
လူဝတ်ကြောင်များ၏ အခြေခံဝိညာဉ်ရေးရာ လေ့ကျင့်ပျိုးထောင်မှုတွင် ဒေသခံသာသနာများ ကူညီ ပေးရန်လိုအပ်။

လူဝတ်ကြောင်များ၊ မိသားစုနှင့် ဘဝဆိုင်ရာဝန်ကြီးဌာန (Dicastery for the Laity, the Family and Life) ၏ အကြီးအကဲဖြစ်သူ ကာဒီနယ် ကီဗင် ဖာရဲလ်သည် ရောမမြို့တွင် ယခုအပတ်၌ ကျင်းပ သည့် ဝန်ကြီးဌာန၏ စုံညီအစည်းအဝေးတွင် လူဝတ်ကြောင်များ၏ အခြေခံဝိညာဉ်ရေး လေ့ကျင့် မှုတွင် ဒေသခံသာသနာများက ကူညီပေးရန် တိုက်တွန်းခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ တွေ့ဆုံပွဲများသည် “ယေဇူးခရစ်တော်နှင့် အမှန်တကယ် တွေ့ဆုံရသည့် အတွေ့အကြုံများ” ဖြစ်လာစေရန် မျှော်လင့် ကြောင်း ပြောကြားခဲ့သည်။
ဧဝံဂေလိတရား ဟောပြောခြင်းနှင့် အယူဝါဒသင်ကြားခြင်း
သာသနာတော်ရင်ဆိုင်နေရသော စိန်ခေါ်မှုများအတွက် အဖြေမှာ ကက်သလစ်အယူဝါဒ သို့မဟုတ် ကိုယ်ကျင့်တရားဆိုင်ရာ အဆောက်အအုံနှင့် မူဝါဒများကို ပြောင်းလဲပစ်ရန် မဟုတ်
ယင်းအစား ဒေသခံသာသနာတော်၊ ဂိုဏ်းအုပ်သာသနာနှင့် သာသနာနယ်တိုင်းသည် “ဧဝံဂေလိ တရား ဟောပြောခြင်း၊ အယူဝါဒသင်ကြားခြင်း၊ ယုံကြည်ခြင်းကို ကနဦးကြေညာခြင်း၊ ခရစ်ယာန် အဖြစ် စတင်သွတ်သွင်းခြင်း၊ ယုံကြည်ခြင်းဆိုင်ရာ လေ့ကျင့်ပျိုးထောင်ခြင်းနှင့် ဝိညာဉ်ရေးရာ တိုး တက်မှုအတွက် လမ်းပြပေးခြင်း” လမ်းစဉ်များကို အစဉ်တစိုက် လုပ်ဆောင်ပေးရမည် ဖြစ်သည်။
ပုပ်ရဟန်းမင်းကြီး လီယို၏ Drawing New Maps of Hope သြဝါဒစာတွင် ခရစ်ယာန်လေ့ကျင့် ပျိုး ထောင်မှုသည် “ဝိညာဉ်ရေး၊ ဉာဏ်ရည်၊ စိတ်ခံစားမှု၊ လူမှုရေးနှင့် ရုပ်ပိုင်းဆိုင်ရာဟူသော လူသားတစ် ရပ်လုံး” ကို လွှမ်းခြုံရမည်ဟု အတည်ပြုခဲ့ကြောင်း၊ ထို့ပြင် တက်ကြွသော ခရစ်တော်၏ တရားတော် ကို ဟောပြောခြင်း၊ စက္ကရမင်တူဆိုင်ရာဘဝ၊ ဝတ်ပြုဆုတောင်းခြင်း၊ ကျမ်းစာအလင်းဖြင့် မိမိကိုယ် ကို ဆင်ခြင်သုံးသပ်ခြင်း၊ တွေ့ဆုံဆွေးနွေးခြင်း၊ ညီရင်းအစ်ကိုစိတ်ဓာတ်၊ အစေခံခြင်း၊ မေတ္တာကရု ဏာနှင့် သာသနာပြုလုပ်ငန်းများတွင် ပါဝင်ရန် တိုက်တွန်းခဲ့သည်။
ဤလေ့ကျင့်ပျိုးထောင်မှုတွင် အဓိကသော့ချက်မှာ သိုးထိန်းများ၊ လူဝတ်ကြောင်များ၊ မိသားစုများ၊ တစ်ကိုယ်ရေသမားများ၊ သာသနာ့ဘောင်ဝင်များ၊ လူငယ်အဖွဲ့အစည်းများနှင့် အွန်လိုင်းမှတဆင့် သာသနာပြုသူများ (web apostles) စသည့် သာသနာတော်ရှိ အစိတ်အပိုင်းအားလုံး ပူးပေါင်း ဆောင်ရွက်ကြရန် ဖြစ်သည်။
မိသားစုနှင့် ဇနီးမောင်နှံများ လေ့ကျင့်ပျိုးထောင်ခြင်း
မိသားစုများနှင့် ဇနီးမောင်နှံများအတွက် ခရစ်ယာန်လေ့ကျင့်ပျိုးထောင်မှုနှင့် လမ်းပြမှုသည် အထူးလို အပ်ကြောင်း၊
အိမ်ထောင်သည်ဝိညာဉ်ရေး ၊ အိမ်ထောင်ရေးဘဝ၊ မိသားစုဆုတောင်းခြင်းနှင့် သားသမီးများကို ယုံကြည်ခြင်း လက်ဆင့်ကမ်းခြင်းဆိုင်ရာ အခွင့်အလမ်းများ လိုအပ်နေသည်ကို တွေ့ရှိရကြောင်း
ဤအခြေအနေတွင် အိမ်ထောင်သည်ဇနီးမောင်နှံများက ၎င်းတို့၏ ကိုယ်ပိုင်ဘဝ သက်သေခံချက် များမှတဆင့် အခြားသော ဇနီးမောင်နှံများ၊ အထူးသဖြင့် လူငယ်စုံတွဲများနှင့် အကျပ်အတည်း ကြုံနေရသူများကို လမ်းပြအလင်းပေးနိုင်ရန် ဖြစ်သည်။
လေ့ကျင့်ပျိုးထောင်ခြင်း၏ ရည်ရွယ်ချက်များ
အသင်းတော်၏ ပတ်ဝန်းကျင်များစွာ၌ ယုံကြည်ခြင်းမှာ ပျောက်ဆုံးနေတတ်ပြီး အလိုအလျောက် ရှိနေသည်ဟုသာ မှတ်ယူထားကြကြောင်း၊ ထို့ကြောင့် ခရစ်ယာန်လေ့ကျင့်ပျိုးထောင်မှုသည် ယုံ ကြည်ခြင်းကို ဖြစ်ထွန်းစေရမည်ဖြစ်ပြီး လူများကို “ဘုရားသခင်နှင့် ခရစ်တော်နှင့် ရှင်သန်သော ဆက်ဆံရေး” သို့ ပို့ဆောင်ပေးကာ ရင့်ကျက်သော ခရစ်ယာန်ဘဝကို ဖော်ဆောင်ပေးရမည် ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ တွေ့ဆုံပွဲများ
ကမ္ဘာ့လူငယ်များနေ့၊ ကမ္ဘာ့မိသားစုများတွေ့ဆုံပွဲနှင့် ကမ္ဘာ့ဘိုးဘွားများနှင့် သက်ကြီးရွယ်အိုများနေ့ စသည့် ဝန်ကြီးဌာနက ကြီးမှူးကျင်းပသော ထိုတွေ့ဆုံပွဲများသည် “ယေဇူးခရစ်တော်နှင့် တွေ့ဆုံရ သည့် စစ်မှန်သော အတွေ့အကြုံများ” ဖြစ်လာစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဘာသာပြန်- Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

