏ အပိုင်ဖြစ်ပါစေ” ဟူသော အချက်ဖြစ်သည်။ ခရစ် ယာန် အသင်းတော်သည် အလုပ်တာဝန်များပြားမှုကိုသာ အာရုံစိုက်သော “စီမံခန့်ခွဲသူ” မျိုးကို မလိုအပ်ဘဲ အောက်ပါအချက်များနှင့် ပြည့်စုံသူများကိုသာ လိုအပ်သည်ဟု ဆိုပါသည်။

• ခရစ်တော်နှင့် တစ်သားတည်းဖြစ်ခြင်း: ဘုန်းတော်ကြီးများသည် ခရစ်တော်၏ ပုံသက်သေကို ယူ၍ မိမိတို့၏ စိတ်နှလုံးကို ကိုယ်တော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်စေရမည်။

• မိမိကိုယ်ကို ပေးဆပ်ခြင်း: ဘုရားသခင်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိရမည်ဖြစ်ပြီး၊ ထိုဆက် ဆံရေးကို သန့်ရှင်းသော ကိုယ်တော်မြတ်အားဖြင့် မွေးမြူကာ သူတပါးအတွက် ကိုယ်ကျိုးစွန့် အမှုတော်ဆောင်ရမည်။

၂။ လောကီဆန်သော ပတ်ဝန်းကျင်ကို ရင်ဆိုင်ခြင်း

ခရစ်ယာန်တန်ဖိုးများ အားနည်းလာသည့် ခေတ်သစ်စိန်ခေါ်မှုများကို ပုပ်ရဟန်းမင်းကြီးက အသိအမှတ် ပြုထားပါသည်။

• တူညီသော အခြေခံစံနှုန်းများ ပျောက်ကွယ်ခြင်း: အခြေခံခရစ်ယာန် အယူအဆများနှင့် ကိုယ် ကျင့်တရားဆိုင်ရာ စကားလုံးများကို ယခုအခါ လူအများက နားမလည်တော့ခြင်း သို့မဟုတ် အရေးမပါသကဲ့သို့ သဘောထားလာကြခြင်း။

• အမြင်စောင်းခြင်းနှင့် ဝါဒဖြန့်မှုများ: လူ့အဖွဲ့အစည်းအတွင်း အမြင်ကွဲပြားမှုများ များပြားလာပြီး လူသားတစ်ဦး၏ တန်ဖိုးကို ဝါဒတစ်ခုခုအောက်သို့ သွတ်သွင်းကာ အဓိပ္ပာယ်ဖွင့်ဆိုလာကြခြင်း။

• ယုံကြည်ခြင်းကို လျစ်လျူရှုခံရခြင်း: ကိုးကွယ်ယုံကြည်မှုကို နိုင်ငံရေး သို့မဟုတ် လူမှုရေး လက် နက်တစ်ခုအဖြစ် အသုံးချလာကြပြီး၊ ဘာသာရေးသည် အရေးမပါသော အရာတစ်ခုကဲ့သို့ ဖြစ်လာခြင်း။

၃။ “စိတ်မအေးနိုင်သော တောင့်တမှုအသစ်”

လောကီဆန်မှုများ မြင့်တက်လာသော်လည်း ၎င်းကို အခွင့်အရေးတစ်ခုအဖြစ် ပုပ်ရဟန်းမင်းကြီးက ရှုမြင်သည်။

• အနှစ်မဲ့သော ချမ်းသာကြွယ်ဝမှု: ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပြည့်စုံမှုနှင့် အမှန်တရားမပါသော လွတ် လပ်မှုတို့သည် လူသား (အထူးသဖြင့် လူငယ်များ) ကို ပျော်ရွှင်မှု အစစ်အမှန် မပေးနိုင်ကြောင်း ထောက်ပြထားသည်။

• ဘုရားသခင်အတွက် နေရာလပ်: ထိုသို့သော ငြီးငွေ့မှုနှင့် ဟာလာဟင်းလင်း ဖြစ်နေသော စိတ်ခံ စားချက်များသည် ဘုရားသခင်သာလျှင် ဖြည့်ဆည်းပေးနိုင်သည့် “တောင့်တမှုအသစ်” ကို ဖန်တီးပေးနေခြင်း ဖြစ်သည်။

၄။ တစ်ဦးတည်း အထီးကျန်ဖြစ်မှုကို တိုက်ဖျက်ခြင်း

ဘုန်းတော်ကြီးများအကြား ညီနောင်စိတ်ဓာတ် (Fraternity) ရှိရန် ပုပ်ရဟန်းမင်းကြီးက အလေးအနက် တိုက်တွန်းထားသည်။

• တစ်ကိုယ်တော်ဝါဒကို ဆန့်ကျင်ခြင်း: သာသနာပြုလုပ်ငန်းသည် တစ်ဦးတည်း လုပ်ဆောင် ရသောအရာမဟုတ်ဘဲ၊ စိတ်နှလုံးကို ဆင်းရဲစေသည့် တစ်ကိုယ်တော်ဝါဒကို အတူတကွ တွန်း လှန်ကြရန်။

• အားလုံးအတွက် အသင်းတော်: အသင်းတော်သည် လူတိုင်းအတွက်ဖြစ်ပြီး မည်သည့် ဘုန်း တော်ကြီးမျှ အမှုတော်ဆောင်ရာတွင် အထီးကျန်နေသည်ဟု မခံစားရစေရန်။

ဘုန်းတော်ကြီးများ၏ အဓိကတာဝန်မှာ ပုံစံသစ်များ တီထွင်နေရန်မဟုတ်ဘဲ၊ ဘုရားသခင်နှင့် နက်ရှိုင်း စွာ ဆုတောင်းခြင်းအားဖြင့် လူသားတို့ကို ဘုရားသခင်ထံသို့ လမ်းပြပို့ဆောင်ပေးသူများ ဖြစ်ရန် ဖြစ် ပါသည်။

ဘာသာပြန်- Fr. Peter Kyi Maung

News- Vatican News

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *